ထိုင်း-မြန်မာနယ်စပ်အနီးရှိ ထီးခီရွာကို စစ်တပ်က ဗုံးအလုံး ၄၀ ကျော်ကြဲတဲ့အတွက် ကရင်ရွာသား ၃၀၀ ခန့် ထိုင်းနယ်စပ်သို့ ထွက်ပြေးနေရ...
(၈ အောက်တိုဘာ ၂၀၂၅)
တနသာၤရီတိုင်း၊ ထားဝယ်ခရိုင်၊ မေတ္တာမြို့နယ်နဲ့ ထိုင်း-နယ်စပ်အနီးရှိ ထီးခီးကုန်သွယ်ရေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ရွာသား ၃၀၀ ခန့် ထိုင်းနယ်စပ်ကို ထွက်ပြေးခိုလှုံနေရတယ်လို့ KNU မြိတ်-ထားဝယ် ခရိုင်အတွင်းရေးမှူး ပဒိုစောအယ်နားက BNN ကို ပြောပါတယ်။
ထိုင်းငံထုတ် မီဒီယာတွေမှာလည်း ဒီသတင်းကို အလေးပေး ဖေါ်ပြနေပါတယ်။ အောက်တိုဘာ ၈ ရက် မနက် ၁၀ နာရီခန့်မှာ ဂျက်ဖိုက်တာက ၁၀ ကြိမ်လောက်ပတ်ပြီး တကြိမ်ကို ဗုံး ၄ လုံးနှုန်းနဲ့ကြဲသွားတာဖြစ်တယ်လို့ ဆိုပါတယ်။
နယ်စပ်ကုန်သွယ်ရေးခစန်းနေရာက လူနေအိမ်တွေ၊ ဓာတ်ဆီဆိုင်တွေ မီးလောင်ပြီး ရွာသားတွေက ထိုင်းနယ်စပ်ဖက် အမြန်ထွက်ပြေးကြတယ်၊ အခု ထိုင်းနယ်စပ်အနီးက သစ်ပင်တွေအောက်မှာ ဖြစ်သလို ခိုလှုံနေရတယ်။ မွေးကင်းစ ကလေးတွေလည်း ပါတယ်လို့ သိရပါတယ်။
ထီးထာ-ထီးခီးဒေသကို ပြီးခဲ့တဲ့ သင်္ကကြာလကတည်းက KNU နဲ့ မဟာမိတ်တွေက သိမ်းပိုက်ထားပြီး စနစ်တကျအုပ်ချုပ်ရေးဆောင်ရွက်နေချိန်၊ မြေပြင်တိုက်ပွဲ ဘာမှမရှိပဲနဲ့ အရပ်သားတွေကို တမင်ပစ်မှတ်ထားပြီး စစ်ကောင်စီက တိုက်ခိုက်လာတာဖြစ်တယ်လို့ ပဒိုစောအယ်နားက ပြောပါတယ်။
ဒါ့အပြင် အခု ဗုံးကြဲတဲ့နေရာဟာ ထိုင်းနယ်စပ်နဲ့ ၅ ကီလိုအတွင်းဖြစ်တာကြောင့် ဒါဟာ ထိုင်းနိုင်ငံကို မထိမဲ့မြင်ပြုရာရောက်တယ်လို့လည်း ပဒိုစောအယ်နားက ပြောပါတယ်။
ဒီနေ့ ထီးခီးရွာ ဗုံးကြဲခံရမှုနဲ့ပတ်သက်ပြီး ပဒိုစောအယ်နား ပြောကြားထားတာကို ထုတ်လွှင့်ပေးလိုက်ပါတယ်...
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment