တောင်ကုတ်နဲ့သံတွဲကို စစ်တပ်က ဗုံးကြဲ... အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်တိုက်ပွဲမှာ စကစ အကျအဆုံးများ... ၁၀၂၇ ဒုတိယလှိုင်း နောက်ဆုံးရသတင်းများ
(၄- ၁၀- ၂၀၂၄)
ရခိုင်ပြည်နယ်၊ တောင်ကုတ်နဲ့ သံတွဲမြို့နယ်တွေကို စစ်ကောင်စီ လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား တဦးသေဆုံး၊ ၂ ဦးဒဏ်ရာရတယ်လို့ ဒေသတွင်းမီဒီယာ Western News က ဖေါ်ပြပါတယ်။
တောင်ကုတ်မြို့နယ်၊ ခေါင်းလောင်းတူကျေးရွာကို အောက်တိုဘာ ၂ ရက်၊ ည ၁၂ နာရီခန့်မှာ ဗုံးကြဲတာဖြစ်ပြီး ကလေးငယ် ၁ ဦး ပြင်းထန်စွာ ဒဏ်ရာရပါတယ်။ သံတွဲမြို့နယ်၊ ညောင်ခြေထောက်ရွာကိုတော့ အောက်တိုဘာ ၁ ရက်နေ့ ညနေပိုင်းမှာ ဗုံးကြဲပြီး တဦးသေ၊ တဦးဒဏ်ရာရခဲ့တာလို့ ဆိုပါတယ်။
AA- အာရက္ခတပ်တော်က တောင်ကုတ်မြို့ကို ဝိုင်းရံပိတ်ဆို့ထားပြီး စစ်ကောင်စီက တောင်ကုတ်တက္ကသိုလ်ဝန်းထဲ အမြောက်တပ်အထိုင်ချကာ ခုခံဖို့ပြင်နေတယ်လို့ ဖေါ်ပြထားပါတယ်။
ဒါ့အပြင်...
- မင်းတပ်မြို့ မှာ တိုက်ပွဲဖြစ်ပွားခြင်းမရှိပဲနဲ့ စစ်တပ်က လူနေအိမ်တွေကို မီးရှို့လိုက်ရှို့နေတာ အိမ်ခြေ ၆၀ ကျော်သွားပြီလို့ မင်းတပ် အုပ်ချုပ်ရေးအဖွဲ့ကပြော...
- သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ ဂမုန်းဆည်ပေါ် တက်လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဒေသခံတော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာ စစ်ကောင်စီဖက်က ၁၂ ဦးသေပြီး ၆၀ မမ အပါဝင် လက်နက် ၄ လက် သိမ်းမိ...
- KNLA- အမှတ်(၅)တပ်မဟာဒေသအတွင်း ပြီးခဲ့တဲ စက်တင်ဘာက တိုက်ပွဲ အကြိမ် ၁၅၀ ခန့်ဖြစ်ပွားပြီး စစ်ကောင်စီဖက်က တပ်ရင်းမှူးအပါဝင် ၇၀ ကျော်သေဆုံး...
- ပုလောမြို့နယ်မှာ သန်းခေါင်းစာရင်းကောက်ဖို့ လုံခြုံရေးလိုက်ပေးတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်တဲ့အတွက် သန်းခေါင်စာရင်း ကောက်တဲ့အဖွဲ့ ပြန်ဆုတ်သွား...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန်
တိုက်တွန်းပါသည်။
သတင်းနှင့် ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း
ကြည့်ရှုနိုင်ပါသည်။)
0 comments:
Post a Comment