“ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကို တပ်ပေါင်းစုမူဖြစ်လာအောင် ဆောင်ရွက်နိုင်ခဲ့တယ်”
- ရဲဘော်မင်းဌေး (အမှတ် ၃ စစ်ကြောင်းမှူး - ABSDF)
(၃၁- ၁၀- ၂၀၂၄)
“၃၆ နှစ်တာ ဖြတ်သန်းမှုအတွင်း လက်ဆုပ်လက်ကိုင်ပြနိုင်တဲ့ အောင်မြင်မှုကို ပြသဖို့ခက်ပေမယ့် ဒီမိုကရေစီရရှိရေးအပြင် ဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးကိုပါ တပ်ပေါင်းစုမူ ဖြစ်လာအောင်ဆောင်ရွက်နိုင်တာဟာ ABSDF ရဲ့ အောင်မြင်မှုလို့ပြောနိုင်ပါတယ်” လို့ မြန်မာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားများဒီမိုကရက်တစ်တပ်ဦး- ABSDF - ဗဟိုကော်မီတီဝင်နဲ့ ယောဒေသအခြေစိုက် အမှတ် ၃ စစ်ကြောင်းမှူး ရဲဘော်မင်းဌေးက ပြောပါတယ်။
မနက်ဖန်- နိုဝင်ဘာ ၁ ရက်နေ့မှာ ကျရောက်တဲ့ ABSDF ၃၆ နှစ်ပြည့်မွေးနေ့အကြိုအဖြစ် ၃၆ နှစ်တာအတွင်း ရရှိတဲ့ အောင်မြင်မှုတွေ၊ ဒီနေ့ နွေဦးတော်လှန်ရေးမှာ PDF နဲ့ ABSDF ပူးပေါင်းဆောင်ရွက်နိုင်မှုအခြေအနေ၊ ၁၀၂၇ စစ်ဆင်ရေးအပေါ် ရှုမြင်ချက်တွေအကြောင်း... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ၃၆ နှစ်တာဖြတ်သန်းမှုအတွင်း ABSDF က ဘာတွေ ဆောင်ရွက်နိုင်ခဲ့သလဲ...
- ၈၈ မျိုးဆက် ABSDF နဲ့ ၂၀၂၁ မျိုးဆက် PDF တွေ စစ်မြေပြင်မှာ ဘယ်လိုပူးပေါင်းဆောင်ရွက်နေကြသလဲ...
- ဒီနေ့ နွေဦးတော်လှန်ရေးအတွက် အဓိက စိန်ခေါ်ချက်က ဘာလဲ...
- တပ်ပေါင်းစုမူ ခိုင်မာရေးအတွက် အချိန်တခုစောင့်ဖိုလိုတယ်ဆိုတာ ဘာကို ဆိုလိုတာလဲ...
- နွေဦးတော်လှန်ရေး ဘယ်အထိ ခရီးရောက်နေပြီလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)
0 comments:
Post a Comment