Tuesday, October 1, 2024

“စစ်ကောင်စီ ကမ်းလှမ်းချက်က ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး”


“စစ်ကောင်စီ ကမ်းလှမ်းချက်က ဘာမှ ဖြစ်လာမှာ မဟုတ်ဘူး”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁ - ၁၀ -၂၀၂၄)

“EAO နဲ့  PDF တွေ လက်နက်ကိုင်လမ်းစဉ်ကိုစွန့်ပြီး နိုင်ငံရေးဆွေးနွေးနိုင်တယ်၊ ပါတီထောင်ပြီး ရွေးကောက်ပွဲဝင်စေချင်တယ်- ဆိုတဲ့ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ဟာ လက်နက်ချခိုင်းတဲ့ သဘောဆောင်တာမို့ ဘာမှဖြစ်လာမှာမဟုတ်ဘူး၊ ဘယ်သူကမှ လက်ခံမှာ မဟုတ်ဘူး” လို့ စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းကထုတ်ပြန်ခဲ့တဲ့ စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်က မြန်မာနိုင်ငံရေး အရွေ့တခုခုဆီ ဦးတည်သွားနိုင်သလား...၊ ဒါမှမဟုတ် တာဝန်ကျေ ထုတ်ပြန်ချက်လား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်က တာဝန်ကျေ ထုတ်ပြန်ချက်သက်သက်လား...

- တော်လှန်ရေးအဖွဲ့တွေ မလာဘူးဆိုရင် အရင်ရှိပြီးသား ငြိမ်း-တွေနဲ့ပဲ ဆွေးနွေးပွဲ ထပ်လုပ်သွားမှာလား...

- သန်းခေါင်စာရင်းကောက်မယ့်ရက်နဲ့ ဒီဖိတ်စာ ထွက်လာတဲ့ရက် ဆက်စပ်မှုရှိနေသလား...

- လေကြောင်းတိုက်ခိုက်မှု တိုးလာနေတဲ့အပေါ် ဘယ်လိုတုန့်ပြန်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(မိုင်းရယ်ကို အခြေစိုက်ပြီး လားရှိုးကို မြေပြင်ထိုးစစ်ဆင်ဖို့ပြင်နေတဲ့ စစ်ကောင်စီရဲ့ စီမံကိန်း အလုပ်ဖြစ်နိုင်သလား... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More