“ကျနော်တို့က တဖြေးဖြေး ရှေ့တိုးနေရာယူနိုင်ပြီး ရန်သူက တဖြေးဖြေး နောက်ပြန်ဆုတ်နေရတဲ့ အခြေအနေဖြစ်တယ်”
- ဦးအောင်မိုးဇော် (လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ- DPNS)
(၂၇-၁၀-၂၀၂၄)
“လက်ရှိ အခြေအနေမှာ ကျနော်တို့ တော်လှန်ရေးအင်အားစုတွေက တဖြေးဖြေးရှေ့တိုး နေရာယူ၊ မြို့တွေသိမ်းနေချိန်မှာ ရန်သူ စစ်ကောင်စီက တဖြေးဖြေး နောက်ပြန်ဆုတ်ပြီး သူ့တွင်းထဲ သူပြန်ဝင်နေရတဲ့ အခြေနေဖြစ်တယ်” လို့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ DPNS- ဥက္ကဌ ဦးအောင်မိုးဇော်က ပြောပါတယ်။
လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ ဖွဲ့စည်းတည်ထောင်ခြင်း ၃၆ နှစ်ပြည့်အခြေအနေ၊ လက်ရှိ နွေဦးတော်လှန်ရေး အခြေအနေ... အပေါ် ပြန်ပြောင်းသုံးသပ်ချက်အကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ၃၆ နှစ်တာကာလအတွင်း လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီက ဘာတွေဆောင်ရွက်နိုင်ခဲ့သလဲ...
- စစ်ကောင်စီက ကျင်းပမယ်ဆိုတဲ့ ရွေးကောက်ပွဲအပေါ် DPNS က ဘယ်လိုသဘောထားသလဲ...
- လက်ရှိ PDF နဲ့ ERO တွေကြားက NUCC တပ်ပေါင်းစုပုံစံနဲ့ အရင် မာနယ်ပလောခေတ် NCUB တပ်ပေါင်းစုပုံစံ ဘာတွေတူပြီး ဘာတွေကွာသလဲ... ဘာကြောင့်လဲ...
- နွေဦးတော်လှန်ရေး ၃ နှစ်ကျော်ကာလအတွင်း ဘယ်လောက်အထိ ခရီးပေါက်နေပြီလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)
0 comments:
Post a Comment