သေ့ဘောဘိုးစခန်း KNLA သိမ်းပိုက်... တန့်ဆည်တိုက်ပွဲ စစ်ကောင်စီ အထိနာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၄ ဇွန် ၂၀၂၅
ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်းနယ်စပ် အနီးရှိ သေ့ဘောဘိုး စခန်းကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) ဦးဆောင်တဲ့ မဟာမိတ်တပ်တွေက ဇွန် ၃ ရက်၊ ညနေပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ နယ်စပ်သတင်းတွေက ဖော်ပြပါတယ်။
မေ ၂၈ မှာ ပထမ အကြိမ် တိုက်ပြီးနောက် အခုဇွန် ၃ ရက် မနက်ပိုင်းမှာ ထိုးစစ်ထပ်ဆင်ပြီး ညနေပိုင်းမှာ သိမ်းနိုင်လိုက်တယ်၊ စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီးပစ်ကူနဲ့ အပြင်းအထန် ခုခံခဲ့ပေမယ့် စစ်သားအတော်များများ အလံဖြူထောင် လက်နက်ချသွားတာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- ညောင်ရွှေနဲ့ ဖယ်ခုံမြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပြည်သူ့စစ်တွေဟာ ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေ...
- ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာက ကျောက်မျက်ကုမ္ပဏီ ဝင်းအတွင်း စစ်ကောင်စီရဲ့ လက်နက်ကြီးကျည် ကျရောက်ရာကနေ ယမ်းခိုဒေါင် မီးလောင်ပေါက်ကွဲပြီး ဝန်ထမ်း ၂ ဦး သေဆုံး...
- တန့်ဆည်မြို့နယ် သဲကုန်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ် ကောင်စီနဲ့ ပျူစောထီး စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ရာမှာ ၈ ဦးသေပြီး သေနတ် ၂ လက် သိမ်းမိ...
- ပေါက်မြို့နယ် မြောက်ပိုင်း ကုက္ကိုစု ရွာကနေ ထွက်လာတဲ့ ပျူစောထီးအဖွဲ့ကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ ၃ ဦးသေပြီး Ak 47 သေနတ် တလက် သိမ်းမိ...
- ချင်းပြည်နယ် ဟားခါးက ရဲတပ်သားတဦး လက်နက်နဲ့အတူ Chinland Defense Force - Hakha ထံ ခိုလှုံလာ...
- ဒိုက်ဦးမြို့ အခြေစိုက် ခမရ ၄၄၀ က တပ်ကြပ်ကြီးတဦး ခဲယမ်းတွေနဲ့အတူ ပဲခူး ‘ပကဖ’ ထံ ခိုလှုံလာ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment