Wednesday, October 23, 2024

“တရုတ်ဖိအားရှိပေမယ့် လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်နေပါတယ်”


“တရုတ်ဖိအားရှိပေမယ့် လုပ်သင့်လုပ်ထိုက်တာကို ဆက်လုပ်နေပါတယ်”

- ဗိုလ်မှူးကြီးနော်ဘူ (ပြောခွင့်ရပုဂ္ဂိုလ် - KIO/ KIA)

(၂၃- ၁၀- ၂၀၂၄)

“တရုတ်-မြန်မာနယ်စပ်မှာ တိုက်ပွဲမဖေါ်ဖို့ တရုတ်အစိုးရဖက်က ဖိအားပေးတာရှိပေမယ့်လည်း လုပ်သင့်လုပ်ထိုက်တာကို ထိန်းထိန်းသိမ်းသိမ်းနဲ့ ဆက်လုပ်နေပါတယ်” လို့ ကချင်လွတ်လပ်ရေးတပ်မတော် KIA/ KIO ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက BNN ကို ပြောပါတယ်။

တရုတ်-မြန်မာနယ်စပ် အဓိကကုန်သွယ်ရေးမြို့တခုဖြစ်တဲ့ ပန်ဝါမြို့ကို မသိမ်းခင်မှာ တရုတ်အစိုးရအထူးကိုယ်စားလှယ်က KIA တာဝန်ရှိသူတွေကို ခေါ်ယူဆွေးနွေးပြီး နယ်စပ်မှာ တိုက်ပွဲမဖေါ်ဖို့ ဖိအားပေးခဲ့တယ်ဆိုတဲ့သတင်းတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် ဒီလိုဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ပန်ဝါမြို့ကိုသိမ်းပြီးနောက် ပြည်သူ့စစ်ခေါင်းဆောင် ဦးဇခုန်တိန့်ယိန်း ဘယ်ရောက်သွားသလဲ...

- ပန်ဝါအပါဝင် နယ်စပ်ကမြို့တွေမှာ တိုက်ပွဲမဖေါ်ဖို့ တရုတ်က ဖိအားပေးတယ်ဆိုတာ KIA က ဘယ်လိုတုန့်ပြန်ခဲ့သလဲ...

- ကန်ပိုက်တည်နဲ့ ဗန်းမော်ဖက်က တိုက်ပွဲတွေရဲ့ နောက်ဆုံးအခြေအနေ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More