သီပေါ ခလရ ၂၃ မှာ တိုက်ပွဲ ဆက်ပြင်းထန်... ပေါက်မြို့နယ်က ပျူ စခန်းကို PDF ဝင်တိုက် ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ
(၇- ၁၀- ၂၀၂၄)
၁၀၂၇ စစ်ဆင်ရေး၊ ဒုတိယလှိုင်း (၁၀၄)ရက်၊ သီပေါမြို့ က ခလရ ၂၃ မှာ တိုက်ပွဲဆက်လက်ပြင်းထန်နေတယ်လို့ PSLF/ TNLA- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၆ ရက်၊ မနက် ၇ နာရီခန့်မှာ စတင်တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက Y12 လေယာဉ်နဲ့ လက်နက်ခဲယမ်း (၁၂)ထုပ် လာချပေးခဲ့တာတွေ့ရတယ်လို့ဆိုပါတယ်။
အောက်တိုဘာ ၅ ရက်ကလည်း မနက် ၅ နာရီမှာ တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီက Jet Fighter နဲ့ (၅)ကြိမ် ဗုံးကြဲချတယ်လို့ဆိုပါတယ်။
ဒါ့အပြင် နောက်ထပ်တိုက်ပွဲပြင်းထန်နေတဲ့ နောင်ချိုမြို့ နယ်က အမြောက်တပ်(၃၅၄)တပ်စခန်းကိုလည်း Y-12 က (၇)ကြိမ် ဗုံး(၅၉)လုံးကြဲချပြီး အဲဒီထဲမှာ အဆိပ်ငွေ့ ဗုံးတွေပါဝင်တယ်လို့ ဖေါ်ပြထားပါတယ်။
ရပ်စောက်မြို့နယ် ကျောက်ဂူဖက်ကနေ နောင်ချိုမြို့နယ်အတွင်းသို့ စစ်အင်အားပြန်လည်ဖြည့်တင်းရန် စစ်ကောင်စီဖက်က ကြိုးပမ်းနေတဲ့အတွက် တိုက်ပွဲတွေပိုပြင်းထန်လာနိုင်လို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
- သီပေါမြို့ကို စစ်ကောင်စီက ပေါင်(၅၀၀)ဗုံး အပါအဝင် ဗုံး(၅)လုံးကြဲချတဲ့အတွက် အရပ်သား တဦးသေဆုံး၊ ကလေး ၂ ဦးအပါဝင် ၈ ဦးဒဏ်ရာရ...
- MNDAA- ကိုးကန့်တပ်က ထိန်းချုပ်ထားတဲ့ လားရှိုးမြို့ကို စစ်ကောင်စီက နေ့စဉ်ဗုံးကြဲနေပြီး အောက်တိုဘာ (၆)ရက်၊ နေ့လည်(၁ နာရီခွဲခန့်မှာ ရပ်ကွက်(5)ရှိ အထက်မန်အိုင်ဘုန်းကြီးကျောင်းအနီးက အရပ်သားတဦး ဒဏ်ရာရပြီး နေအိမ်တွေ ပျက်စီး...
- ယောနယ်ရှိ ထီးလင်းမြို့နယ်နဲ့ ကျောက်ထုမြို့နယ်ထဲက ရွာတွေကို စစ်ကောင်စီတပ်က လေကြောင်းကနေဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်တာတွေကြောင့် အရပ်သား ၇ ဦးသေဆုံးပြီး ၁၄ ဦးထက်မနည်း ဒဏ်ရာရ...
- ပေါက်မြို့နယ်၊ ရွှေဘုံသာ ပျူစောထီးစခန်းကို ဒေသခံတော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဘက်က ၂ ဦးသေဆုံးပြီး ၄ ဦးကို လက်ရဖမ်းမိ၊ လက်နက်ငယ် တလက်ရရှိ...
- အုတ်ဖိုမြို့နယ်၊ ဂမုန်းရေလှောင်တမံသို့ တက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်း ရှေ့ပြေးအဖွဲ့ကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သား ၄ ဦးသေ၊ ၃ ဦးဒဏ်ရာရ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)
0 comments:
Post a Comment