“PDF တွေကိုယ်တိုင် မြို့သိမ်းတိုက်ပွဲ၊ ချေမှုန်းရေးစစ်ပွဲ ဆင်နွဲနိုင်နေပြီဆိုတာကို မြင်လိုက်ရပါတယ်”
- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၁၂- ၁၀- ၂၀၂၄)
“ပင်လည်ဘူးတိုက်ပွဲရဲ့ ထူးခြားချက်ကတော့ PDF တွေကိုယ်တိုင် မြို့သိမ်းတိုက်ပွဲ၊ ချေမှုန်းရေးစစ်ပွဲ ဆင်နွဲနိုင်နေပြီဆိုတာကို မြင်ရပါတယ်၊ ဒီအချိန်မှာ အုပ်ချုပ်ရေးကိစ္စထက် စစ်ရေးကို အရှိန်မြှင့်ဖို့ ဦးစားပေးသင့်တယ်” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
ပင်လည်ဘူးတိုက်ပွဲရဲ့ ထူးခြားချက်၊ တရုတ်ဖိအားကြောင့် ရှမ်း-မန်း စစ်ဆင်ရေး အရှိန်ကျသွားနိုင်သလား၊ မန္တလေးလူထုက ပြသတဲ့ခွန်အား... စတဲ့ အကြောင်းအရာတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ပင်လည်ဘူးတိုက်ပွဲမှာ ဘယ်လိုထူးခြားချက်တွေ တွေ့ရသလဲ...
- ကောလင်းလိုမဖြစ်အောင် ဘာတွေ လေ့လာနိုင်ခဲ့သလဲ...
- ကချင်- စစ်ကိုင်း- မန္တလေးအစပ်မှာ လွတ်မြောက်နယ်မြေ တကယ်ဖော်ဆောင်နိုင်တော့မလား...
- တရုတ်ဖိအားကြောင့် ရှမ်း-မန်း စစ်ဆင်ရေး အရှိန်ကျသွားပြီလား...
- မန္တလေးလူထုရဲ့ ဆန္ဒပြမှုက တရုတ်အစိုးရနဲ့ဆန္ဒနဲ့ လူထုဆန္ဒ အတော်ကွာနေပြီဆိုတာကို ပြသလိုက်တာလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)
0 comments:
Post a Comment