နတ်ရေကန်က စစ်သား ၂၀ ကျော် CDF ဖမ်းဆီး... အမတ ၃၄၄ ထဲအထိ AA ဝင်တိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၁၄ ဇွန် ၂၀၂၅
မကွေးတိုင်း ငဖဲမြို့နယ် နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေး တပ်စခန်း (ဗျူဟာကုန်း) အနီး တော်လှန်ရေးတပ်တွေက နယ်မြေရှင်းလင်းနေစဉ် စစ်ကောင်စီတပ်သား ၂၃ ဦးကို လက်ရဖမ်းမိတယ်လို့ Chin Defence Force - Asho က သတင်းထုတ်ပြန်ပါတယ်။
ဇွန် ၈ ကနေ ၁၂ အထိ ၅ ရက်အတွင်း ဖမ်းမိတဲ့ ဒီစစ်သားတွေနဲ့အတူ MA သေနတ် ၈ လက်နဲ့ ခဲယမ်းတွေပါ သိမ်းမိတာကို ဓာတ်ပုံ မှတ်တမ်းထဲ တွေ့ရပါတယ်။
ဒါ့အပြင်...
- ရေကြည်မြို့နယ် ငါးသိုင်းချောင်းမြို့ရှိ အမြောက်တပ် အမတ ၃၄၄ ကို AA အာရက္ခတပ်တော် ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက ဝင်တိုက်တဲ့အတွက် စစ်ကောင်စစ်တပ် ဆုတ်ပြေးနေ...
- သံတောင်ကြီးမြို့နယ် တောင်ငူ-သံတောင် လမ်းပိုင်းရှိ ၇ မိုင် စခန်းကုန်းအနီး ရောက်လာတဲ့ စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ရာမှာ အရာရှိ ၈ ဦးအပါဝင် စစ်သား ၉ ဦး သေဆုံး၊ ၄ ဦး ဒဏ်ရာရ...
- သရက်ချောင်းမြို့ကနေ ထားဝယ်မြို့ကို ပြန်လာတဲ့ စစ်ရေယာဉ် ၂ စီးကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်သား ၂ ဦး သေပြီး ၃ ဦး ဒဏ်ရာရ...
- စစ်ကိုင်း တပ်မ ၃၃ ကနေ ထွက်လာတဲ့ ကားအစီး ၂၀ ပါ စစ်ယာဉ်တန်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ရာမှာ အရာရှိ အပါအဝင် သေဆုံးသူ များ...
- (PDF)၊ နေပြည်တော် တိုင်းစစ်ဌာနရှိ တပ်ရင်း (၈၀၈) အပတ်စဉ် ၁/၂၀၂၅ မွမ်းမံ သင်တန်း ဆင်းပွဲကို ပြီးခဲ့တဲ့ ရက်ပိုင်းက ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment