Tuesday, October 28, 2025

“စစ်နည်းဗျုဟာအဆင့်မြှင့်ထားတဲ့ အားကောင်းတဲ့ ပြောက်ကျားစစ်နဲ့ ဆက်သွားမယ် ...


“စစ်နည်းဗျုဟာအဆင့်မြှင့်ထားတဲ့ အားကောင်းတဲ့ ပြောက်ကျားစစ်နဲ့ ဆက်သွားမယ် လို့ထင်ပါတယ်”

- CDM ဗိုလ်ကြီးဇင်ယော် (စစ်ဖက်ရေးရာ ဝေဖန်သုံးသပ်သူ)

(၂၈ အောက်တိုဘာ ၂၀၂၅)

“၁၀၂၇ စစ်ဆင်ရေး ကာလလိုမျိုး မြို့သိမ်းတိုက်ပွဲတွေ လောလောဆယ်မြင်ရဖို့မရှိပေမယ့် စစ်နည်းဗျုဟာအဆင့်မြှင့်ထားတဲ့ အားကောင်းတဲ့ ပြောက်ကျားစစ်နဲ့ ဆက်သွားမယ်ဆိုရင် စစ်ကောင်စီတပ်ကို မလှုပ်နိုင်အောင် ချုပ်ထားနိုင်မှာဖြစ်တယ်” လို့ စစ်ဖက်ရေးရာ ဝေဖန်သုံးသပ်သူ CDM ဗိုလ်ကြီးဇင်ယော်က ပြောပါတယ်။

အခုရက်ပိုင်း စစ်တပ်အတွင်း ပြုလုပ်ခဲ့တဲ့ တိုင်းမှုး၊ တပ်မမှုး၊ စကခ မှုး အပြောင်းအလဲတွေအကြောင်း၊ တော်လှန်ရေးဖက်ကပြောနေတဲ့ အထွေထွေထိုးစစ်တွေအကြောင်း...စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့်မေးမြန်းချက်ထဲမှာ...

- တိုင်းမှူး၊ တပ်မမှူး၊ ဒကစ မှုးအပါဝင် ထိပ်တန်းစစ်ဖက်အရာရှိ ၃၀ ခန့် အပြောင်းအလဲလုပ်တာ ဘာကြောင့်လဲ...

- ရှမ်းမြောက်နဲ့ ရှမ်းအရှေ့မှာပဲ တိုင်းမှုးတွေပြောင်းပြီး တိုက်ပွဲတွေပြင်းထန်နေတဲ့ ကချင်၊ ရခိုင်၊ ကရင်နဲ့ တနသာၤရီဖက်မှာ တိုင်းမှူးမပြောင်းတာ ဘာကြောင့်လဲ...

- ဒီအပြောင်းအလဲက စစ်တပ်ဖက်က တိုက်စစ်အရှိန်မြှင့်လာမှာလား... ရွေးကောက်ပွဲအတွက် တည်ငြိမ်မှုကို အဓိကထားမှာလား...

- AA ရဲ့ တိုက်ခိုက်ရေးစွမ်းရည်... နတ်ရေကန်ဗျုဟာသိမ်းပိုက်ရေး- ကပစ တွေ သိမ်းပိုက်ရေး အလားအလာ ဘယ်လိုရှိသလဲ...

- အညာဒေသက PDF တွေအနေနဲ့ မြို့သိမ်း-စခန်းသိမ်းတိုက်ပွဲအစား စစ်နည်းဗျုဟာအဆင့်မြှင့်ထားတဲ့ အားကောင်းတဲ့ ပြောက်ကျားစစ်ကို အခြေခံပြီး စစ်တပ်ကို လှုပ်မရအောင် ထိန်းချုပ်ထားနိုင်ခြေရှိသလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More