“စစ်ကောင်စီကင်းစင်ရေး လုပ်ငန်းစဉ်ထဲမှာ ပြည်သူ့စစ်တွေပါ တခါတည်းပါသွားတဲ့သဘောပေါ့”
- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၂၅- ၁၀- ၂၀၂၄)
“တရုတ်-မြန်မာနယ်စပ်ရှိ ပန်ဝါ-ကန်ပိုက်တည်မြို့တွေကို သိမ်းပိုက်တာဟာ ကချင်ပြည်နယ်မှာ စစ်ကောင်စီကင်းစင်ရေး လုပ်ငန်းစဉ်ရဲ့အစိပ်အပိုင်းတခုဖြစ်ပြီး ပြည်သူ့စစ်တွေ၊ နယ်ခြားစောင့်တပ်တွေဟာလည်း အဲဒီလုပ်ငန်းစဉ်အတွင်း တခါတည်းပါသွားတဲ့သဘောဖြစ်တယ်။ ဒါပေမယ့် ကရင်ပြည်နယ်ဖက်က နယ်ခြားစောင့်တပ်ကတော့ ကချင်ဖက်က အခြေအနေနဲ့ မတူတဲ့ ထူးခြားချက်တွေရှိနေတယ်” လို့ စစ်ရေး-နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။
ပန်ဝါ-ကန်ပိုက်တည်ဒေသက နယ်ခြားစောင့်တပ်တွေကို KIA က ထိုးစစ်ဆင်မှုအခြေအနေနဲ့ မြဝတီ-ရွှေကုက္ကိုဖက်က နယ်ခြားစောင့်တပ်တွေကို KNU က ထိုးစစ်ဆင်ဖို့ မရှိဘူးဆိုတဲ့ အခြေအနေ ကွာခြားချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...
- ချီဖွေ-ပန်ဝါ-ကန်ပိုက်တည်မြို့တွေရဲ့ နောက်ခံသမိုင်းနဲ့ ဒီမြို့တွေကို သိမ်းပိုက်ခြင်းက စစ်ရေးအရ ဘယ်လိုအရေးပါသလဲ...
- ဦးဇခုန်တိန့်ယိန်းနဲ့ နယ်ခြားစောင့်တပ်တွေရဲ့ကဏ္ဍ နိဂုံးချုပ်သွားပြီလား...
- ကချင်နယ်ခြားစောင့်တပ်နဲ့ ကရင်နယ်ခြားစောင့်တပ် ဘာတွေတူပြီး ဘာတွေကွာသလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(နွေဦးတော်လှန်ရေးအပေါ် တရုတ်ဖိအားပေးမှုများလာနေတာကို ဘယ်လိုတုန့်ပြန်ကြမလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)
0 comments:
Post a Comment