လားရှိုးနဲ့ သီပေါကို စစ်တပ်က ဗုံးထပ်ကြဲ ... ဘုတလင်တိုက်ပွဲမှာ လက်နက် ၆၀ ကျော် PDF သိမ်းမိ... ၁၀၂၇ ဒုတိယ လှိုင်း နောက်ဆုံးရ တိုက်ပွဲသတင်းများ
(၂- ၁၀- ၂၀၂၄)
ရှမ်းမြောက်ဒေသ သီပေါမြို့ကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သား ၄ ဦး သေဆုံးပြီး ၁၁ ဦး ဒဏ်ရာရတယ်လို့ PSLF/ TNLA - တအာင်းအမျိုးသားလွတ်မြောက်ရေး တပ်မတော် ပြောခွင့်ရ လွေးယေဦးက BNN ကို ပြောပါတယ်။
ပြီးခဲတဲ့ ၃ ရက်တာအတွင်း အခုလို သေဆုံးတာဖြစ်ပြီး တလအတွင်း ၂၆ ဦး သေဆုံး၊ ၄၁ ဦး ဒဏ်ရာပြီး နေအိမ် အဆောက်အဦ အများအပြား ပျက်စီးတယ်လို့ ဆိုပါတယ်။
တိုက်ပွဲကတော့ ခလရ ၂၃ ဖက်မှာ ပြင်းထန်နေဆဲဖြစ်တယ်လို့ သိရပါတယ်။ တဖက်မှာ ဆွေးနွေးဖို့ စစ်ကောင်စီက ကမ်းလှမ်းနေစဉ်မှာတောင် တဖက်ကလဲ လေကြောင်း တိုက်ခိုက်မှုတွေ ပိုများ လာနေတယ်လို့လည်း ဆိုပါတယ်။
ဒါ့အပြင်...
- လားရှိုးမြို့ကိုလည်း စက်တင်ဘာ ၃၀၊ ည ၁၀ နာရီခန့်မှာ ဗုံး ၄ လုံး ထပ်ကြဲသွားတယ်လို့ MNDAA က သတင်းထုတ်ပြန်...
- ချီဖွေမြို့ကိုလည်း စစ်ကောင်စီ လေတပ်က ဗုံးကြဲနေတဲ့အတွက် ပြည်သူတွေ မြို့ထဲ ပြန်မဝင်နိုင်ဖြစ်နေ...
- မန္တလေး ဂေါဝန်ဆိပ်ကနေ ဆန်တက်လာတဲ့ စစ်သဘော် ၃ စင်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲ တိုက်ခိုက်ရာမှာ ၂ စင်း ထိမှန် ...
- စစ်ကိုင်းတိုင်း၊ ဘုတလင်မြို့နယ်၊ ကူတော်စခန်း တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၃၅ ဦး သေဆုံး၊ ၄၅ ဦးကို စစ်သုံ့ပန်းအဖြစ် ဖမ်းဆီးရမိ၊ လက်နက်မျိုးစုံ ၆၀ ကျော်သိမ်းမိ...
- မြဝတီမြို့အနီးရှိ လေးကေကော် မြို့သစ်က စစ်ကောင်စီ အမြောက်ကုန်း (စွယ်တော်ကုန်း)ကို KNLA- နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်လို့ တိုက်ပွဲပြင်းထန်နေ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)
====
0 comments:
Post a Comment