Friday, October 4, 2024

“စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် လုပ်တဲ့ကိစ္စမှန်သမျှ တားဆီးဟန့်တားရမှာဖ...


“စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် လုပ်တဲ့ကိစ္စမှန်သမျှ တားဆီးဟန့်တားရမှာဖြစ်တယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့)

(၄- ၁၀- ၂၀၂၄)

“စစ်အာဏာရှင် သက်ဆိုးရှည်ရေးအတွက် လုပ်တဲ့ကိစ္စမှန်သမျှကို တားဆီးဟန့်တားရမှာဖြစ်တယ်။ စစ်အာဏာရှင်ပြုတ်ကျရေးအတွက် လက်နက်ကိုင်နည်းနဲ့ တိုက်မှရမယ်၊ ERO တွေနဲ့ လက်တွေ့ကျကျ
ပူးပေါင်းဆောင်ရွက်ဖို့လိုတယ်ဆိုတာကို NUG နားလည်ဖို့လိုတယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

စစ်ကောင်စီက ဆောင်ရွက်နေတဲ့ သန်းခေါင်စာရင်းကောက်ယူမှုအပေါ် ဘယ်လိုသဘောထားသလဲ၊ ဆွေးနွေးရေးကမ်းလှမ်းချက်ကို ဘယ်လိုသဘောထားသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- မင်းတပ်မြို့က လူနေအိမ်တွေ မီးရှို့ခံရမှု၊ လေကြောင်းတိုက်ခိုက်မှုတွေရဲ့ နောက်ဆုံး အခြေအနေ ဘယ်လိုရှိသလဲ...

- သန်းခေါင်စာရင်းကောက်ယူမှုကို ဘယ်လိုတုန့်ပြန်ကြမလဲ...

- စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်က တော်လှန်ရေးဖက်က အသာစီးရနေပြီဆိုတာကို မသိမသာ ဝန်ခံခြင်းလား...

- MNDAA ရဲ့ ကြေညာချက်က မြေပြင်က တော်လှန်ရေးအရှိတရားကို မီးမောင်းထိုးပြခြင်းလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NUG နဲ့ ERO တွေကြား ဘယ်လိုထဲထဲဝင်ဝင် ပူးပေါင်းဆောင်ရွက်ဖို့ လိုအပ်နေသလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ် https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More