Friday, June 20, 2025

ကျုံဒိုး-ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီ သေဆုံးမှုများ... ကန့်ဒေါင့်စခန်းသိ...


ကျုံဒိုး-ကော့ကရိတ်တိုက်ပွဲ စစ်ကောင်စီ သေဆုံးမှုများ... ကန့်ဒေါင့်စခန်းသိမ်းပွဲ ခဲယမ်းများစွာရ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၁ ဇွန် ၂၀၂၅

စစ်ကိုင်းတိုင်း ပုလဲမြို့နယ် ကန့်ဒေါင့် ရဲစခန်းသိမ်း တိုက်ပွဲမှာ စစ်ကောင်စီရဲ့ တိုက်လေယာဉ် တစင်းကို ပစ်ချနိုင်တဲ့အပြင် ခဲယမ်းများစွာလည်း သိမ်းဆည်းရမိတယ်လို့ ပြည်သူ့လွတ်မြောက်ရေးတပ်မတော် PLA က သတင်းထုတ်ပြန်ပါတယ်။

စခန်းသိမ်းတိုက်ပွဲကို ဇွန် ၂ ရက်မှာ စတင်ပြီး ဇွန် ၁၉ မနက် ၇ နာရီမှာ သိမ်းပိုက်နိုင်တယ်။ PLA နဲ့အတူ  ABSDF, PUF, PDF, BLDF, အညာမြေတပ်ပေါင်းစု စတဲ့ ဒေသခံတပ်တွေ ပူးပေါင်းဆောင်ရွက်တာလို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- တောင်ငူ-လိပ်သို ကားလမ်းပေါ် ရောက်လာတဲ့ စစ်ကောင်စီရဲ့ ရိက္ခာသယ် ယာဉ်တန်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၅ ဦး သေပြီး ခဲယမ်းအချို့သိမ်းမိ...

- ရွှေကျင်- သံဆိပ် ကားလမ်းပေါ် ရိက္ခာသယ်နေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၃ ဦး သေဆုံး...

- ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၄၀ ခန့်  သေဆုံးပြီး လက်နက်များစွာ KNLA သိမ်းမိ...

- ညီနောင် မဟာမိတ် ၃ ဖွဲ့ ထိန်းချုပ်ထားတဲ့ တရုတ်-မြန်မာ နယ်စပ် မူဆယ် ၁၀၅ မိုင် (ကျင် စန်းကျော့) နယ်စပ်ဂိတ်မှာ ကုန်သွယ်မှု လုပ်ငန်း တိုးတက်ဖွံ့ဖြိုးလာနေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More