Wednesday, December 31, 2025

စစ်တောင်းမြစ်ဘေးက စစ်တပ်စခန်း PDF သိမ်းပိုက်... ကသာမြို့ခံတွေ စစ်ဘေးရှော...


စစ်တောင်းမြစ်ဘေးက စစ်တပ်စခန်း PDF သိမ်းပိုက်... ကသာမြို့ခံတွေ စစ်ဘေးရှောင်အဖြစ် ထွက်ခွာ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁ ဇန်နဝါရီ ၂၀၂၆)

ပဲခူးတိုင်း၊ ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်အရှေ့ဘက်ကမ်း အိုးမြေတူးကျေးရွာအခြေစိုက် စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်သိမ်းပိုက်လိုက်ပြီး စစ်သား ၃ ဦး လက်ရဖမ်းမိ၊ လက်နက် ၂ လက် သိမ်းမိတယ်လို့  ထနောင်းစစ်ကြောင်း၊ အမှတ် (၈၀၅) တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၃၀ မှာဝင်တိုက်တာဖြစ်ပြီး အင်အား ၆၀ ခန့်အခြေစိုက်ထားတဲ့ စစ်တပ်အထိုင်စခန်းတလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်၊ စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုများပြီး အလောင်းတွေ၊ လူနာတွေနဲ့အတူ စစ်တောင်းမြစ် အနောက်ဖက်ကမ်းဆီ ဆုတ်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ပေါက်ခေါင်းမြို့နယ်၊ ချောင်းကောင်းရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၄ ဦးသေဆုံးပြီး ၂ ဦး အပြင်းထန် ဒဏ်ရာရ...

- ငဖဲမြို့နယ်၊ မင်းဘူး -အမ်း လမ်းပိုင်းရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၃ ဦး အပြင်းထန် ဒဏ်ရာရ...

- ကသာမြို့မှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး ဒေသခံတွေ မြို့ထဲကနေ စစ်ရှောင်အဖြစ် ထွက်ခွာနေ...

- တနင်္သာရီမြို့နယ်၊ သဲဖြူရွာ၊ ထုံကတဲ လမ်းဆုံအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ရင်ဆိုင်တိုက်ပွဲဖြစ်ရာမှာ စစ်တပ်ဖက်က ၂ ဦးသေ၊ ၂ ဦးဒဏ်ရာရ...

- ညောင်ပင်ကွင်းအခြေစိုက် ခမရ ၅၆၁ က တပ်သား တဦးဟာ လက်ပစ်ဗုံး ၂ လုံးနဲ့အတူ မြိတ်ခရိုင် အမှတ် ၃ တပ်ရင်းထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“တော်လှန်ရေးအဖွဲ့တွေ စုစုစည်းစည်း နားလည်မှုအပြည့်ဖြင့် အချိတ်အဆက်မိမိ ဆေ...


“တော်လှန်ရေးအဖွဲ့တွေ စုစုစည်းစည်း နားလည်မှုအပြည့်ဖြင့် အချိတ်အဆက်မိမိ ဆောင်ရွက်ရန်လို”

- ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က (KIO/KIA  ဒုဥက္ကဋ္ဌ)

(၃၁ ဒီဇင်ဘာ ၂၀၂၅)

“တော်လှန်ရေးဟာ မှန်ကန်တဲ့ လမ်းကြောင်းပေါ်ရှိနေရန်လိုသလို စုစုစည်းစည်း နားလည်မှုအပြည့်ဖြင့် အချိတ်အဆက်မိမိ ဆောင်ရွက်ဖို့ အရေးကြီး” တယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော် (KIO/KIA) ဒုဥက္ကဋ္ဌ ၁၊ ဒုတိယဗိုလ်ချုပ်ကြီး ဂွန်မော်က ပြောပါတယ်။

ဒီဇင်ဘာ ၃၀ မှာကျင်းပတဲ့ ချင်းညီနောင် (Chin Brotherhood) ဖွဲ့စည်းတည်ထောင်ခြင်း ၂ နှစ်ပြည့်အခမ်းအနား ဂုဏ်ပြုနှုတ်ခွန်းဆက်စကားမှာ သူက အခုလို ပြောသွားတာဖြစ်ပါတယ်။

မနေ့က အခမ်းအနားတွင်း ဗိုလ်ချုပ်ဂွမ်မော်ပြောကြားချက် အပြည့်အစုံကို ကောက်နုတ် တင်ပြလိုက်ပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, December 30, 2025

ဖလမ်းမြို့အနီးက တိုက်ပွဲ စစ်တပ်အထိနာ... ဖားပွန်ဗျုဟာကုန်းကို KNLA ထိုးစစ...


ဖလမ်းမြို့အနီးက တိုက်ပွဲ စစ်တပ်အထိနာ... ဖားပွန်ဗျုဟာကုန်းကို KNLA ထိုးစစ်အရှိန်မြှင့်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃၁ ဒီဇင်ဘာ ၂၀၂၅)

စစ်ကိုင်းတိုင်းအထက်ပိုင်း ကသာမြို့မှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး စစ်ကောင်စီက တရက်အတွင်း လေကြောင်းတိုက်ခိုက်မှု ၆၀ ကျော်လုပ်ခဲ့တယ်လို့ Kachin News Group က ဖေါ်ပြပါတယ်။

ဒီဇင်ဘာ ၂၉၊ ည ၉ နာရီလောက်ကစပြီး Y12 လေယာဉ်နဲ့ အကြိမ် ၆၀ ကျော်အထိ တမြို့လုံးကို ပတ်ကြဲတယ်၊ မနက်ပိုင်းမှာ အရပ်သားတွေကို မြို့ထဲကနေ ထွက်ခွင့်ပေးတဲ့အတွက် ဆိုင်ကယ်တွေ၊ ကားတွေနဲ့ မြို့ထဲကနေ ထွက်ပြေးနေကြတယ်၊ အတော်များများကတော့ ဘုန်းကြီးနဲ့ ဘုရားကျောင်းမှာ သွားရောက်ခိုလှုံနေကြတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒါ့အပြင်...

- ဖလမ်းမြို့နယ် ခွန်လီရွာတိုက်ပွဲမှာ စစ်တပ်ဖက်ကသေဆုံးသူများပြီး ၄ ဦးကိုလက်ရဖမ်းမိ၊ လက်နက် ၁၀ ခန့်သိမ်းမိ...

- ချောက်မြို့နယ်အဝင်ရှိ စစ်ကောင်စီစစ်ဆေးဂိတ်အပါဝင် နေရာ ၃ ခုကို တော်လှန်ရေးတပ်တွက ဝင်တိုက်ရာမှာ စစ်တပ်ဖက်က ၈ ဦးသေပြီး ၂၀ နီးပါး ဒဏ်ရာရ...

-  ဖားပွန်မြို့၊ ဗျုဟာကုန်းကို KNLA က စစ်ရှိန်မြှင့်တိုက်ခိုက်နေပြီး စစ်တပ်ဖက်က လေကြောင်းပစ်ကူနဲ့ အပြင်းအထန်ခုခံနေ...

- ရွေးကောက်ပွဲနေ့က ထားဝယ်မြို့ရှိ တနင်္သာရီတိုင်း အစိုးရအဖွဲ့ရုံး ဒရုန်းနဲ့ တိုက်ခိုက်ခံရမှုအတွင်း ရုံးမျက်နှာကျက် ပေါက်ပြဲသွားပြီး လဝက အရာရှိတစ်ဦး ထိခိုက်ဒဏ်ရာရ...

- ကလေးဒေသတော်လှန်ရေးတပ် (Kalay Revolution Force - K.R.F) ရဲ့ အခြေခံစစ်ပညာသင်တန်း အပါတ်စဉ် (၃) သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ငြိမ်းချမ်းရေးအတု ဆွေးနွေးပွဲတွေ ၂၀၂၆ မှာ လုပ်လာနိုင်ပါတယ်”


“ERO တွေရဲ့ တိုက်ပွဲအရှိန်ကို လျော့ချနိုင်ဖို့ ငြိမ်းချမ်းရေးအတုဆွေးနွေးပွဲတွေ ၂၀၂၆ မှာ လုပ်လာနိုင်ပါတယ်”

ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၃၀ ဒီဇင်ဘာ ၂၀၂၅)

“လက်ရှိ အရှိန်ကောင်းနေတဲ့ ERO တွေရဲ့ တိုက်ပွဲအရှိန်ကို လျော့ချနိုင်ဖို့ ငြိမ်းချမ်းရေးအတုဆွေးနွေးပွဲတွေ ၂၀၂၆ မှာ လုပ်လာနိုင်တယ်၊ စစ်ရေးအရတိုက်တာအပြင် ERO နဲ့ PDF တွေကြား သွေးခွဲရေးကို စစ်တပ်ဖက် ဦးစားပေးလုပ်လာနိုင်ခြေရှိတဲ့အတွက် အဲဒါကို ကျော်ဖြတ်နိုင်အောင် တော်လှန်ရေးတပ်တွေ စုပေါင်းထားဖို့လိုအပ်တယ်” လို့  စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

၂၀၂၅ နှစ်ချုပ်သုံးသပ်ချက်နဲ့ ၂၀၂၆ အတွက် မျှော်လင့်ချက်တွေအကြောင်း ...BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ၂၀၂၅ အတွင်း တော်လှန်ရေးဖက် စစ်ရေးအရ အောင်မြင်မှုနည်းသွားတာ ဘာကြောင့်လဲ...

- ၂၀၂၆ မှာ အညာဒေသအတွင်း တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်သလား...

- ရွေးကောက်ပွဲအတုပြီးရင် ငြိမ်းချမ်းရေးအတု ဆက်လာမှာလား...

- ERO တွေရဲ့ စစ်ရေးအရှိန်ကို ငြိမ်းချမ်းရေးအတု ဆွေးနွေးပွဲနဲ့ လျော့ချနိုင်သလား...

- SRA တပ်ပေါင်းစုအားနဲ့ ၂၀၂၆ မှာ စစ်ရေးအရှိန်မြှင့်နိုင်ခြေရှိသလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, December 29, 2025

ကသာမြို့မှာ တိုက်ပွဲပြင်းထန်... ဂန့်ဂေါခရိုင် စစ်ဌာနက Yawland Opreation ...


ကသာမြို့မှာ တိုက်ပွဲပြင်းထန်... ဂန့်ဂေါခရိုင် စစ်ဌာနက Yawland Opreation စတင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃၀ ဒီဇင်ဘာ ၂၀၂၅)

စစ်ကိုင်းတိုင်း၊ ကသာမြို့ရှိ ခမရ ၃၀၉ ကို ရွေးကောက်ပွဲကျင်းပတဲ့နေ့၊ ဒီဇင်ဘာ ၂၈ မနက်ပိုင်းမှာ တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ပြီး အရေးပါတဲ့ စခန်းကုန်း ၂ ခုကို သိမ်းပိုက်လိုက်ပြီလို့ Kachin News Group က ဖေါ်ပြပါတယ်။

ကသာမြိုံအဝင် ကြံတောကျေးရွာအနီးရှိ ခမရ ၃၀၉ ဝန်းကျင်မှာ တိုက်ပွဲတွေပြင်းထန်နေပြီး ဒီဇင်ဘာ ၂၉၊ ညနေပိုင်းမှာတော့ ကသာမြို့ပေ ါ်ဇေယျာချောင်ရပ်ကွက်၊ ရပ်ကွက် ၅ နဲ့ ရပ်ကွက် ၈ တွေအထိ တိုက်ပွဲတွေဖြစ်နေတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ဖလမ်းမြို့ဖက် စစ်ကြောင်းထိုးလာနေတဲ့ စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေးတပ်ပေါင်းစုက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီး သေနတ် ၂ လက် သိမ်းမိ...

- ဂန့်ဂေါခရိုင် စစ်ဌာနကလည်း Yawland Opreation စစ်ဆင်ရေး ဆောင်ရွက်နေပြီး အနည်းဆုံး ပျုစောထီးရွာ တရွာကို သိမ်းပိုက်ထားပြီးဖြစ်...

- ချောက်မြို့နယ်၊ အမှတ် ၃ ပြည်ထောင်စုလမ်းမပေါ်ရောက်လာတဲ့ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ အရာရှိ တဦး အပါဝင် စစ်သား ၁၁ ဦ သေဆုံး...

- နတ်တလင်းမြို့နယ်၊ ကံသုံးဆင့်ကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ ပျုစောထီး ပူးပေါင်းတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ပျု ၂ ဦးသေပြီး စစ်အသုံးဆောင်ပစ္စည်းအချို့ သိမ်းမိ...

- ရေဖြူမြို့နယ်၊ ရာဖူးကျေးရွာအတွင်း တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၃ ဦးသေဆုံး...

- မြိုင်မြို့နယ်အတွင်း စစ်ကြောင်းထိုးနေတဲ့ တပ်မ ၉၉  လက်အောက်ခံ စစ်ကောင်စီတပ်က စစ်သားသစ် (ပစ)တဦးဟာ MA3 တလက်နဲ့အတူ TYK ပြောက်ကြားတပ်ဖွဲ့ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, December 28, 2025

ဘုတလင်က မဲရုံစောင့်စစ်သားတွေကို PDF ဝင်တိုက်... သီတာယုမွန်အဖွဲ့က အမျိုးသ...


ဘုတလင်နဲ့ ဒေသအချို့က မဲရုံစောင့်စစ်သားတွေကို PDF ဝင်တိုက်... သီတာယုမွန်အဖွဲ့က အမျိုးသမီး ၃ ဦးကို လက်ရဖမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၉ ဒီဇင်ဘာ ၂၀၂၅)

စစ်ကောင်စီက ကျင်းပတဲ့ အတုအယောင်ရွေးကောက်ပွဲကို ကန့်ကွက်ကြောင်း ပြသတဲ့အနေနဲ့ မန္တလေးနန်းတွင်းရှိ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ်ကို ၁၀၇ မမ ရှော့တိုက်ဒုံး ၅ လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ BWM - Brave Warriors for Myanmar က သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၂၈၊ မနက်အစောပိုင်း တနာရီခွဲခန့်မှာ တိုက်ခိုက်တာဖြစ်ပြီး အနည်းဆုံး စစ်သား ၂ ဦး သေဆုံးတယ်လို့ဆိုပါတယ်။

ဒါ့အပြင် ...

- နွားထိုးကြီး PDF ကတော့ စစ်ကောင်စီရဲ့ အတုအယောင်ရွေးကောက်ပွဲကို လက်မခံနိုင်ကြောင်း ပြသတဲ့အနေနဲ့ ဒီဇင်ဘာ ၂၈ မနက်ပိုင်းက ရန်ကုန်-မန္တလေး အမြန်လမ်းပေါ်တက်ရောက် အင်အားပြ...

-  ညောင်ဦးမြို့နယ်၊ နတ်ပလ္လင်ကျေးရွာနဲ့ ကန်စောင့်ကျေးရွာရှိ မဲရုံတွေ၊ မဲရုံစောင့် စစ်ကောင်စီတပ်သားသားတွေကို တော်လှန်ရေးတပ်တွေ ဝင်တိုက်...

- ဘူတလင်မြို့ရှိ ထွေ-အုပ်ရုံး၊ ရဲစခန်း၊ စာသင်ကျောင်းတွေမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ပကို ဘုတလင်တပ်ပေါင်းစုက ဝင်တိုက်...

- မြင်းခြံမြို့နယ် ကားလမ်းပိုင်းတနေရာမှာ နာမည်ကြီး ပျူစောထီးခေါင်းဆောင် သီတာယုမွန်ရဲ့နောက်လိုက် ပျူစောထီးအမျိုးသမီး ၃ ဦးကို တော်လှန်ရေးတပ်တွေက လက်ရဖမ်းဆီးမိ...

- မကွေးတိုင်းအတွင်းက စလင်း၊ ပွင့်ဖြူနဲ့ မြို့နယ် (၆) ခုကို မကွေးတိုင်းစစ်ဌာန တော်လှန်ရေးတပ်တွေက ဒီဇင်ဘာ ၂၃ မှာ တပြိုင်တည်း ဝင်ရောက်တိုက်ခိုက်ပြီး စစ်ကောင်စီရဲ့  အုပ်ချုပ်ရေးနဲ့ စစ်ရေးကဏ္ဍဆိုင်ရာ အခြေခံအဆောက်အဦးတွေကို မီးရှို့ဖျက်ဆီး...

- ဘုတ်ပြင်းမြို့နယ်၊ ပြည်ကြီးမဏ္ဍိုင်မြို့ ၊ လေညာရွာ တံတားကြီးအနီးရှိ စစ်ကောင်စီရဲ့ မဲရုံနဲ့ မဲရုံစောင့် စစ်သားတွေကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ အရာရှိတဦးအပါဝင် မဲရုံစောင့် စစ်သား ၅ ဦး သေဆုံး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, December 27, 2025

ရွေးကောက်ပွဲအကြို ဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်... မြဝတီဖက်က စစ်သားအချို့ လ...


ရွေးကောက်ပွဲအကြို ဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်... မြဝတီဖက်က စစ်သားအချို့ လက်နက်ချ...နောက်ဆုံးရ တိုက်ပွဲသတင်းများ....

(၂၈ ဒီဇင်ဘာ ၂၀၂၅)

စစ်ကောင်စီက ကျင်းပဖို့ပြင်နေတဲ့ ရွေးကောက်ပွဲစတင်ရန် နာရီပိုင်းအလို ဒီဇင်ဘာ ၂၇၊ ည ၈ နာရီခွဲခန့်က ကရင်ပြည်နယ်၊ မြဝတီမြို့ရှိ ကြံ့ခိုင်ရေးပါတီရုံးရှေ့မှာ ဗုံးပေါက်ကွဲမှုဖြစ်တယ်လို့ Karen Information Center က ဖေါ်ပြပါတယ်။

မြဝတီမြို့ ၊ အမှတ် ၄ ရပ်ကွက်၊ ဈေးကြီးကုန်းလမ်းမရှိ ခရိုင်ကြံ့ခိုင်ရေးရုံးလမ်းမှာ ပေါက်ကွဲတာဖြစ်ပြီး ပေါက်ကွဲသံပြင်းတယ်၊ ဘေးနားက အိမ်တွေပါ တုန်ခါသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ထားဝယ်၊ ပြည်၊ တမူး၊ မန္တလေးအပါဝင် အခြားမြို့အတော်များများမှာလည်း ညပိုင်းကနေ မနက်ပိုင်းအထိ ဗုံးပေါက်ကွဲမှုတွေဖြစ်ပေါ်နေ...

ဒါ့အပြင်...

- နေပြည်တော်၊ တပ်ကုန်းမြို့နယ်၊ သဲချောင်း ကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၃ ဦးသေပြီး ၃ ဦးဒဏ်ရာရ...

- ပြည်ကြီးမဏ္ဍိုင်မြို့၊ ရွှေဂဲညိုကျေးရွာရှိ မဲရုံနဲ့ မဲရုံလုံခြုံရေး စစ်ကောင်စီ- ပျူစောထီး ပူးပေါင်းတပ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်...

- မြဝတီမြို့နယ်ဝန်းကျင်က စစ်မြေပြင်ဆီရောက်နေတဲ့ တပ်မ ၂၂ လက်အောက်က စစ်သားသစ် (ပစ) ၃ ဦး ကျားသစ်နက်စစ်ကြောင်းထံ ခိုလှုံလာ...

- (CNO/CNDF) ရဲ့ မွမ်းမံသင်တန်း အပတ်စဉ် (၁/၂၀၂၅) သင်တန်းဆင်းပွဲ ကျင်းပ...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

”ရွေးကောက်ပွဲနောက်ကွယ်က မြေပြင်အခြေနေမှန်တွေကို တင်ပြနိုင်မယ်လို့ မျှော်...


”ရွေးကောက်ပွဲနောက်ကွယ်က မြေပြင်အခြေနေမှန်တွေကို တင်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်”

- ဦးတိုးဇော်လတ် (လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ - IPCM)

(၂၇ ဒီဇင်ဘာ ၂၀၂၅)

“ဒီရွေးကောက်ပွဲက အတုကြီးဆိုတာ နိုင်ငံတကာသတင်းထောက်တွေက ပိုသိပါတယ်။ ရွေးကောက်ပွဲနောက်ကွယ်က  မြေပြင်အခြေနေမှန်တွေကို နိုင်ငံတကာသတင်းထောက်တွေက တင်ပြနိုင်မယ်လို့ မျှော်လင့်ပါတယ်” လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ - IPCM- အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။

မနက်ဖန် ဒီဇင်ဘာ ၂၈ မှာကျင်းပမယ့် ရွေးကောက်ပွဲအတုကို သတင်းယူဖို့ နိုင်ငံတကာ သတင်းဌာန ၆၀ ခန့်က သတင်းသမား ၂၀၀ ကျော်ရောက်ရှိနေတယ်လို့ စစ်ကောင်စီဖက်က ပြောဆိုလာတာနဲ့ပတ်သက်ပြီး... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- မနက်ဖန်ကျင်းပမယ့် ရွေးကောက်ပွဲအပေါ်  IPCM က ဘယ်လိုသဘောထားသလဲ၊ မြန်မာသတင်းထောက်တွေကော သတင်းယူခွင့်ရမှာလား...

- ရွေးကောက်ပွဲသတင်းယူဖို့ နိုင်ငံတကာသတင်းထောက် ၂၀၀ ကျော်အထိရောက်နေတယ်ဆိုတာ တကယ်လား၊ ဒီသတင်းထောက်တွေက အခြေနေမှန်တွေကို တကယ် တင်ပြနိုင်ပါ့မလား...

- နိုင်ငံတကာသတင်းထောက်တွေကို စစ်ကောင်စီက အသုံးချနိုင်မလား... သတင်းထောက်တွေကပဲ စစ်ကောင်စီရဲ့ မျက်နှာဖုံးကိုပဲ ခွာချနိုင်မလား...

- သတင်းရယူစားသုံးတဲ့ မြန်မာပြည်သူတွေကကော မနက်ဖန် ရွေးကောက်ပွဲရဲ့ သတင်းအမှန်တွေကို ဘယ်ကနေ ရယူကြည့်ရှုနိုင်မလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, December 26, 2025

ဗန်းမော်က ခလရ ၄၇ ကို KIA သိမ်းပိုက်... ဟားခါးက ခလရ ၂၆၆ ကို CDF ဝင်တိုက်...


ဗန်းမော်က ခလရ ၄၇ ကို KIA သိမ်းပိုက်... ဟားခါးက ခလရ ၂၆၆ ကို CDF ဝင်တိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၇ ဒီဇင်ဘာ ၂၀၂၅)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့က ဗျုဟာအရ အရေးပါတဲ့ ခလရ (၄၇) စစ်ကောင်စီတပ်ရင်းဌာနချုပ်ကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေတွေ သိမ်းပိုက်လိုက်ပြီလို့ 7 Stars News က ဖေါ်ပြပါတယ်။

ဒီဇင်ဘာ ၂၅၊ ခရစ်စမတ်နေ့ မနက်ပိုင်းမှာ KIA နဲ့ မဟာမိတ်တွေဖက်က တိုက်ပွဲအရှိန်မြှင့်လိုက်ပြီးတဲ့နောက် ခလရ (၄၇)၊ စနခ - စစ်လက်နက်ပစ္စည်းတပ်ခွဲ (၆၄၁)၊ စကခ (၂၁)နဲ့ အမတ (၃၆၆) နေရာ ၄ ခုမှာ တိုက်ပွဲပြင်းထန်တယ်၊ အဲဒီနောက် ခလရ (၄၇)က ဗျူဟာမှုး၊ စနခ (၆၄၁) က တပ်ရင်းမှူးတို့ တိုက်ပွဲအတွင်းသေဆုံးသွားတယ်လို့ဆိုပါတယ်။

ဒါ့အပြင်...

- ဟားခါးမြို့ အခြေစိုက် ခလရ ၂၆၆ တပ်ရင်းဌာနချုပ်ကို CDF-Hakha က ဝင်ရောက်တိုက်ခိုက်တဲ့အတွက် တိုက်ပွဲပြင်းထန်နေ...

- စစ်ကိုင်းမြို့အခြေစိုက် တပ်မ ၃၃ ကနေ မုံရွာဖက်ထွက်လာတဲ့ ကားအစီး ၂၀ ပါ စစ်ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများ...

- ကောလင်းမြို့နယ်ရှိ သစ်ဖုလတောင်စခန်းသိမ်းတိုက်ပွဲ ရုပ်-သံမှတ်တမ်းကို ကောလင်းခရိုင် အမှတ်(၁)တပ်ရင်းက ထုတ်ပြန်...

- ရေဖြူမြို့နယ် ညင်းထွေးရွာနဲ့ ဇီးကျရွာကြားက သန်းကုန်းတိုက်ပွဲမှာ စစ်ကောင်စီတပ်သားတွေ စခန်းစွန့်ထွက်ပြေးသွား...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, December 25, 2025

ဆင်ဖြူကျွန်းမြို့ကို PDF ထိုးစစ်ဆင်... ဗန်းမော်မှာ တိုက်ပွဲအရှိန်ပြန်မြင...


ဆင်ဖြူကျွန်းမြို့ကို PDF ထိုးစစ်ဆင်... ဗန်းမော်မှာ တိုက်ပွဲအရှိန်ပြန်မြင့်လာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၆ ဒီဇင်ဘာ ၂၀၂၅)

မကွေးတိုင်း၊ စလင်းမြို့နယ်၊ ဆင်ဖြူကျွန်းမြို့ပေါ်ရှိ စစ်တပ်စခန်းအားလုံးကို တော်လှန်ရေးတပ်တွေက အပြီးသတ်သိမ်းပိုက်မှာဖြစ်တဲ့အတွက် မြို့ပေါ်ရှိ ပြည်သူတွေ ဒီဇင်ဘာ ၂၅၊ မနက် ၈ နာရီကနေ ညနေ ၆ အတွင်း စလင်းမြို့နယ်ဖက်သို့ ရှေွှပြောင်းသွားလာနိုင်ကြောင်း စလင်း ပကဖ က အသိပေးချက် ထုတ်ပြန်ပါတယ်။

ဒါဟာ ဒီဇင်ဘာ ၂၃ မှာ တော်လှန်ရေးတပ်တွေက ဆင်ဖြူကျွန်းမြို့အဝင်ရှိ နွယ်တမယ်ချောင်း စစ်တပ်ဂိတ်နဲ့ ဆင်ဖြူကျွန်း မြို့မရဲစခန်းတို့ကို ဝင်တိုက်ပြီးနောက်၊ စစ်တပ်ဖက်ကနေ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်လုပ်လာပြီးနောက် ပကဖ ဖက်က ပထမဆုံးအကြိမ် တရားဝင်ထုတ်ပြန်ချက်ဖြစ်ပါတယ်။

ဒါ့အပြင်...

- အောင်လံမြို့  ခလရ ၇၁ က ထွက်လာတဲ့ စစ်ကားတစီးကို တော်လှန်ရေးတပ်တွေက မိုင်းဆွဲတိုက်ခိုက်ရာမှာ အရာရှိ တဦး အပါအဝင် စစ်သား ၁၆ ဦးသေဆုံး...

- ရေတာရှည်မြို့နယ်၊ စစ်တောင်းမြစ်ကမ်ဘေးရှိ ကျေးရွာတွေမှာ ရွေးကောက်ပွဲအတု ကျင်းပဖို့ စစ်ကောင်စီက ပြင်ဆင်နေတဲ့အတွက် တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဖက်က အနည်းဆုံး ၁၀ ဦးသေဆုံး...

- ပေါက်မြို့နယ်နဲ့ မြိုင်မြို့နယ် အစပ်ဒေသကို စက်တပ်လေထီး- ဂျိုင်ရိုကော်ပတာနဲ့ ဗုံးလာကြဲတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွက အဝေးပစ် လက်နက်တွေနဲ့ စောင့်ကြိုပစ်ခတ်...

- ဒီဇင်ဘာ ၂၅၊ ခရစ်စမတ်နေ့ မနက်ပိုင်းကစပြီး KIA က ဗန်းမော်မှာ တိုက်ပွဲအရှိန်ပြန်မြှင့်၊ စစ်ကောင်စီက လိုဇာမြို့ကို အသေခံ ဒရုန်းနဲ့ ဗုံးကြဲ၊ KIA က မြစ်ကြီးနား လေတပ်စခန်းကို ဒရုန်းနဲ့တိုက်တဲ့အတွက် တိုက်လေယာဉ်တစီးနဲ့ ရဟတ်ယာဉ် တစီး ထိခိုက်ပျက်စီးတယ်လို့ သတင်းထွက်ပေါ်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, December 24, 2025

မိုးကုတ်က စခန်း ၂ ခု PDF ထပ်သိမ်း... မြစ်ဆုံစီမံကိန်း စစ်တပ်က လုပ်ချင်တ...


မိုးကုတ်က စခန်း ၂ ခု PDF ထပ်သိမ်း...  မြစ်ဆုံစီမံကိန်း စစ်တပ်က လုပ်ချင်းတိုင်းလုပ်လို့မရဟု KIA ပြော... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၅ ဒီဇင်ဘာ ၂၀၂၅)

မန္တလေးတိုင်း မိုးကုတ်မြိုနယ်မှာ တိုက်ပွဲ ၁၅ ကြိမ်ဖြစ်ပြီး စစ်တပ်ဖက်က ၁၈ ဦးသေဆုံး၊ ၃ ဦးကို လက်ရဖမ်းမိ၊ အရေးပါတဲ့ စခန်းကုန်း ၂ ခုကို ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ဒီဇင်ဘာ ၇ ရက်နဲ့ ၂၄ ရက်ကြား တိုက်ပွဲတွေအတွင်း အခုလို သေဆုံးဖမ်းမိတာဖြစ်ပြီး စစ်ကောင်စီထံကနေ ကျေးရွာတရွာနဲ့ စိုးမိုးကုန် တခုကိုလည်း ထပ်မံသိမ်းပိုက်နိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- မိုးမိတ်မြို့နယ်၊ ရေတံခွန်ကျေးရွာရှိ စစ်ကောင်စီအထိုင်စခန်းကို KIA နဲ့ PDF ပူးပေါင်းတပ်တွေက ဝင်တိုက်...

- မြစ်ဆုံစီမံကိန်း မြေပြင်နေရာအချို့ကို KIA က ထိန်းချုပ်ထားတဲ့အတွက် စစ်တပ်က လုပ်ချင်းတိုင်းလုပ်လို့မရဟု KIA ပြော...

- ရေးမြိုနယ်မြောက်ပိုင်း ကူးတို့ဆိပ်ရွာနဲ့ နှစ်ကရင်ရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ၂၉ ဦးသေဆုံး၊ ၁၀ ကျော်ဒဏ်ရာရ...

- လောင်းလုံးမြို့နယ် အောက်ပိုင်း ကျောက်နီမော်ရွာ မိုင်ခရိုဝိတ်တောင်ပေါ်ရှိ စစ်တပ် အထိုင်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၃ ဦးသေပြီး ၄ ဦးဒဏ်ရာရ...

- နတ်ရေကန် လေကြောင်းရန် ကာကွယ်ရေးတပ်စခန်းအနီးက စစ်သား ၃ ဦး ထွက်ပြေးလာပြီး CDF- Asho ထံ လက်နက်ချ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, December 23, 2025

ဆင်ဖြူကျွန်းမှာ တိုက်ပွဲဖြစ်... ဗန်းမော်မှာ တိုက်ပွဲဆက်ပြင်းထန်...


ဆင်ဖြူကျွန်းမှာ တိုက်ပွဲဖြစ်... ဗန်းမော်မှာ တိုက်ပွဲဆက်ပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၄ ဒီဇင်ဘာ ၂၀၂၅)

မကွေးတိုင်း၊ စလင်းမြိုနယ်၊ ဆင်ဖြူကျွန်းမြို့ ရဲစခန်းနဲ့  နွယ်တမယ် တံတားထိပ်ရှိ စစ်ကောင်စီစစ်ဆေးရေးဂိတ်တို့ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာကနေ တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဖက်က လေကြောင်းပစ်ကူပါ သုံးနေတယ်လို့ VOM - Voice of Myanmar က ဖေါ်ပြပါတယ်။

ဒီဇင်ဘာ ၂၃ မနက်ပိုင်းမှာ မြို့ထဲထိ ဝင်တိုက်ကြတာ၊ ဆင်ဖြူကျွန်းရဲစခန်းကို ပစ်တာ၊ အခုတော့ မြို့ထဲ မဟုတ်တော့ဘူး၊ အခုက မြို့ပတ်ချာလည်မှာ ချနေကြတယ်၊ လေယာဉ်က တောက်လျှောက် ကြဲနေတယ်" လို့ ဆင်ဖြူကျွန်း မြို့ ခံတဦးက ပြောပါတယ်။

ဒါ့အပြင်...

- ပေါက်မြို့နယ်မြောက်ပိုင်းဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က ၁၂ ဦးသေဆုံး၊ ၃၀ ကျော် ဒဏ်ရာရ၊ တဦးလက်နက်ချ...

- ဖလမ်းမြို့ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ချင်းတော်လှန်ရေးပူးပေါင်းတပ်တွေက တိုက်ခိုက်ရာမှာ ဗိုလ်ကြီး တဦးအပါဝင် စစ်သား ၃ ဦးသေ၊ သေနတ် ၄ လက် သိမ်းမိ...

- ဗန်းမော်မြို့အပါဝင် ဝိုင်းမော်၊ ဖားကန့်၊ တနိုင်း၊ ခေါင်လန်ဖူးမြိုန့ယ်တွေဖက်မှာ တိုက်ပွဲတွေ နေ့စဉ်ဖြစ်နေပြီး စစ်တပ်ရဲ့ ထိုးစစ်ကို KIA နဲ့ မဟာမိတ်တွေက ခုခံတိုက်ခိုက်နေ...

- ရေဖြူမြို့နယ်၊ ညင်းထွေးရွာအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြားတိုက်ပွဲဖြစ်နေစဉ် လက်နက်ကြီးတွေ ကျရောက်တဲ့အတွက် ရွာသား ၂ ဦးသေ၊ ၉ ဦးဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, December 22, 2025

ဂုတ်ကြီးဖက် ဝင်လာတဲ့ စစ်ကောင်စီတပ်ကို AA ချေမှုန်း... တောင်သာတိုက်ပွဲ စစ...


ဂုတ်ကြီးဖက် ထိုးဝင်လာတဲ့ စစ်ကောင်စီတပ်ကို AA က ချေမှုန်း... တောင်သာတိုက်ပွဲ စစ်တပ်ဖက်က သေဆုံးမှုများ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၃ ဒီဇင်ဘာ ၂၀၂၅)

ပြီးခဲ့တဲ့ရက်အတွင်း အာရက္ခတပ်တော်(AA)က ပြန်လည်ထိန်းချုပ်လိုက်တဲ့ နတ်ရေကန်အနီးက ဂုတ်ကြီးကျေးရွာဆီ စစ်ကောင်စီတပ်က ထပ်မံထိုးစစ်ဆင်လာတဲ့အတွက် တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဖက်က ထိခိုက်သေဆုံးမှုများနေတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။

၂၁ ရက်နေ့မှာ AA ပြန်ထိန်းချုပ်လိုက်တဲ့ နတ်ရေကန်နဲ့ ၂ မိုင်ခန့်အကွာရှိ ဂုတ်ကြီးစခန်းဆီ မြေလတ်ရွာ စုရပ်စခန်းက စစ်ကြောင်းတခု၊ ဦးထုပ်တောင်ဖက်က စစ်ကြောင်းတခု ဒီဇင်ဘာ ၂၂ မှာ ထိုးစစ်ဆင်လာတာဖြစ်ပြီး ၂ ကြောင်းစလုံးကို AA နဲ့ မဟာမိတ်တွေက ဖြတ်တောက် ချေမှုန်းနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ယင်းမာပင်မြို့နယ်၊ ရွှေတောင်ဦးစခန်းကနေ ပန်းတိန်ပြင်ရွာနဲ့ ကျောက်မှော်ရွာဖက် ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ၉ ဦးသေပြီး ၁၀ ကျော်ဒဏ်ရာရ...

- တောင်သာမြို့နယ်၊ ရုံးစည်ကြီးကျေးရွာရှိ စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ဘန်ကာတွေကို သိမ်းနိုင်ခဲ့ပြီး စစ်တပ်ဖက်က သေဆုံးမှုများနိုင်...

- ကောလင်းမြို့နယ်အရှေ့ဖက်ခြမ်းရှိ သစ်ဖုလတောင်တိုက်ပွဲဆီ စစ်ကူထပ်ပို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို တိုက်ခိုက်စဉ် စစ်သား ၇ ဦးကို လက်ရဖမ်းမိတာအပြင် လက်နက် ၁၀ ပါ လက်သိမ်းမိ...

- ပဲခူးတိုင်းစစ်ဌာန ၊ နည်းဗျူဟာ (၂၂)  ရဲ့အခြေခံစစ်သင်တန်း အပတ်စဉ်(၁) သင်တန်းဆင်းပွဲကို ဒီဇင်ဘာ ၂၁ ကကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

အသက် ၆၀ ဆို အိုပြီလား...

 အသက် ၆၀ ဆို အိုပြီလား...

(၁၆ ဒီဇင်ဘာ ၂၀၂၅)



(၁) နိဒါန်း...
ကျနော်ရဲ့ ၁၆ နှစ်ပြည့် မွေးနေ့အတွက် ဆုတောင်းပေးသူ အားလုံးကို အထူးကျေးဇူးတင်ပါကြောင်း အရင်ဆုံးပြောပါရစေ...
(ဆောရီး- ပထမ စာကြောင်းက မျက်မှန်မပါပဲ ရိုက်မိလို့ပါ... ၆၁ နဲ့ ၁၆ ပြောင်းပြန်ဖြစ်သွား)😁
တကယ်က “အသက် ၆၀ ဆို အိုပြီလား”...ဆိုတာကို မနှစ်ကတည်းက ရေးဖို့ စိတ်ကူးထားတာပါ။ ဒါပေမယ့် ...သိတယ်မို့လား... အိုတဲ့ အကြောင်း သိပ်မပြောချင်ကြဘူးလေ...။
ဒီနှစ်ကတော့ ကိုယ့်ထက်အသက်ကြီးတယ်လို့ထင်ထားပေမယ့် တနှစ်မက ကိုယ့်ထက် အသက်ငယ်နေသူ (AB ဆေးကျောင်းသားကြီး) တဦးက အိုခြင်းရဲ့အကြောင်းတွေ... စီကာပတ်ကုံးရေးထားတော့... အင်း- ကိုယ်လည်း...“ငါ မအိုသေး” ဆက်လုပ်နေလို့မဖြစ်ဘူး... အရှိတရားလေးတော့ လက်ခံအူးမှပါဆိုပြီး... အိုခြင်းကို ဝန်ခံရတော့မယ် ဆိုပါတော့...။
အသက် ၆၀ အကြောင်းပြောရင် ... ပထမ ဆုံးသတိရမိတာက...“အသက် ၆၀ နီးပါးအရွယ် အဖိုးအိုတဦး”...ဆိုတဲ့ ဝါရှင်တန်အခြေစိုက် မီဒီယာကြီးတခုရဲ့ အသုံးအနှုန်းပါ။ လွန်ခဲ့တဲ့ ၂ နှစ်လောက်က အဲလို သုံးဖူးတယ်ထင်ပါတယ်- အဲတုန်းကလည်း အဲဒီ အသုံးအနှုန်းကို ကန့်ကွက်ကြောင်း ရေးမိပါသေးတယ်...။
အဲဒီ သတင်းဌာနက အယ်ဒီတာအတော်များများက ဘော်ဘော်တွေဆိုတော့ နောက်ပြီး ရေးမိတာပါ...။ ဒါပေမယ့် အခု ၂ နှစ်လောက်ကြာတဲ့အခါမှာတော့ အဲလို နောက်စရာ သတင်းဌာနက မရှိတော့ဘူး... (မောင်မောင်ထရန့် တဂိုးနဲ့ ရာထူးတိုးကုန်ကြပြီ)
သင်္ခါရသဘောကို လက်တွေ့ပြသွားခြင်းလား...
“တည်မြဲခြင်းဆိုတာ တကယ်တော့ မတည်မြဲဘူး”...ဆိုပြီး သံဝေဂ ယူရမလား၊ ဒုတိယ ကမ္ဘာစစ် မတိုင်ခင်ကတည်းက ရှိနေတဲ့ အစိုးရပိုင် သတင်းဌာနကြီးတခု ဒီလို ပျောက်သွားလိမ့်မယ်လို့ ဘယ်သူက ကြိုတွေးမိမှာလဲ...။
ကိုယ်တွေ အလုပ်ပြုတ်လို့ အဆင်မပြေဖြစ်ရင် “မအလ” ကြောင့်ဆိုပြီး ဆဲ လို့ရသေးတယ်။ သူတို့မှာ ဘယ်သူကို သွား ဆဲရမှန်းမသိ...။ သံဝေဂယူဖွယ် - တရားရဖွယ်ပါပဲ။
..နေပါအူး... တရားသဘော သိပ်များသွားပြီ၊ ပုတီးပဲ ကိုင်ရတော့မလိုလိုဖြစ်ကုန်ပြီ...ပုတီးကိုင်လ်ု့တော့မဖြစ်ဘူး...ဟင်နစီလေး သောက်ပြီးရေးမေတာဆိုတော့... 🙂
စာက မသွက်တော့ဘူး...။ တကယ်ပြောချင်တာက အဲဒီ သတင်းဌာနက အယ်ဒီတာတွေလည်း ကိုယ့်ထက် အသက်ကြီးတယ်လို့ ထင်ထားပေမယ့် တကယ့်က ကိုယ်လောက် အသက်မကြီးကြသေးဘူး၊ အခုထိ ၆၀ မပြည့်သေးသူတွေက အများစုပါဆိုပြီး ပြောမလို့ပါ။
----
(၂) အိုခြင်းတရားကို ဘယ်အချိန်မှာ သတိထားမိသလဲ...
အိုခြင်းတရားကို ကြုံရတဲ့အချိန် တယောက်နဲ့ တယောက် မတူကြဘူးလို့ ထင်ပါတယ်။ (ဆေးပညာအရ ဘယ်လိုသတ်မှတ်ထားလဲတော့ မသိပါ။ မိမိ အတွေ့အကြုံကိုသာ ရေးပြခြင်းဖြစ်ပါတယ်)
ရှေ့မှာပြောခဲ့သလို တယောက်က ၆၀ မပြည့်ခင်မှာတင် အိုခြင်းရဲ့ ထိတွေ့မိမှုတွေအကြောင်းပြောနေပေမယ့် တယောက်က ၆၀ ကျော်တဲ့အထိ အိုခြင်းဆိုတာ ဘာမှန်းမသိသေး။
အိုတယ်ဆိုတာ ရုပ်ပိုင်း- စိတ်ပိုင်း ၂ ခုစလုံး အိုသွားတာမျိုးလား...။
အဲ... စိတ်ပိုင်းဆိုင်ရာက တယောက်နဲ့တယောက်မတူနိုင်တဲ့အတွက် စိတ်တော့ မအိုသေးဘူးထင်တာပဲ...။😊
ဒါဆို ရုပ်က အိုပြီလား...။
အင်း... ၆၀ မပြည့်ခင် ၂ နှစ်လောက်စပြီး “ငါ အိုစပြုပြီလား မသိဘူး” ဆိုပြီး စိတ်ထဲ ပထမ ဆုံးအကြိမ်ခံစားမိပါတယ်။
နွေရာသီ စက်ဘီးထရေနင်ဆင်းရင် ကီလို ၃၀ လောက်ကို တနာရီဝန်းကျင်အတွင်း ဝင်အောင် စီးနေရာကနေ ... တဖြေးဖြေးနဲ့ တနာရီ နည်းနည်းကျော်လာပါတယ်။
အဲ... ပိုသိသာတာက တောင်ကုန်းတွေကို သူ့အလိုလို ရှောင်လာပါတယ်။ အရင်ကဆို တွေ့သမျှတောင်ကုန်းတိုင်း ကုန်းထိပ်ရောက်ခါနီးရင် စပရင့် ထ ကိုင်တာပါပဲ၊ နောက်တော့ အဲဒါလည်း အော်တို မလုပ်တော့ပါဘူး။ ကားရှုပ်တဲ့ လမ်းတွေဖက်လည်း အော်တို မသွားရဲတော့ပါဘူး။
ကိုယ့်ကိုကျော်စီးသွားသူတွေကိုလည်း အရင်လို အမီ မလိုက်တော့ပါဘူး။ “သူ့ နှုန်းနဲ့ သူပဲပေါ့။ စပိက အဓိကမဟုတ်ဘူး။ ချွေးထွက်ဖို့က အဓိက” ဒီလို ဖြစ်လာပြီး- အင်း... ငါတော့ နည်းနည်း အိုစပြုပြီနဲ့တူပါတယ်- ဆိုတာကို ကိုယ့်ဘာသာ လက်ခံလာတယ် ဆိုပါတော့...။
ဒါက... လမ်းမပေါ်က လေ့ကျင့်ခန်း။
နေ့စဉ်ဘဝမှာကော အိုခြင်းကို ဘယ်လိုတွေ့ရသလဲ...။
အရင်က အနုတ် ၁၀ လောက်ကို မမှုဘူး။ ဒီလိုပဲ ဆောင်းတွင်းအတွင်းခံမပါ၊ ဆောင်းဖိနပ်မပါ လျောက်သွားနေတာ ဘာမှမဖြစ်ဘူး။ အခုက နည်းနည်းအေးရင် ခြေတောက် အကျောနာသလိုလို၊ လက် အကျောနာသလိုလို ဖြစ်လာပါရော့လား...။
အရင်က အနွေးပေးစက် တော်ရုံနဲ့မဖွင့်ပေမယ့် အခုက မရဘူး။ သုည မရောက်ခင်ကတည်းက အနွေးပေးစက် ဖွင့်နေရပြီ။
ကံကောင်းတာကတော့ ဆီးချို-သွေးတိုး မရှိသေး (မရှိဘူးထင်တာပဲ- တခါမှ မစစ်ရသေး၊ ဆရာဝန် ဘော်ဘော်တွေပြောတာကတော့ အဲဒီ လက္ခဏာ မင်းမှာမရှိပါဘူးတဲ့)၊ အစားမပျက်၊ အအိပ်မပျက်သေး။ အဲ... သွားတော့ ကျိုးပြီ- (ဈေးကကြီးတော့ ပြန်မစိုက်နိုင်တာက အိုခြင်းကို ပိုမြန်စေသလားပဲ)၊ ဆံပင် မဖြူသေး...(အော်ရဂျင်နယ်နော်- ဆေးဆိုးထားတာမဟုတ်ဘူး။ ဘေဘီအွီုင်း လိမ်းထားတာကလွဲရင်)😀
ဒီလိုနဲ့... အခု ၆၁ နှစ်ရှိပြီ...
မြန်မာတဦးရဲ့ သက်တန်းနဲ့ဆို အဖိုးကြီးပေါ့။ နောက်ထပ် ဘယ်လောက် နေရဦးမလဲ...။
နှစ် ၂၀ လား...။
မောင်မောင်ထရမ့်တို့တောင် အသက် ၈၀ မှာ သမ္မတလုပ်တုန်းဆိုတော့... နောက် နှစ် ၂၀ အတွင်း သမ္မတ မဖြစ်ဘူးလို့ ဘယ်သူပြောနိုင်မှာလဲ...။
အဲ... ကိုယ်ဘာသာ ပြောနိုင်တာပေါ့။ သမ္မတဖြစ်ဖို့ဆိုရင် သမ္မတ ဖြစ်အောင် လုပ်နေမှရမှာပေါ့။ ထီပေါက်ချင်ရင် အနည်းဆုံးတော့ ထီတော့ ထိုးနေရမှာပေါ့။ ထီတောင် မထိုးပဲ ထီပေါက်ချင်နေလို့တော့ ဘယ်ရမလဲ...
ဒါပေမယ့် ရာဇဝင်ထဲမှာ (ပုံပြင်လားမသိပါဘူး) တော့ ကံဇာတာပါလာရင် တားလို့မရဘူး။ ကျောက်ဖြာပေါ်မှာ အိပ်နေရင်တောင် မင်းလောင်းရှာတဲ့လူတွေက လာတွေ့သွားပြီး ဝေါယာဉ်ကြီးနဲ့ နန်းတော်ကြီးဆီ ပင့်ဆောင်သွားတယ်ဆိုလား...
ဒါကြောင့် နွေဖက်ဆိုရင်တော့ အိမ်နောက်ဖက် တောအုပ်ထဲက ရေကန်ကြီးဘေးရှိ ကျောက်ဖျာပေါ်မှာ တက်တက် အိပ်နေတာ (ဆောင်းတွင်းတော့ သွားမလုပ်နက်- ဝေါယာဉ်မလာပဲ အရေးပေါ်ယာဥ်လာလိမ့်မယ် ) အခုထိတော့ ဝေါယာဉ်သမားတွေ ကိုယ်အိပ်နေတာ မတွေ့မိသေးဘူးနဲ့ တူပါတယ်...။🙂
---
(၃) အသက် ၆၀ မှာ ဘာတွေ ရယူပြီးပြီလဲ၊ ... ဘဝမှာ ပန်းတိုင်ဆိုတာ ရှိသင့်လား...
(ဒီအပိုင်းကိုတော့ နောက်နေ့မှ ဆက်ရေးပါအူးမည်... စာရှည်ပြီ...)
(ပုံကတော့ အိုတဲ့ပုံ မတွေ့သေးလို့ ... မအိုသေးဘူးထင်ရတဲ့ပုံပဲ တင်လိုက်ရပါကြောင်း...)

မွေးနေ့ စကား... အဆက်...

 မွေးနေ့ စကား... အဆက်...

(၁၈ ဒီဇင်ဘာ ၂၀၂၅)
အသက် ၆၀ မှာ အောင်မြင်မှု ဘာတွေရှိခဲ့သလဲ... ဘဝရဲ့ ပန်းတိုင်က ဘာလဲ...



(၁) New year resolutions ကို မွေးနေ့မှာလည်း လုပ်သင့်သလား...
လူတွေဟာ နှစ်သစ်ကူးချိန်ရောက်ရင် တနှစ်တာကို ပြန်သုံးသပ်၊ ရှေ့နှစ်မှာ ဘာဆက်လုပ်မလဲဆိုတာ အစီစဉ်ဆွဲလေ့ရှိတယ်လို့ ဆိုပါတယ်။ နိုင်ငံတကာသုံး ဝေါဟာရအတိုင်းဆိုရင်တော့ New year resolutions ပေါ့။ မြန်မာတွေ လုပ်လေ့ရှိသလား... အနောက်တိုင်းသားတွေပဲ လုပ်သလား... မသေချာ။
လွန်ခဲ့တဲ့ နှစ်တွေကတော့ နှစ်သစ်ကူးချိန်၊ ခရစ်စမတ်အချိန်မှာ ဘော်ဘော်တချို့ New year resolutions ရေးတာမျိုးတော့ ဖတ်ဖူးပါတယ်။
နှစ်သစ်ကူးချိန်မှာ New year resolutions လုပ်သလိုမျိုး... မွေးနေ့မှာလည်း လုပ်သင့်တယ်လို့ ထင်မိကြပါသလား...
တနှစ်မှာတခါ၊ မွေးနေ့ရောက်မှ လုပ်တာအပြင် နေ့စဉ် အိပ်ယာဝင်ချိန်မှာလည်း တရက်တာကို summary လုပ်သင့်တယ်လို့ ဆိုကြပါတယ်...။ ဘော်ဘော်တယောက် အဲလို ရေးထားတာတွေ့မိလို့ ... အဲလိုလုပ်နေမိတာ ၁၀ နှစ်လောက်တောင် ရှိပြီလားမသိဘူး။ (သတိရတဲ့နေ့တွေပေါ့- တခါတလေ သတိမရပါဘူး)
လွန်ခဲ့တဲ့ ၂၄ နာရီအတွင်း (အိပ်ချိန် ၈ နာရီနုတ်ရင် ၁၆ နာရီပေါ့) ငါဘာတွေ ဆောင်ရွက်ခဲ့သလဲ...။ အကောင်း % နဲ့ အဆိုး % ဘယ်ဟာက ပိုများသလဲ...၊ မနက်ဖန် ပိုကောင်းအောင် ဘယ်လိုလုပ်မလဲပေါ့...
---
(၂) မွေးနေ့ဖက်ကို ပြန်လှည့်ရမယ်ဆိုရင်တော့...
ကျနော်တို့ မွေးဖွားရာကျေးလက်ဒေသမှာ မွေးနေ့ပွဲဆိုတာ သာမန်လူတွေကြားမှာ မကြားဖူးပါဘူး။ မွေးနေ့ပွဲ ကျင်းပတာ အနောက်တိုင်း ယာဉ်ကျေးမှုလို့ကြားဖူးပေမယ့် ကျနော်တို့ရွာမှာတော့ ရွာဦးဆရာတော်တပါးပဲ မွေးနေ့ပွဲ နှစ်စဉ်ကျင်းပနေတာ သတိထားမိပါတယ်။
မှတ်မိသလောက်ဆိုရင် အထက၊ ထားဝယ်ကောလိပ်၊ မော်လမြိုင်တက္ကသိုလ်ရောက်တဲ့အထိ၊ တက္ကသိုလ်ကနေ တောထဲရောက်၊ ထိုင်းထဲရောက်၊ နော်ေ၀ DVB ကိုရောက်ပြီးတဲ့အချိန် အသက် ၃၅ လောက်အထိဟာ မွေးနေ့ပွဲ တခါမှ မလုပ်ဖူးဘူးလို့ထင်ပါတယ်။
အဲဒီနောက်ပိုင်းတော့ မွေးနေ့မှာ သကြားလုံးဝေတာမျိုးတော့ လုပ်ဖူးပါတယ်။ နောက်ပိုင်းတော့ ယဉ်ကျေးမှုနည်းနည်းမြင့်လာပြီး... သူများမွေးနေ့ပွဲတွေမှာ “လိုအပ်သည်များ မှာစား” တာတွေ ဘာတွေ လုပ်တတ်လာပါတယ်။
အဲ... မွေးနေ့ပွဲကို ကြီးကြီးကျယ်ကျယ် ကျင်းပဖြစ်တာကတော့ ... အခု ဆိုရှယ်မီဒီယာ ထွန်းကားလာချိန် လွန်ခဲ့တဲ့ ၁၅ နှစ်လောက်ကမှ စတယ်လို့ ထင်ပါတယ်။ ... ဘယ်လို တခန်းတနား ကျင်းပလဲ...ဆိုတော့...
အခုလို စာတွေ ရှည်လျားထွေပြာရေးပြီး... ငွေကုန်ကျေးကျ မရှိစေပဲ... လူထင်ကြီးအောင် ကျင်းပတဲ့နည်းပေါ့...
ဒါပေမယ့် ၁၅ နှစ်လုံးလုံး FB ပေါ်မှာချည်း အာဖျံကွီး လုပ်နေတာမျိုးတော့လည်း မဟုတ်ပါဘူး။ လွန်ခဲ့တဲ့ ၂၀၁၄ ခုနှစ်က ဒီလိုအချိန်မှာ မြန်မာပြည် ပြန်ခွင့်ရတဲ့အတွက် အသက် ၅၀ ပြည့်မွေးနေ့ပွဲကို မွေးရပ်မြေ ကျေးလက်ဒေသက (ရှေ့မှာပြောခဲ့တဲ့ ရွာဦးကျောင်းက ဆရာတော်ဆီမှာ) ဘုန်းကြီးကျောင်းမှာ လူကိုယ်တိုင် ကျင်းပခွင့်ရတာမျိုး ရှိခဲ့ဖူးပါတယ်။
နောက် ၂၀၂၁ ခုနှစ် စစ်တပ်က အာဏာမသိမ်းခင် ရန်ကုန် နေ့ရက်များ သာယာစဉ်တုန်းကလည်း တာဝန်ထမ်းရာ ရုံးခန်းနဲ့ ရန်ကုန်က Rooftop တွေမှာ တခွက်တဖလားမော့ပြီး Happy Birthday လုပ်ခဲ့ဖူးပေါ့။
၂၀၂၁ ကနေ အခုထိကတော့ လေလှိုင်းထဲက...ဘာအစိုးရ- ညာအစိုးရဆိုသလို ခေတ်မီနည်းပညာအထောက်အကူနဲ့ ... Zoom ပေါ်က Happy Birthday ပေါ့။
---
(၃) အဲတော့... မေးခွန်းက အဲဒီမွေးနေ့တိုင်းမှာ ရှေ့မှာပြောခဲ့သလို summary တွေ၊ New year resolutions လုပ်ဖြစ်ခဲ့သလား ဆိုတာပါပဲ။
မလုပ်ဖြစ်ပါဘူး။ လုပ်ဖို့ လိုအပ်သလားပေါ့...။
၂၀၁၃ မှာ ပထမ အကြိမ် ပြည်တော်ပြန်ခွင့်ရတော့ ကိုယ်လိုပဲ ပြည်တော်ပြန်တဦးက ပြည်တွင်းထုတ် ဂျာနယ်တခုမှာ ဆောင်းပါးရေးပါတယ်။ သူ့အတွေ့အကြုံများစွာကို ဖေါ်ပြတဲ့အထဲမှာ အချက်တခုပါလာတာက... “ABSDF ရဲဘော်တွေ၊ တောတွင်းကာလ ရဲဘော်တွေကြား တွေ့မိတာက ... နောက် ၅ နှစ်မှာ ဘာဖြစ်ရမယ်၊ အသက် ဘယ်လောက်ဆို ဘာဖြစ်နေရမယ် ဆိုတဲ့ စီမံကိန်းမျိုး မရှိကြဘူးတဲ့...”
အဲဒီအချက်ကို ဖတ်မိပြီး... ငါလည်း နောက် ၅ နှစ်မှာ ဘာဖြစ်ရမယ်၊ အသက် ၅၀ မှာ ဘာဖြစ်နေရမယ်ဆိုပြီး စီမံကိန်း ရှိခဲ့ဖူးသလား... ပထမ ဆုံးအကြိမ် စဉ်းစားမိပါတယ်။
မူလတန်းကျောင်းသားဘဝ၊ အလယ်တန်းကျောင်းသားဘဝမှာတုန်းက ငါ ကြီးလာရင် ဘာဖြစ်ရမယ်လို့ ရည်မှန်းချက် တခုခု ချထားမိတာမျိုးရှိကြပါသလား...။ ကျနော်တော့ မရှိခဲ့ဘူးလို့ ထင်တာပဲ။
“လူရည်ချွန်ဖြစ်အောင် ကျနော်ကြိုးစားမည်” ဆိုတဲ့ သီချင်းနဲ့ အဲဒီလိုဖြစ်အောင် ကြိုးစားကြတဲ့ လူငယ်များစွာ မဆလ ခေတ်မှာ ကြီးပြင်းလာ...။ ကိုယ်တောင် ဒုတိယ နှစ်မှာလား မသိဘူး။ လူရည်ချွန်တွေနဲ့အတူ အညာစစ်ကိုင်းဖက် (အခု တိုက်ပွဲဖြစ်နေတဲ့ နေရာတွေထင်တာပဲ) တလတာ လုပ်အားပေး သွားခဲ့ဖူးပေါ့။
ကျနော်တို့ခေတ်က ဆရာဝန်ဖြစ်ဖို့ဆိုတာ စာတော်ရုံနဲ့မရ၊ ကျောင်းစရိတ်လည်း တတ်နိုင်မှ...။ ဒီအနောက်နိုင်ငံတွေမှာလို ကျောင်းသားချေးငွေ စနစ်က ရှိတာမဟုတ်ဘူး။ မိဘ ဆင်းရဲ-ချမ်းသာပေါ် မူတည်ပြီး သား-သမီးတွေရဲ့ ဘ၀ ရှင်သန်ပုံက ကွဲပြားသွားရတာမျိုး...။
ရွာကအခြေအနေကိုပဲ ပြန်ကောက်ရရင် ကျနော့်အရင် ၁၀ တန်းအောင်သူ ရွာမှာ ၂ ယောက်ပဲရှိပါတယ်။ ဒါတောင် ကမြောကင်းတံတားပြီးလို့ စက်ဘီးနဲ့ ထားဝယ်မြို့ပေါ်ကျောင်းတက်နိုင်တာမျိုး...၊ အဲဒီမတိုင်ခင်ကဆို ကူးတို့ဆိပ်ကနေ လက်လှော်လှေနဲ့ နေ့စဉ် ကူးပြီးသွားရတာမျိုး။ ရန်ုကုန်-ဒလလို ဇက်တွေ ရှိရင်တော့ မဆိုးဘူးပေါ့။
ဆိုလိုတာက... ၄ တန်းအောင်၊ ၈ တန်းအောင် ရေးတတ်-ဖတ်တတ်ရင် တော်ပြီဆိုတဲ့ ခေတ်မှာ မွေးဖွားလာသူ၊ ၁၀ တန်းအောင်တဲ့အထိ ကျောင်းတက်ဖို့တောင် မသေချာပါဘူး။ ကံကောင်းထောက်မစွာနဲ့ တက္ကသိုလ်အထိ ရောက်သွားတယ်လို့​ေတာင် ဆိုနိုင်ပါတယ်။
ပညာရေးနဲ့ပတ်သက်ပြီး မိဘတွေ ပြောတာကိုကြားဖူးတာက...“ငါတို့လို နေပူထဲ ပင်ပင်ပန်းပန်း အလုပ်မလုပ်ရအောင်၊ ပန်ကာအောက်မှာနေပြီး အလုပ်လုပ်နိုင်အောင် နင့်ကို ကျောင်းထားပေးတာ”...
ဆယ်တန်းအောင်ပြီး ရုံးစာရေးလောက်၊ မူလတန်းပြ ကျောင်းဆရာလောက် ရရင် တော်ပြီဆိုတဲ့ သဘော...။
ဒါပေမယ့် သိတယ်မို့လား... အဲဒီခေတ်က တက္ကသိုလ်တက်ချင်တဲ့ ရောဂါကလည်း မသေးလှဘူး။ တက္ကသိုလ်တက်ချင်တယ်ဆိုတာကလည်း ဒီ အနောက်နိုင်ငံတွေမှာလို အလုပ်ကောင်းကောင်း၊ လစာ ကောင်းကောင်း ရချင်လို့ မဟုတ်ပြန်ဘူး။
လူပြိန်းကြိုက် အချစ်ဝတ္တုတွေဖတ်ပြီး တက္ကသိုလ်မှာ လူတွယ်ကျယ်သွားလုပ်ချင်တာမျိုး...။ “တက္ကသိုလ်ကျောင်းသားဘဝဟာ ဘဝမှာ ပျော်ဖို့အကောင်းဆုံးအချိန်” လို့ ဆိုကြတာကိုး...
အဲဒီလို ပျော်လို့ကောင်းတုန်း... ဝုန်းဆို... ငွေစက္ကူအရေးခင်းဖြစ်၊ ၈ လေးလုံး အရေးတော်ပုံဖြစ်... နံရံတွေ၊ ဆိုင်းဘုတ်တွေကို ခဲနဲ့ထု... စစ်သားတွေက ကျည်အစစ်နဲ့ ပြန်ထုတော့... လက်နက်ကိုင်တော်လှန်ရေးလုပ်မှရမယ်ဆိုပြီး...တောခိုလိုက်တာ အခုထိ အိမ်ပြန်မရောက်နိုင်တော့တဲ့ ဘဝ...။
---
(၄) နိုင်ငံခြားရောက်တော့ကော ပညာဆက်သင်ဖြစ်သလား...
အဲလို ဘဝပျက်- ရည်မှန်းချက်ပျက်...(တကယ်က အဲလိုလည်း မဟုတ်ပါဘူး) ဘဝတွေ- ရည်မှန်းချက်တွေအပျက်ခံပြီး လူထုတရပ်လုံး လွတ်မြောက်ရေးအတွက် အသက်ပေး တိုက်ပွဲဝင်ခဲ့တာမျိုးပါ။
ဒါမေပယ့် တော်လှန်ရေးတခုအောင်ဖို့ဆိုတာ အသက်ပေးရုံနဲ့မရ၊ စွန့်လွတ်အနစ်နာခံနိုင်ရုံနဲ့ မရ၊ သတ်မှတ်ချက်တွေ အသီးသီးပြည့်မီမှ၊ ကမ္ဘာ့နိုင်ငံရေးအခင်းအကျင်းနဲ့လည်း ကွက်တိလိုက်ပါနိုင်မှ အောင်မြင်တာမျိုး...
အဲတော့... အဲဒီ တောတွင်းကာလကို ကျော်လွန်ပြီး နိုင်ငံရပ်ခြားရောက်တဲ့အခါမှာကော ပညာဆက်သင်ဖြစ်သလား...၊ မောင်ရင်ရဲ့ ရည်မှန်းချက်က ဘာလဲ...။ ငယ်ငယ်က ရည်မှန်းချက်ကို ပြန်အကောင်ထည်ဖေါ်ဖို့ စိတ်မကူးမိဘူးလား...
“အူးလေးကလည်း... ကျနော်တို့နိုင်ငံခြားရောက်တာက တက္ကသိုလ်ကျောင်းသားအရွယ် နိုင်ငံခြား ပညာတော်သင်အဖြစ် ရောက်လာတာမဟုတ်ဘူးလေ”...။ ဒုက္ခသည်အဖြစ် ရောက်လာတာ၊ အလုပ်သမားတွေအဖြစ် ရောက်လာတာ...
ဒါပေမယ့် ဒီလို ဒုက္ခသည်အဖြစ်ရောက်လာသူတွေထဲမှာပဲ Phd ဘွဲရတဲ့အထိ ကျောင်းဆက်တက်သူတွေ၊ လုပ်ငန်းရှင်ကြီးတွေဖြစ်တဲ့အထိ ထွန်းပေါက်သွားလူတွေလည်း ရှိပါတယ်။ တောတွင်းဘဝကို ဖြတ်ရုံပဲဖြတ်ပြီး နိုင်ငံခြား မြန်မြန်ပြေးသူတွေ မြန်မြန် ကြီးပွားတယ်ဆိုပြီး ဝေဖန်သူတွေရှိပေမယ့်... စောစောပြေးတိုင်းလည်း ထွန်းထွန်းပေါက်ပေါက် မဖြစ်ပါဘူး။ တဦးချင်းစီရဲ့ ကြိုးစားမှုနဲ့ပဲ ဆိုင်မယ်ထင်ပါတယ်။
ထားတော့...သူများအကြောင်းတွေ။
အသက် ၆၀ ရှိပြီဆိုတော့ ကျောင်းဆက်တက်လို့ မရတော့ဘူး။
နှစ် ၆၀ စာကို C-60 တခွေစာနဲ့ ရီဗျုး -တကြောင်းဆွဲ ဆွဲကြည့်မိတာပါ။ တစုံလုံး- မျိုးဆက် တခုစာလုံးအတွက် ကာဗာ မဖြစ်လောက်ပါဘူး။
---
(၆) ၆၀ အလွန်မှာ ဘာတွေဆက်လုပ်မလဲ... ဗီဇာ ဘယ်လောက် ကျန်သေးလဲ...
၆၀ အလွန်မှာ ဘာတွေ ဆက်လုပ်မှာလဲ...ဆိုတော့...၊ အရင်ကကော... ခင်ဗျားက ဘာတွေများ ကြီးကြီးကျယ်ကျယ် လုပ်ခဲ့ဖူးလို့လဲ... မေးစရာရှိပါတယ်။
ငယ်ငယ်က ပန်းတိုင်အတိအကျ ချထားတာမျိုး မရှိခဲ့ဘူးဆိုပေမယ့် စာတိုပေစတွေဖတ်ပြီး ကဗျာဆရာဖြစ်ချင်သလိုလို၊ စာရေးဆရာဖြစ်ချင်သလိုလိုတော့ ရှိခဲ့ဖူးပါတယ်။ ပြီးတော့ ရေဒီယိုတွေနားထောင်ပြီး ကုလသမဂ္ဂ အတွင်းရေးမှုးချုပ်ပဲ ဖြစ်ချင်သလိုလို၊ ဝန်ကြီးချုပ်ပဲဖြစ်ချင်သလိုလို ဒီလို စိတ်ကူးတည့်ရာ စဉ်းစားမိတာမျိုးတော့ ရှိတာပေါ့။
ဟော... နှစ် ၆၀ ကြာပြီးတဲ့အချိန်... ပြန်ကြည့်မိတော့ ငယ်ငယ်က စိတ်ကူးဖူးတဲ့ စာရေးဆရာဖြစ်ချင်သလိုလိုဆိုတာ (ကိုယ်တောင် သတိမထားမိဘူး) တကယ်ဖြစ်နေလေရဲ့။ “သူပုန်ကျောင်းသားတဦးရဲ့ မာရသွန်ခရီး” ဆိုတာ ရေးခဲ့ဖူးတယ်လေ။
တလောက ကွယ်လွန်သွားတဲ့ (ထားဝယ်သား-တောပြန်) မော်ဒန်စာရေးဆရာတဦးရဲ့ ဓာတ်ပုံဟောင်းတွေကို ပြန်ကြည့်မိတော့မှ ရန်ကုန်က ပွဲအတော်များများမှာ ကိုယ်ဘေးနား ထိုင်နေသူတွေက စာရေးဆရာ၊ ကဗျာဆရာတွေပါလား...ဆိုတာ သတိထားမိ။
ဒါပေမယ့် ကိုယ့်ရဲ့ တကယ့်အသက်မွေး ဝမ်းကျောင်းအလုပ်က သတင်းသမား...။ ဒါကတော့ ငယ်ငယ်တုန်းက ဘယ်လိုမှ စိတ်ကူးထဲ မရှိခဲ့ဖူးဘူး ထင်တာပဲ။ အဲတုန်းက သတင်းထောက်ဆိုတာ မြန်မာ့အလင်းနဲ့ လုပ်သားနေ့စဉ်ပဲ ရှိလားမသိဘူး။
ကျန်းမာရေးအကြောင်းကတော့... ရှေ့အခန်းမှာ ပြောခဲ့ပြီးပြီ။ ... အဲ- ဘိုးဘွားရိပ်သာ သွားရဖို့ နီးလာပြီလား...
မြန်မာတွေရဲ့ အစဉ်အလာ (မိရိုးဖလာ ဗုဒဘာသာနဲ့ဆိုင်မယ်ထင်)စဉ်းစားပုံအရဆိုရင်တော့ အရွယ် ၃ ပါးမှာ တတိယ အရွယ်ရောက်နေပြီ၊ ...ပုတီးကိုင်ပြီး ဘုန်းကြီးကျောင်း သွားသင့်ပြီလား...
အချို့ဘော်ဘော်တွေကတော့... သေရင်ဘာမှမပါဘူး။ ဘုရားတရားလေး လုပ်အူး...။ နောက်ဘဝအတွက် ပြင်ဆင်ချိန်ရောက်ပြီ... ဒီလိုပြောကြတာလည်း ကြားဖူးပါတယ်။
ဒီဘဝမှာတောင် ဘာမှ ပြင်ဆင်ချိန်မရပဲ အသက် ၆၀ ဘယ်လိုပြည့်သွားမှန်းမသိ ... နောက်ဘဝအတွက် ဘယ်လိုပြင်မှာလဲ...။ “သေခြင်းရဲ့ အလွန်အတွက် ပြင်ဆင်ခြင်းငှာ... ငါကိုယ်တော် ညဏ်မမီသေး”...။
ဆိုတော့ကာ...
ပစ္စုပ္ဗန်တည့်တည့်ကို ရှု၊ ...အတိတ်က အဆင်မပြေခဲ့တာတွေကိုလည်း စိတ်ညစ်ခံပြီး တွေးမနေနက် (ခက်တာက အတိတ်ကြောင်း ပြန်တွေး- ပြန်ရေးတာက အလုပ်တခုလိုဖြစ်နေ)
ဘာမှန်းမသိတဲ့ အနာဂတ်ဆိုတာကြိးကိုလည်း ကြိုတွေးပြီး စိတ်မော မနေနက်...
နေ့စဉ် လုပ်စရာရှိတာ လုပ်...
ညနေ သောက်စရာရှိတာ သောက်...
စောစောထ လမ်းလျောက်... လေ့ကျင့်ခန်းလုပ်ဖို့မပြင်းနက်...
၆၀ ကျော်သမားတွေအတွက် အရေးအကြီးဆုံးက ကျန်းမာရေးဖြစ်မယ်ထင်ပါတယ်။
ကျန်းမာရေးမကောင်းရင် ဘာမှ လုပ်လို့မရဘူး...
အဲ... ကျောက်ဖျာပေါ်မှာ ထိုင်တာကိုလည်း လက်လွှတ်လိုက်လို့ မရသေးဘူး။ မောင်မောင်ထရမ့်တောင် အသက် ၈၀ မှာ သမ္မတ ဖြစ်နေသေးတာပဲ...
အသက် ၈၀ မပြည့်ခင်မှာတော့ မြန်မာ့နိုင်ငံရေး ပြောင်းလဲလာမယ်ထင်ပါတယ်။
လက်ရှိဖြတ်သန်းမှု ပြက္ခဒိန်အရဆိုရင်... ၂၅ နှစ်မှာ တောခို၊... အသက် ၅၀ မှာ ပြန်ခွင့်တခါရ... ဆိုတော့ကာ ၆၅ နှစ် မပြည့်ခင် (၇၅ အထိတော့ မစောင့်ခိုင်းနက်) တခုခု ပြောင်းမှာ သေချာပါတယ်။
အဲတော့... ဟို ကဗျာဆရာကြီးတယောက် နေ့စဉ်ရေးနေသလို...
“အသက်ရှင်ပါ - မနက်မင်္ဂလာလို့ နှုတ်ဆက်ဖို့” ဆိုတဲ့အတိုင်း ကျန်းမာစွာ အသက်ရှင်အောင် နေထိုင်တတ်ဖို့ပဲ လိုပါတယ်။
ကဲ... ကျန်းမာရေးအတွက် လမ်းထွက်လျောက်လိုက်ပါအူးမယ်...
အားလုံး... Merry Christmas, Happy new year! ပါ။ ...တခွက် တဖလားပါ...။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More