သီပေါမြို့ကို TNLA သိမ်းပိုက်... ပန်ဝါမြို့အနီးသို့ KIA ထိုးစစ်ဆင်... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ သတင်းများ
(၁၅-၁၀-၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး ဒုတိယလှိုင်းအဖြစ် သီပေါမြို့မှာ နောက်ဆုံးကျန်နေတဲ့ ခလရ ၂၃ ကို အပြီးသိမ်းလိုက်နိုင်ပြီ၊ သီပေါမှာ စစ်ကောင်စီ ကင်းစင်သွားပြီလို့ PSLF/ TNLA တအာင်း အမျိုးသားလွတ်မြောက်ရေးတပ်မတော် ပြောခွင့်ရပုဂ္ဂိုလ် လွေးယေဦးက BNN ကို ပြောပါတယ်။
တိုက်ပွဲအတွင်း စစ်သုံ့ပန်း ၅၀ ကျော်နဲ့ မိသားစု ၁၀၀ ကျော်ဖမ်းမိထားပြီး မိသားစုဝင်တွေကို မကြာခင်ပြန်လွတ်ပေးမယ်လို့ပြောပါတယ်။ အရင် ခမရ ၅၀၃၊ ၅၀၄ တိုက်ပွဲတုန်းက ဖမ်းမိထားသူ ၂၀၀ နီးပါးကိုလည်း မနေ့က ပြန်လွတ်ပေးတဲ့ ဓာတ်ပုံမှတမ်းတွေ ထုတ်ပြန်ထားတာတွေ့ရပါတယ်။
ရှမ်းမြောက်မှာ တိုက်ပွဲမဖေါ်ဖို့ တရုတ်အစိုးရဲ့ ဖိအားပေးမှူကြောင့် အခက်အခဲတွေရှိနေတဲ့ကြားကနေ အခုလို မြို့သိမ်းတိုက်ပွဲ ဖေါ်ဆောင်ခဲ့တာလို့လည်း လွေးယေဦးက ပြောပါတယ်။
သီပေါကို အလုံးစုံသိမ်းလိုက်ပြီဖြစ်ပေမယ့် နောင်ချို- တောင်ခမ်းဖက်မှာရှိတဲ့ အမြောက်တပ်တွေဖက်မှာတော့ တိုက်ပွဲတွေ ပြင်းထန်နေဆဲလို့ သိရပါတယ်။
ဒါ့အပြင်...
- လားရှိုးမြို့အနီးက အီနိုင်းကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ဗုံးကြဲတဲ့အတွက် အရပ်သား ၃ ဦး သေ၊ ၃ ဦးဒဏ်ရာရကာ နေအိမ်တွေ ပျက်စီး...
- (အောက်တိုဘာ ၁၄ ရက်၊ ညနေ ၆ နာရီခွဲမှာ စစ်ကောင်စီက ဗုံးထပ်ကြဲတဲ့အတွက် လားရှိုး ရပ်ကွက် (၁) နားမခေါ် ကားဂိတ်အနီး ဆိုင်ကယ်စီးသွားတဲ့ အရပ်သားတဦး ပွဲချင်းပြီးသေဆုံး...)
- ကချင်ပြည်နယ်၊ အထူးဒေသ (၁) ပန်ဝါမြို့အနီးရှိ နယ်ခြားစောင့်တပ် (၁၀၀၂) တပ်ရင်းကို KIA- ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက သိမ်းပိုက်...
- ဘောလခဲနဲ့ ဖားဆောင်းမြို့နယ်ကြားရှိ ထူးချောင်း-စစ်ကောင်စီစခန်းကုန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်စဉ် စစ်ကောင်စီဖက်က စခန်းစွန့်ခွာ ထွက်ပြေး...
- မြိတ်မြို့နယ်မှာတော့ ခလရ(၁၀၃)တပ်ရင်း၊ တုံဗျောကြီးစခန်းက စစ်သားတဦး လက်နက်ငယ်တလက်နဲ့အတူ မြိတ် ပကဖ- ထံ အလင်းဝင်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)
0 comments:
Post a Comment