Thursday, October 10, 2024

“သံတမန်ရေး တဆင့်နိမ့်ထားတာကို စစ်ကောင်စီက လက်ခံလိုက်ရတဲ့သဘောပါပဲ”


“သံတမန်ရေး တဆင့်နိမ့်ထားတာကို စစ်ကောင်စီက လက်ခံလိုက်ရတဲ့သဘောပါပဲ”

- ဦးကျော်ဇော (သမ္မတရုံးပြောခွင့်ရပုဂ္ဂိုလ် - NUG)

(၁၀- ၁၀- ၂၀၂၄)

“စစ်ကောင်စီအဖွဲ့ဝင်မဟုတ်တဲ့ သာမန်ဝန်ထမ်းတဦးကို အာဆီယံထိပ်သီးအစည်းဝေးဆီ စေလွှတ်တာဟာ အာဆီယံ မူ ၅ ချက်ကို မလိုက်နာရင် အာဏာသိမ်း စစ်ခေါင်းဆောင်ကို အစည်းဝေးတက်ခွင့်မပေးနိုင်ဘူးဆိုတဲ့ ဖိအားပေးမှုကို စစ်ကောင်စီဖက်က လက်ခံလိုက်ရတဲ့သဘောဖြစ်တယ်” လို့ အမျိုးသားညီညွတ်ရေးအစိုးရ -NUG- သမ္မတရုံးပြောခွင့်ရသူ ဦးကျော်ဇောက ပြောပါတယ်။

လာအိုနိုင်ငံမှာ လက်ရှိကျင်းပနေတဲ့ အာဆီယံအစည်းအဝေးရဲ့ ထူးခြားချက်တွေ၊ နိုင်ငံတကာအသိုင်းအဝိုင်းရဲ့ နွေဦးတော်လှန်ရေးအပေါ် ထောက်ခံအားပေးမှူတွေအကြောင်း... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- အာဆီယံအစည်းဝေးဆီ သာမန်ဝန်ထမ်းတဦးစေလွှတ်တာ စစ်ကောင်စီရဲ့ သံတမန်ရေးရှုံးနိမ့်မှုလား... 

- အာဆီယံ ထိပ်သီးအစည်းအဝေးအပေါ် တော်လှန်ရေးအင်အားစုတွေက ဘာများမျှော်လင့်ထားသလဲ...

- ထိုင်း၊ အိန္ဒိယ၊ တရုတ်တို့နဲ့ တော်လှန်ရေးအင်အားစုတွေကြား ဆက်ဆံရေးအခြေအနေ ဘယ်လောက်အထိ တိုးတက်လာနေပြီလဲ...

- အမေရိကန်နဲ့ ကုလ ဖက်ကကော ဘာများ ကူညီပေးနိုင်မယ့် အခြေအနေရှိသလဲ ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။

သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More