ကန်ဒေါင့် ရဲစခန်း PLA သိမ်းပိုက်... အမှတ် ၃၂ ရဲ တပ်ရင်းရဲ့ ကာကင်းခစန်း AA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၂၀ ဇွန် ၂၀၂၅
စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန်ဒေါင့် ရဲစခန်းကို ဇွန် ၁၉ မနက် ၇ နာရီခန့်မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က သတင်းထုတ်ပြန်ပါတယ်။
ဇွန်လဆန်းမှာ ဒီစခန်းကို စတင်တိုက်ခိုက်ပြီး ဇွန် ၁၀ မှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ်တစင်းကို ပစ်ချနိုင်ခဲ့ပြီးနောက် စစ်ကောင်စီ တပ်ဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူတွေအပြင် မြေပြင်စစ်ကူပါ ပို့နေတဲ့ကြားက အခုလို သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။
ဒါ့အပြင်...
- မြင်းခြံမြို့နယ် အနိမ့် ကျေးရွာနဲ့ ခေါင်းကွဲ ကျေးရွာဘက် ရောက်လာတဲ့ စစ်သားနဲ့ ပျူစောထီး ကားကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ရုရှားပြန် စစ်ဗိုလ်တဦး၊ ဒေသတွင်း နာမည်ကြီး ပျူစောထီး ခေါင်းဆောင် တဦး အပါအဝင် ၃ ဦး သေဆုံး...
- တရုတ် စီမံကိန်းတွေရှိတဲ့ ကျောက်ဖြူမြို့မှာ တိုက်ပွဲ ပြင်းထန်နေပြီး အမှတ် ၃၂ ရဲ တပ်ရင်း ကာကင်းစခန်း ပြိုင်းစေ့ကေ ကျေးရွာကို အာရက္ခတပ်တော် AA က သိမ်းပိုက်လိုက်ပြီး စစ်သား ၅၀ ခန့် သေဆုံး...
- ကလေးမြို့ကနေ ချင်းတောင်ပေါ် တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို ချင်းတော်လှန်ရေး တပ်ပေါင်းစုက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးတာ၊ လက်နက်ချတာ၊ လက်နက်တွေ သိမ်းမိတာရှိ...
- နောင်ချိုမြို့နယ် ဉာဏ်တောနဲ့ ရွှေသွန်း ကျေးရွာဘက်မှာ စစ်ကောင်စီတပ်နဲ့ TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် တိုက်ပွဲဆက်ဖြစ်နေ...
- ရှမ်းပြည်တိုးတက်ရေးပါတီ SSPP နဲ့ ကိုးကန့် တပ်မတော် MNDAA အကြား နယ်မြေ အငြင်းပွားမှုဖြစ်ပြီး ပစ်ခတ်မှုဖြစ်တဲ့ ကိစ္စကို တွေ့ဆုံဆွေးနွေးတဲ့ နည်းနဲ့ ဖြေရှင်းဖို့ နှစ်ဘက် သဘောတူမှုရရှိ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment