Saturday, October 11, 2025

“AA က ကပစ တွေကို မြန်မြန်သိမ်းနိုင်လေ ကောင်းလေပဲ”


“AA က ကပစ တွေကို မြန်မြန်သိမ်းနိုင်လေ ကောင်းလေပဲ”

- ဆလိုင်းယောအောင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၁ အောက်တိုဘာ ၂၀၂၅)

“ကပစ တွေဟာ စစ်ကောင်စီတပ်အတွက် အဓိကအရေးပါတဲ့နေရာတွေဖြစ်လို့ AA က ကပစ တွေကို မြန်မြန်သိမ်းနိုင်လေ ကောင်းလေပဲ” လို့ စစ်ရေး - နိုင်ငံဝေဖန်သုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။

ကရင်နဲ့ ရခိုင်ဖက်က ထူးခြားတဲ့ စစ်ရေးအခြေအနေအကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော်မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- လေးကေ့ကော်တိုက်ပွဲနဲ့ ဝေါလေဗျုုဟာဖက်က စစ်ရေးအခြေနေ ဘယ်လိုဖြစ်လာနိုင်သလဲ...

- BGF, DKBA, PC အဖွဲ့တွေပေါ် တော်လှန်ရေးအင်အားစုတွေက ဘယ်လို သဘောထားသင့်သလဲ...

- နတ်ရေကန်စခန်းသိမ်းပြီးရင် AA ရဲ့ အဓိက ဦးတည်ချက်ဟာ ကပစ တွေ သိမ်းပိုက်ရေး ဖြစ်လာနိုင်သလား...

- အခုရက်ပိုင်းအတွင်း တိုင်းရင်းသားခေါင်းဆောင်တွေနဲ့ NUG တာဝန်ရှိသူတွေ တွေ့ဆုံမှုတွေက နိုင်ငံရေးအရ ဘယ်လိုထူးခြားလာနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More