“TNLA တဖွဲ့တည်းက ခံတိုက်ရသလိုဖြစ်နေတယ်၊ နေရာစုံမှာ တိုက်ပွဲဖေါ်ဖို့လိုတယ်”
- လင်းထက်အောင် (CDM - ဗိုလ်ကြီး)
(၄- အောက်တိုဘာ - ၂၀၂၅)
“စစ်တပ်ရဲ့ ထိုးစစ်ကို TNLA တဖွဲ့တည်းက ခံတိုက်ရသလိုဖြစ်နေတယ်၊ မဟာမိတ်တွေနဲ့ လက်တွဲဖို့လိုတယ်၊ နေရာစုံကနေ တိုက်ပွဲဖေါ်ဖို့လိုအပ်နေတယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။
ကျောက်မဲမြို့ကို TNLA က လက်လွတ်ပေးလိုက်ရတာနဲ့ပတ်သက်ပြီး ဘာတွေအားနည်းချက်ရှိလို့လဲ... ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...
- ကျောက်မဲတိုက်ပွဲမှာ စစ်တပ်ဖက်က သာလွန်အင်အား၊ လေကြောင်းပစ်အား အဆမတန် အသုံးပြုခဲ့သလား...
- TNLA က မဟာမိတ်ဆက်ဆံရေး အားနည်းခဲ့သလား...
- စစ်တပ်ကို အချိန်ပေးတာမျိုးမဖြစ်အောင် တော်လှန်ရေးအင်အားစုတွေ ဘယ်လိုစုပေါင်း တိုက်ပွဲဝင်သင့်သလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment