Wednesday, October 15, 2025

ပန်းတောင်းမြို့နယ်က (၆၆၆) ပွိုင့်ကုန်းကို AA သိမ်းပိုက်... မချမ်းဘော့တို...


ပန်းတောင်းမြို့နယ်ထဲက (၆၆၆) ပွိုင့်ကုန်းကို AA သိမ်းပိုက်... မချမ်းဘော့တိုက်ပွဲ စစ်သားတွေ ထွက်ပြေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၁၆ အောက်တိုဘာ ၂၀၂၅)

ပဲခူးတိုင်း၊ ပန်းတောင်းမြို့နယ်၊ ပုဂံဂွေ့ (ပန်းကန်ကွဲ) ကျေးရွာ တောင်ဘက်၊ (၉) ကီလို မီတာအကွာရှိ စစ်ကောင်စီရဲ့ (၆၆၆) ပွိုင့်ကုန်းကို သိမ်းပိုက်ချိန်မှာ စစ်တပ်ဖက်က သေဆုံးသူများပြီး လက်နက်များစွာသိမ်းမိတယ်လို့ AA အာရက္ခတပ်တော်က သတင်းထုတ်ပြန်ပါတယ်။

အောက်တိုဘာ (၁၄)၊ မနက် ၉ နာရီမှာ သိမ်းပိုက်လိုက်ပြီး တိုက်ပွဲအချိန် (၃) နာရီခန့် ကြာတယ်၊ ၃ ဖက် ၃ တန်ကနေ ထိုးစစ်ဆင် တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။ 

အများစိတ်ဝင်စားနေတဲ့ နတ်ရေကန်ဗျူဟာကုန်းအခြေအနေကိုဖေါ်ပြတဲ့အခါမှာတော့... နတ်ရေကန်ကို အပြီးသတ်သိမ်းပိုက်ရယူရေးအတွက် အနည်းငယ်သော လက်ကျန်နေရာ အချို့ကို ထိုးစစ်ဆင်တိုက်ခိုက်နေပြီး ကစဉ့်ကလျား ထွတ်ပြေးနေတဲ့ စစ်ကောင်စီတပ်တွေကို လိုက်လံရှင်းလင်းနေတယ်၊ အချို့နေရာတွေမှာ တိုက်ပွဲဖြစ်နေတယ်၊ လက်နက်ချက်သူတွေကို စစ်သုံ့ပန်းဥပဒေနှင့်အညီ ကောင်းမွန်စွာ ပြုစုစောင့်ရှောက်ပေးထားတယ်လို့ ဖေါ်ပြထားပါတယ်။

တခါ ရခိုင်-ဧရာဝတီအစပ်ဒေသရှိ ရေကြည်မြို့နယ်၊ စက်စက်ယိုကျေးရွာအနီးမှာလည်း အောက်တိုဘာ (၁၅) ရက်၊ မွန်းလွဲ (၃) နာရီ (၅၅) မိနစ်မှာ တိုက်ပွဲတွေဖြစ်ပွားခဲ့တယ်လို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- မချမ်းဘော့မြို့နယ်၊ ထန်ဂါးကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ မဟာမိတ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်ကောင်စီတပ်သားတွေ ခဲယမ်းတွေ၊ ကျောပိုးအိတ်တွေပါ ချန်ထားပြီး ထွက်ပြေးသွား...

- မြင်းခြံမြို့နယ်ထဲက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးနေတဲ့ သီတာယုမွန် ဦးဆောင်တဲ့ ပျုစောထီးအဖွဲ့ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ပျု ၁၅ ဦးခန့်အထိ သေဆုံး...

- ရေးမြို့နယ်မှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်ပေါင်းစုကြား တိုက်ပွဲဖြစ်ပြီး စစ်သား ၁၂ ဦးသေဆုံးကာ ဒါဇင်နဲ့ချီဒဏ်ရာရ...

- လောင်းလုံးမြို့ပေါ်ကနေ နီးစပ်ရာ ရွာတွေဆီ ပေါ်တာဖမ်းဖို့ စစ်ကြောင်းထွက်လာတဲ့ အင်အား ၅၀ ခန့်ပါ စစ်ကောင်စီစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၈ ဦးသေဆုံး...

- ညောင်ဦးမြို့နယ်က စစ်မှူထမ်းတပ်သားသစ်တဦးဟာ လက်နက်မပါပဲ Garuda Secret Force အဖွဲ့ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More