KNLA- တပ်မဟာ ၅ ဒေသတိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ကျဆုံးသူများပြီး လက်နက် ၃၀ ကျော်သိမ်းမိ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ
(၅- ၁၀- ၂၀၂၄)
ကရင်ပြည်နယ်မှာ ရှေ့တန်းကနေ တပ်ဆုတ်ပြန်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို KNLA- ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော် တပ်မဟာ ၅ အဖွဲ့က ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်ကောင်စီဖက်က တပ်ရင်းမှူးအပါဝင် အများအပြားသေဆုံးပြီး လက်နက်မျိုးစုံ ၄၀ ခန့်သိမ်းမိတယ်လို့ မူတြော်သတင်းစဉ်က ဖေါ်ပြပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာ (၃၀)မှာ ဖာဂေါ်လိုးစခန်းကနေ ပေါ်ခေးခိုစခန်းဖက် တပ်ပြန်ဆုတ်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို လယ်ဝါးထာရွာ အရောက်မှာ အခုလို တိုက်ခိုက်တာလို့ဆိုပါတယ်။
တိုက်ပွဲအတွင်း တပ်ရင်းမှူးတစ်ဦး၊ တပ်ခွဲမှူး(၂)ဦး အပါအဝင် စုစုပေါင်း(၃၀)ဦး aသဆုံးသွားတယ်။ နယ်မြေရှင်းလင်းရေးလုပ်တဲ့အခါ ၆၀ မမ (၅)လက်၊ RPG တလက်၊ ၉ မမ ပစ္စတိုတလက်အပါဝင် လက်နက်မျိုးစုံ ၃၆ လက်သိမ်းမိတယ်လို့ ဓာတ်ပုံမှတ်တမ်းနဲ့တကွ ဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
- ချီဖွေနဲ့ ဆော့လောမြို့တွေကို သိမ်းပိုက်ပြီးတဲ့နောက် ချီဖွေနဲ့ ပန်ဝါကြားမှာရှိတဲ့ ၁၁ မိုင်
စစ်ကောင်စီဂိတ်ကို KIA က ထပ်မံသိမ်းပိုက်...
- MNDAA - ကိုးကန့်တပ်က ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို အောက်တိုဘာ ၄ ရက်မှာ စစ်ကောင်စီလေယာဉ်က ထပ်မံဗုံးကြဲတိုက်ခိုက်တဲ့အတွက် သမိုင်းဝင် ဂွမ်ယင်ဘုရားကျောင်း ထိခိုက်ပျက်စီး...
- တောင်ကုတ်မြို့နယ်၊ ကင်းတောင် စံပြကျေးရွာကို အောက်တိုဘာ ၄ ရက်၊ မနက် ၂ နာရီခန့်မှာ စစ်ကောင်စီလေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၄ ဦးသေဆုံးပြီး ဒဏ်ရာရသူတွေလည်းရှိ...
- တီးတိန်မြိုနယ်မှာ စစ်ကောင်စီအတွက် သန်းခေါင်စာရင်းကောက်ယူမှုမှာ တက်ကြွစွာပါဝင်သူတစ်ဦးကို PDF-Zoland က ဖမ်းဆီးအရေးယူ...
- ပေါက်မြို့နယ်၊ ဇီးပြားရွာက ပျူစောထီးတဦး လက်နက်ခဲယမ်းတွေနဲ့အတူ မြိုင်- ပကဖ အဖွဲ့ထံ အလင်းဝင်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)
0 comments:
Post a Comment