နပခ-မဲတောင်ဗျုဟာကုန်းကို AA သိမ်းပိုက်... ထန်တလန်က တပ်စခန်းတခု CNF သိမ်းပိုက်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ...
(၈- ၁၀- ၂၀၂၄)
၁- ရခိုင်ပြည်နယ်၊ အမ်းမြိုနယ်ရှိ၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ် -နပခ-ရဲ့ ဗျုဟာကုန်း မဲတောင်ဗျူဟာစခန်းကို အောက်တိုဘာ ၇ ရက်၊ ညနေ ၄ နာရီခန့်မှာ အပြီးသိမ်းပိုက်လိုက်ပြီလို့ AA - အာရက္ခတပ်တော်က ကြေညာပါတယ်။
မဲတောင်ဗျုဟာကုန်းဟာ နပခ ဌာနချုပ်နဲ့ ၁၄ ကီလိုမီတာပဲကွာတယ်လို့လည်း ဖေါ်ပြပါတယ်။ အရင် တော်ဟိန်းတောင်ဗျုဟာကို ဇွန်လကုန်က သိမ်းပြီးတဲ့နောက် အခု အရေးကြီးဗျုဟာတခုကို ထပ်သိမ်းလိုက်တာဖြစ်ပါတယ်။ စစ်ကောင်စီဖက်က အကျအဆုံးများပြီး လက်နက်ခဲယမ်းတွေ သိမ်းမိထားတယ်လို့ဆိုပါတယ်။
တချိန်တည်းမှာပဲ ကျိန္တလီဒေသရှိ ကုလားပြင်တံတားထိပ်က ကိုင်းခုန်နဲ့ ကံဂေါ်တောင် စစ်ကောင်စီစခန်း ၂ ခုကို အောက်တိုဘာ ၆ ရက်မှာ အပြီးသိမ်းပိုက်ပြီး စစ်ကောင်စီတပ်က ကုလားပြင်တံတားကို အောက်တိုဘာ ၇ ရက်မှာ ဖောက်ခွဲဖျက်ဆီးပြီး ဂွမြို့ဖက်ကို ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ဖေါ်ပြပါတယ်။
မောင်တောမြို့မှာလည်း တခုတည်းကျန်နေတဲ့ နယ်ခြားလုံခြုံရေးတပ်- နခခ (၅) စခန်းကို အပြီးသိမ်းနိုင်ရေး AA က အရှိန်မြှင့်ဆောင်ရွက်နေတယ်၊ တောင်ကုတ်၊ စကခ (၅) လက်အောက်ခံတပ်ရင်းတွေကိုလည်း အရှိန်မြှင့် ထိုးစစ်ဆင်နေတယ်လို့ AA ရဲ့ ထုတ်ပြန်ချက်မှာ ဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
- သီပေါက ခလရ ၂၃ နဲ့ တောင်ခမ်းက အမြောက်တပ်နေရာတွေမှာ တိုက်ပွဲဆက်ပြင်းထန်နေတယ်လို့ TNLA- ပြောခွင့်ရက ပြောကြား...
- ထန်တလန်မြို့ CB Bank မှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို ချင်းပြည်အစိုးရ ပူးပေါင်းတပ်က သိမ်းပိုက်...
- ကောလင်းက စစ်ကောင်စီတပ်သား ၆ ဦး လက်နက်နဲ့အတူ PDF ထံ အလင်းဝင်...
- KNDF- ရဲဘော်သစ် အခြေခံစစ်သင်တန်းဆင်းပွဲကို ဒီးမော့ဆို အရှေ့ဘက်ခြမ်းတနေရာမှာ ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)
0 comments:
Post a Comment