Wednesday, June 11, 2025

“ကိုယ်က သွားမတိုက်ရင်တော့ သူလာတိုက်တာကို ခံရမှာပဲလေ”


“ကိုယ်က သွားမတိုက်ရင်တော့ သူလာတိုက်တာကို ခံရမှာပဲလေ”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၁ ဇွန် ၂၀၂၅)

“စစ်ကောင်စီကပြောနေတဲ့ အပစ်ခတ်ရပ်စဲရေးဆိုတာကို ယုံပြီး ထိုင်စောင့်နေရင်တော့ ခံရမှာပဲ၊ ကိုယ်က ဦးအောင်သွားမတိုက်ရင် သူလာတိုက်တာကို ခံရမှာပဲဖြစ်တယ်” လို့ စစ်ရေး- နိုင်ငံရေးဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

အပစ်ရပ်ကာလမှာ စစ်ကောင်စီဖက်ကနေ နောင်ချိုမြို့ကို ထိုးစစ်ဆင်လာတာနဲ့ပတ်သက်ပြီး TNLA ရဲ့ တုန့်ပြန်ချက်တွေ အားနည်းနေသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- PLA က စစ်လေယာဉ်ပစ်ချနိုင်မှုအပေါ် အများပြည်သူက ဂုဏ်ယူတဲ့အကြောင်း...

- စစ်တပ်ရဲ့ ထိုးစစ် နောင်ချိုမြို့အနီး ကပ်လာနေချိန်မှာ TNLA က အစိုးရဖွဲ့ရေးအတွက် အလုပ်များနေချိန်နဲ့ တိုက်ဆိုင်နေသလား...

- နောင်ချိုကို လားရှိုးလို တရုတ်ကတဆင့် စစ်ကောင်စီလက်ထဲ ပြန်ပေးမယ်ဆိုတာ ဖြစ်နိုင်သလား...

- အပစ်ရပ်ကာလ တိုက်ပွဲတွေအတွင်း AA က ရှေ့တိုး တိုးလာပြီး TNLA က နောက်ဆုတ် ဆုတ်သွားတာ ဘာကြောင့်လဲ...

... စတဲ့အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More