Tuesday, October 29, 2024

“တရုတ်နယ်စပ်ကုန်သွယ်ရေးအပေါ် ၄၀% အထိ အားကိုးလွန်းတဲ့ မူဝါဒကို ပြောင်းဖို...


“တရုတ်နယ်စပ်ကုန်သွယ်ရေးအပေါ် ၄၀% အထိ အားကိုးလွန်းတဲ့ မူဝါဒကို ပြောင်းဖို့လိုတယ်”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၂၉ -၁၀-၂၀၂၄)

“တရုတ်ဘက်က နယ်စပ်ပိတ်ပြီး ခြိမ်းခြောက်မှုခဏခဏလုပ်နေတဲ့ ဒဏ်ကိုမခံချင်ရင် တရုတ်နယ်စပ်ကုန်သွယ်ရေးအပေါ် ၄၀% အထိ အားကိုးလွန်းတဲ့ မူဝါဒကို ပြောင်းဖို့လိုတယ်၊ နိုင်ငံခြားတင်ပို့မှုအတွက် တရုတ်အစား အခြားနိုင်ငံတွေကို အလေးပေးစဉ်းစားဖို့လိုနေပြီဖြစ်တယ်” လို့ စီးပွားရေး ဆန်းစစ်ဝေဖန်သူ ဦးစိန်ဌေးက ပြောပါတယ်။

၁၀၂၇ စစ်ဆင်ရေး တနှစ်ပြည့်ချိန်မှာ စစ်ကောင်စီအပေါ် တိုက်ခိုက်နေတာတွေ ရပ်တန့်စေရေးအတွက် တရုတ်ဖက်ကနေ နယ်စပ်ဂိတ်တွေ အကုန်ပိတ်ပြီး နယ်စပ်တလျောက်ရှိ ERO တိုင်းရင်းသားတော်လှန်ရေးအဖွဲ့တွေကို ဖိအားပေးမှူ အပြင်းအထန်လုပ်နေတာကို ဘယ်လိုရင်ဆိုင်ကျော်ဖြတ်နိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက် ပထမ ပိုင်းမှာ...

- တရုတ်ဖက်က ဘာကြောင့် နယ်စပ်ဂိတ်တွေပိတ်တဲ့အထိ ဖိအားပေးတာလဲ...

- တရုတ်နယ်စပ်ကုန်သွယ်ရေးအပေါ် မှီခိုအားထားလွန်းနေတာကို ဘယ်လိုလျော့ချနိုင်မလဲ...

- တရုတ်ဖိအားကြောင့် နွေဦးတော်လှန်ရေး အရှိန်ကျသွားနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နွေဦးတော်လှန်ရေး ပန်းတိုင်နဲ့ဘယ်လောက်နီးလာပြီလဲ... အရင်ခေတ်တော်လှန်ရေးတွေနဲ့ ဘာတွေတူပြီး ဘာတွေကွာသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More