Wednesday, October 2, 2024

ဆော့လော်မြို့ကို KIA သိမ်းပိုက်... သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ ပစ်ခတ်ခံ...


ဆော့လော်မြို့ကို KIA သိမ်းပိုက်... သန်းခေါင်စာရင်းကောက်တဲ့အဖွဲ့ ပစ်ခတ်ခံရ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရ တိုက်ပွဲသတင်းများ

(၃ - ၁၀ -၂၀၂၄)

ကချင်ပြည်နယ်က ဆော့လော်မြို့ကို KIA- ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တပ်တွေက အောက်တိုဘာ ၂ ရက် မနက်ပိုင်းမှာ သိမ်းပိုက်လိုက်ပြီလို့ KNG- Kachin News Group က ဖေါ်ပြပါတယ်။

မြို့တွင်းမှာရှိတဲ့ ခလရ ၂၉၈ တပ်ရင်း ဗျူဟာကုန်းနဲ့ တပ်ရင်း ဌာနချုပ် တခုလုံးကို သိမ်းလိုက်ပြီဖြစ်တဲ့အတွက် ဆော့လော် တမြို့လုံးကို လုံးဝ သိမ်းလိုက်ပြီဖြစ်ပါတယ်။ စက်တင်ဘာ ၂၉ မှာ စတင် တိုက်ခိုက်ပြီး ၄ ရက်တာ တိုက်ခဲ့ရတယ်လို့ ဆိုပါတယ်။

ချီဖွေနဲ့ ဆော့လော်ကို တပြိုင်တည်း ဝင်တိုက်တာဖြစ်ပြီး ချီဖွေကိုတော့ စက်တင်ဘာ ၃၀ ကတည်းက သိမ်းပိုက်ပြီး အခု အုပ်ချုပ်ရေးချဖို့ KIA က ပြင်ဆင်နေပါတယ်။ ချီဖွေ မြို့သိမ်း တိုက်ပွဲ ဗီဒီယို မှတ်တမ်းကိုလည်း KNG က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့နှစ် နှောင်းပိုင်းမှာ စတင်တဲ့ KIA ရဲ့ ထိုးစစ်အတွင်း မြို့ငယ်ပေါင်း ၁၂ မြို့နဲ့ စစ်တပ်စခန်းပေါင်း ၂၀၀ ကျော်ကို သိမ်းပိုက်ပြီးဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်...

- သီပေါမြို့မှာတော့ စစ်ကောင်စီရဲ့ ခမရ ၅၀၃၊ နဲ့  ၅၀၄ ကို TNLA- တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်က သိမ်းပိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးလုပ်နေရာမှာ စစ်ကောင်စီ စစ်သား အလောင်း များစွာတွေ့ရ...

- MNDAA ကိုးကန့်တပ်က ထိန်းချုပ်ထားတဲ့ အထူးဒေသ(၁) ကို စစ်ကောင်စီတပ်က ၃ လအတွင်း လေကြောင်းကနေ ၂၅ ကြိမ် တိုက်ခိုက်ခဲ့ပြီး အရပ်သား ၃၁ သေဆုံး၊ ၉၁ ဦး ဒဏ်ရာရ...

- ဖာပွန်မြို့ကို စစ်ကောင်စီလေတပ်က ဗုံးကြဲတဲ့အတွက် အသက် ၅၀ အရွယ် အမျိုးသမီးတဦး သေဆုံးသွားတယ်လို့ မူတြော်သတင်းစဉ်က ဖေါ်ပြ...

- ဟားခါးမှာ သန်းခေါင်စာရင်း ကောက်တဲ့ အဖွဲကို လုံခြုံရေးလိုက်ပေးတဲ့ စစ်ကောင်စီတပ်နဲ့ ဒေသခံ ချင်းတော်လှန်ရေး အဖွဲ့တွေကြား တိုက်ပွဲငယ် ဖြစ်ပွါး...

- ထန်တလန်မြို့နယ် အခြေစိုက် CDF- ဇိုဖေ တပ်ဖွဲ့ကို နိုင်ငံတကာရောက် ဇိုဖေမျိုးနွယ်စုက လက်နက် ထောက်ပံ့ပေးတဲ့အခမ်းအနား ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More