ပင်လည်ဘူးမြို့ကို KIA နဲ့ PDF ပူးပေါင်းတပ်က သိမ်းပိုက်... ဆိုင်းတောင်က စစ်တပ်ခစန်း KIA သိမ်းပိုက်... ၁၀၂၇ နောက်ဆုံးရ သတင်းများ
(၉ -၁၀ -၂၀၂၄)
စစ်ကိုင်းတိုင်းနဲ့ ကချင်ပြည်နယ်အစပ်ရှိ ပင်လည်ဘူးမြို့ကို KIA- ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ PDF- ပြည်သူ့ကာကွယ်ရေးတပ်မတော် ပူးပေါင်းတပ်တွေက အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာ အပြီးသိမ်းပိုက်ပြီလို့ KIA- ပြောခွင့်ရဗိုလ်မှူးကြီးနော်ဘူက BNN ကို ပြောပါတယ်။
ဒါပေမယ့် ပင်လည်ဘူးဟာ NUG - အမျိုးသားညီညွတ်ရေးအစိုးရရဲ့စစ်ဒေသဖြစ်တဲ့အတွက် အသေးစိပ်ကို NUG ဖက်က ထုတ်ပြန်မယ့်သဘောမျိုး ဗိုလ်မှူးကြီးကဆိုပါတယ်။
ဒေသတွင်း မီဒီယာတွေရဲ့ ဖေါ်ပြချက်အရတော့ ဒုတိယအကြိမ် ပင်လည်ဘူးစစ်ဆင်ရေးကို သြဂုတ်လ ၁၅ ရက်မှာစတင်ပြီး စစ်ကောင်စီဖက်က လေကြောင်းပစ်ကူ၊ လက်နက်ကြီး ပစ်ကူအပြင်းအထန်လုပ်နေတဲ့ကြားက အောက်တိုဘာ ၈ ရက်နေ့ မနက် အစောကြီးမှာ သိမ်းလိုက်နိုင်ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီတပ်တွေ အဓိက နေရာယူထားတဲ့ ရဲစခန်းကုန်းဆီ ခဲယမ်း၊ ရိက္ခာတွေ မပို့နိုင်အောင် တော်လှန်ရေးတပ်တွေက လနဲ့ချီဖြတ်တောက်ထားတဲ့အပြင် စစ်ကူလာတဲ့ အဖွဲ့တွေကိုလည်း ကြားဖြတ်တိုက်နိုင်တဲ့အတွက် နောက်ဆုံးမှာ စစ်သားတွေ စိတ်ဓာတ်ကျပြိး မိသားစုတွေအပါဝင် အင်အား ၃၀၀ ခန့်အထိ လက်နက်ချခဲ့တယ်လို့ ဆိုပါတယ်။
ပင်လည်ဘူးဟာ အရှေ့ဘက်မှာ ဝန်းသို၊ တောင်ဘက်မှာ ကောလင်း၊ အနောက်ဘက်မှာ
ဖောင်းပြင်၊ မြောက်ဘက်မှာ ဗန်းမောက်မြို့နယ်တို့နဲ့ထိစပ်နေပြီး ဗျုဟာအရ အရေးပါတဲ့အတွက် ပင်လည်ဘူးသိမ်းပြီးရင် ကောလင်းကို ပြန်သိမ်းနိုင်တဲ့အထိ ဖြစ်လာနိုင်တယ်လို့ ဖေါ်ပြထားတာတွေ့ရပါတယ်။
ဒါ့အပြင်...
- ဖားကန့်မြိုနယ်၊ ဆိုင်းတောင်ဒေသရှိ Lucky Men Hotel အတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်သားတွေအားလုံးကို အောက်တိုဘာ ၈ ရက် မနက်ပိုင်းမှာ KIA က ရှင်းလင်း...
- သီပေါမှာ ခလရ(၂၃)နဲ့ နောင်ချိုမြို့ အမြောက်တပ်(၃၅၄)စခန်းနဲ့ တောင်ခမ်းကျေးရွာတွေမှာ တိုက်ပွဲဆက် ပြင်းထန်နေ...
- တောင်ကုတ်မြို့နယ်၊ တန်းလွဲရွာမကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သား ၁၆ ဦးအထိသေဆုံး...
- ရေးမြို့နယ်၊ ကျောင်းရွာဖက်မှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ် ရေးဘီးလူးအဖွဲ့တိုက်ပွဲဖြစ်ပြီး စစ်သား ၅ ဦးသေဆုံး...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)
0 comments:
Post a Comment