Thursday, October 2, 2025

ဗန်းမော်က ကာကင်းစခန်း ၂ ခု KIA ပြန်သိမ်းပိုက်... နတ်ရေကန်စခန်းက စစ်သား ၂...


ဗန်းမော်က ကာကင်းစခန်း ၂ ခု KIA ပြန်သိမ်းပိုက်... နတ်ရေကန်စခန်းက စစ်သား ၂၇ ဦးကို လက်ရဖမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၃- အောက်တိုဘာ - ၂၀၂၅)

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စစ်လက်နက်တပ်ရင်း (၆၄၁) နဲ့ သုံးမိုင်ကျေးရွာတပ်စခန်းတို့ရဲ့ ကာကင်းစခန်း ၂ ခုကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်တယ်လို့ The 74 Media က ဖေါ်ပြပါတယ်။

စက်တင်ဘာ ၃၀ မှာ သိမ်းလိုက်တာဖြစ်ပြီး တိုက်ပွဲတွေ ဆက်ပြင်းထန်နေတယ်၊ ခလရ ၄၇ ဖက်မှာလည်း တိုက်ပွဲတွေဖြစ်နေတယ်၊ လက်နက်ခဲယမ်းအချို့လည်း သိမ်းမိတယ်လို့ KIA သတင်းရပ်ကွက်က ပြောပါတယ်။

ဒါ့အပြင်...

- နတ်ရေကန် လေကြောင်းရန်ကာကွယ်ရေးစခန်းကို အာရက္ခတပ်တော်(AA)နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ် ဆင်လာနိုင်တယ်လို့ ယူဆပြီး စခန်းဝန်းကျင်ကို စစ်တပ်က လေယာဉ်နဲ့ ဆက်တိုက်ဗုံးကြဲနေ...

- နတ်ရေကန်စခန်း တိုက်ပွဲကနေ ထွက်ပြေးလာတဲ့ တပ်မ (၉၉) နဲ့ စကခ (၁၇)က စစ်သား ၂၇ ဦးကို လက်ရဖမ်းမိထားပြီး ကောင်းမွန်စွာ ကျွေးမွေးစောင့်ရှောက်ထားတယ်လို့  လူထုတော်လှန်ရေး မဟာမိတ် အင်အားစု- PRA-Magway က သတင်းထုတ်ပြန်...

- ကန့်ဘလူမြို့နယ်၊ အုန်းတောရွာ- ပျူစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ ပျု ၂ ဦးသေ၊ ၆ ဦးကို လက်ရဖမ်းမိ၊ သေနတ် ၇ လက်ရရှိ...

- ရေးမြို့နယ်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်နဲ့ ဒီမိုကရေစီအကျိုးပြု ကရင့်တပ်မတော် (DKBA) ပူးတွဲစစ်ကြောင်းကို ရေးဘီလူးအဖွဲ့က ကြားဖြတ်တိုက်ရာမှာ စစ်တပ်နဲ့ DKBA ဖက်က ၄ ဦးသေဆုံး...

- ပလမြို့ရှိ မင်းပြင်ရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အပြင်  ပိုင့်ဖိုက် -စက်သေနတ်နဲ့ပါ ပစ်ခတ်သွားတဲ့အတွက် ဒေသခံတွေ ကြောက်လန့်ပြီး ထွက်ပြေးနေရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More