“MNDAA, TNLA ဒေသတွေမှာ တိုက်သလိုမျိုး အညာဒေသမှာ တိုက်နိုင်မလားဆိုတာ NUG အတွက် စိန်ခေါ်ချက်ဖြစ်လာပါတယ်”
- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - ချင်းညီနောင်အဖွဲ့)
(၅- ၁၀- ၂၀၂၄)
“လက်ရှိအချိန်ဟာ Motivation ပေးရမယ့် အချိန်မဟုတ်တော့ဘူး၊ Realistic ကို ရဲရဲဝံံ့ဝံ့ ရင်ဆိုင်ရမယ့်အချိန်ဖြစ်တယ်။ နိုင်ငံရေးဖိအားပေးမှူလောက်နဲ့ အလုပ်မဖြစ်ဘူး၊ စစ်အင်အားနဲ့ ဖြုတ်ချနိုင်မှရမယ်။ ဒီလိုအချိန်မှာ MNDAA, TNLA ဒေသမှာ စစ်ကောင်စီကင်းစင်အောင် တိုက်သလိုမျိုး အညာဒေသမှာ တိုက်နိုင်မလားဆိုတာ NUG အတွက် စိန်ခေါ်ချက်ဖြစ်လာတယ်” လို့ ချင်းညီနောင်အဖွဲ့ရဲ့ ပြောခွင့်ရ ဆလိုင်းယောမာန်က ပြောပါတယ်။
၁၀၂၇ စစ်ဆင်ရေးမှာ ဦးဆောင်အခန်းကပါဝင်နေတဲ့ MNDAA က အပစ်ရပ်ရေးအတွက် တရုတ်ကိုတောင်းဆိုတာ၊ NUG နဲ့ မပူးပေါင်းဘူး၊ ရှမ်း-မန်း စစ်ဆင်ရေးမှာ မပါဘူး...စတဲ့အချက်တွေပါတဲ့ ကြေညာချက်ထုတ်ပြီးနောက်ပိုင်း နွေဦးတော်လှန်း ဘာတွေဆက်ဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...
- MNDAA ရဲ့ ကြေညာချက်က Motivation အဆင့်ကနေ Realistic အဆင့်ကိုသွားဖို့အတွက် Wake-up Call တခုလား...
- ERO တွေနဲ့ PDF တွေကြား ဒီထက်မက ထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်နိုင်အောင် NUG က ဘာလုပ်ပေးနိုင်မလဲ...
- MNDAA, TNLA ဒေသတွေမှာ စစ်ကောင်စီကင်းစင်သလိုမျိုး အညာဒေသမှာ စစ်ကောင်စီကင်းစင်ရေးအတွက် NUG ဦးဆောင်တဲ့ PDF တွေက အချိန်မီ ဆောင်ရွက်နိုင်မလား...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)
0 comments:
Post a Comment