နတ်ရေကန်ဗျုဟာကုန်းကို AA က ဝိုင်းထား... ရွေးကောက်ပွဲအသိအမှတ်မပြုရေး အာဆီယံကို NUG တောင်းဆို... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၃ အောက်တိုဘာ ၂၀၂၅)
မကွေးတိုင်း၊ ငဖဲမြို့နယ်ရှိ နတ်ရေကန်တောင်ဗျူဟာစခန်းကို AA အာရက္ခတပ်တော် ဦးဆောင်တဲ့တော်လှန်ရေးတပ်တွေက ပိတ်ဆို့ထားပြီးတဲ့နောက် စစ်လေယာဉ်ပေါ်ကနေ အဲဒီခစန်းဆီ ခဲယမ်းနဲ့ ရိက္ခာပစ္စည်းတွေချပေးတယ်၊ အတော်များများကို AA ဖက်က သိမ်းမိလိုက်တယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။
နတ်ရေကန်ဘေးနားရှိ ဂုတ်ကြီးစခန်းနဲ့ ဖိုက်တာစခန်းတွေကို AA က သိမ်းပိုက်လိုက်ပြီးနောက် ကုန်းလမ်းကနေ စစ်ကူပို့မရ၊ ရိက္ခာပို့မရဖြစ်သွားတဲ့အတွက် အောက်တိုဘာ ၁၁ မှာ Y8 လေယာဉ်ပေါ်ကနေ လေထီးတွေနဲ့ ခဲယမ်းနဲ့ ရိက္ခာတွေ ချပေးတာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- လေးကေကော်မြို့ကို ထိုးစစ်ဆင်နေတဲ့ စစ်ကောင်စီတပ်နဲ့ KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကြား တိုက်ပွဲပြင်းထန်ပြီး စစ်တပ်ဖက်က သေဆုံးမှုများ၊ နောက်ပြန်ဆုတ် ...
- ဖယ်ခုံမြို့နယ် မြောက်စလုံးကျေးရွာကို စစ်တပ်နဲ့ ပအိုဝ်းပြည်သူ့စစ် (PNO)က အင်အားအလုံးအရင်းနဲ့ စစ်ကြောင်းထိုးဝင်ရောက်လာပြီး နေအိမ်တွေကို မီးရှို့ ဖျက်ဆီးနေ...
- မန္တလေး-မိုးကုတ်လမ်းနဲ့ မိုးကုတ်-သပိတ်ကျင်းလမ်းခွဲ ဖော့တော့လမ်းဆုံအနီး စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေကြား တိုက်ပွဲပြင်းထန်နေ...
- စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲကို အသိအမှတ်မပြုရေး၊ လေကြောင်းတိုက်ခိုက်မှုတွေ ချက်ခြင်းရပ်အောင် ဆောင်ရွက်ပေးရေးအပါဝင် အရေးကြီး အချက် ၅ ချက်ကို အာဆီယံ အလှည့်ကျဥက္ကဌထံ NUG တောင်းဆို...
- စစ်ကိုင်းအခြေစိုက် တပ်မ - ၃၃ က စစ်သားတဦး၊ ပုလောမြို့နယ်ရှိ တိုင်းဗဟိုလေ့ကျင့်ရေးကျောင်း တကက (၁၂)က စစ်သားသစ် (၄)ဦးတို့ဟာ လက်နက်မပါပဲ တော်လှန်ရေးတပ်တွေထံ ခိုလှုံလာ...
- NUG ပြည်ထဲရေးဝန်ကြီးဌာန၊ အကြမ်းဖက်မှုတိုက်ဖျက်ရေးအထူးတပ်ဖွဲ့(SOS) ရဲ့ အပတ်စဉ် (၃) သင်တန်းဆင်းပွဲနဲ့ လက်နက်အပ်နှင်းပွဲအခမ်းနားကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment