“စစ်ရေးကို ပုံမှန်လေးပဲ ကျနော်တို့က သွားနေတာဖြစ်တယ်”
- ပဒိုစောတောနီ (ပြောခွင့်ရပုဂ္ဂိုလ် - KNU)
(၂၀- ၁၀- ၂၀၂၄)
“စစ်ရေးဟာ နိုင်ငံရေးရဲ့အဆက်ဖြစ်တဲ့အတွက် နိုင်ငံရေးသဘောတူချက်ရရှိရေးကို ဦးစားပေးနေပြီး စစ်ရေးကို ပုံမှန်လေးပဲ သွားနေတာဖြစ်တယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး KNU - ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီက ပြောပါတယ်။
လေးကေကော်က စွယ်တော်ကုန်းသိမ်းပိုက်နိုင်မှု၊ မြောက်ပိုင်းနဲ့ယှဉ်ရင် စစ်ရေးအရွေ့နှေးကွေးနေမှု... စသဖြင့် စစ်ရေး-နိုင်ငံရေး နောက်ဆုံးတိုးတက်ဖြစ်ထွန်းမှုတွေအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- လေးကေကော် စွယ်တော်ကုန်းသိမ်းပိုက်နိုင်မှုက ဗျုဟာအရ ဘယ်လောက်အရေးကြီးသလဲ...
- BGF တွေအပေါ် KNU က ဘယ်လိုသဘောထားသလဲ...
- မြောက်ပိုင်းဒေသသက စစ်ရေးလှုပ်ရှားမှုနဲ့ယှဉ်ရင် ကရင်ပြည်နယ်မှာ နှေးကွေးနေတာ ဘာကြာင့်လဲ...
- စစ်ကောင်စီဥက္ကဌပြောနေတာတွေကို ဘယ်သူမှ အလေးမထားတာ ဘာကြောင့်လဲ...
- နွေဦးတော်လှန်ရေး ၃ နှစ်ကျော်ကာလ စစ်ရေး-နိုင်ငံရေး ဘယ်လောက်အထိ တိုးတက်လာပြီလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)
0 comments:
Post a Comment