နွားထိုးကြီးတိုက်ပွဲ လက်နက် ၅၀ ခန့် သိမ်းမိ... KK Park ကို BGF ကိုယ်တိုင် ဗုံးကြဲနေဟုဆို... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၄ အောက်တိုဘာ ၂၀၂၅)
မန္တလေးတိုင်း၊ နွားထိုးကြီးမြိုနယ်နဲ့ မလိုင်မြို့နယ်အတွင်း သီတင်း ၂ ပတ်တာ တိုက်ပွဲတွေဖြစ်ပွားပြီး စစ်တပ်ဖက်က ၅၀ ခန့်သေဆုံး၊ ၉ ဦးကိုလက်ရဖမ်းမိ၊ ၆၀ မမ မော်တာတွေ အပါဝင် လက်နက်မျိုးစုံ ၅၀ နီးပါး သိမ်းမိတယ်လို့ မြင်းခြံခရိုင် အမှတ် (၄)နဲ့ အမှတ် (၁၀) တပ်ရင်းတို့က သတင်းထုတ်ပြန်ပါတယ်။
စက်တင်ဘာ ၂၅၊ မွန်းလွဲ ၃ နာရီခန့်မှာ နွားထိုးကြီးကနေ မြိုင်သာရွာဖက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ ပထမ အကြိမ် တိုက်ပွဲဖြစ်ပါတယ်။ တိုက်ပွဲအချိန် ၂ နာရီကြာပြီး စစ်ဗိုလ်တဦးအပါဝင် ၇ ဦးသေဆုံး၊ အလောင်းတလောင်းနဲ့ MA-5 (၁)လက်သိမ်းမိတာကို တွေ့ရပါတယ်။
အောက်တိုဘာ ၁ ရက်၊ မွန်းလွဲ ၂ နာရီခန့်မှာ မြိုင်သာရွာကို မီးရှို့ဖျက်ဆီးပြီး ဒိုင်းလည်ရွာဖက် ဆက်ထွက်လာတဲ့ အဲဒီစစ်ကြောင်းကို ထပ်မံတိုက်ခိုက်ရာမှာ တိုက်ပွဲအချိန် ၈ နာရီကျော်ကြာတယ်၊ စစ်သား ၁၀ ကျော်သေဆုံး၊ ၄ ဦးကိုလက်ရဖမ်းမိ၊ M79 (၁) လက်၊ ငါးကြင်းမှီး စက်လတ် (၁)လက်၊ ဒရုန်း ၂ စီး၊ MA စီးရီး လက်နက်ငယ် ၇ လက်နဲ့ ခဲယမ်းများစွာသိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။
ဗိုလ်မှူး ကျော်မင်း အပါဝင် စစ်သား ၂၀ ကျော်သေဆုံး၊ (၅)ဦးကိုလက်ရဖမ်းမိ၊ ၆၀ မမ မော်တာ ၄ လက်၊ RPG တလက်၊ ငါးကြင်းမြီးစက်လတ် ၂ လက်၊ MA စီးရီး လက်နက်ငယ် ၁၈ လက်နဲ့ ခဲယမ်းတွေသိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲတွေ့ရပါတယ်။
ဒါ့အပြင်...
- မြင်းခြံဘက်ကနေ နွားထိုးကြီးလမ်းအတိုင်းမောင်းလာတဲ့ ကား ၃ စီးပါ စစ်ကောင်စီယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သားတဦးသေ၊ သေနတ် ၃ လက် သိမ်းမိ...
- ပေါက်မြို့နယ်မြောက်ပိုင်းကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေ၊ ဒဏ်ရာရသူများပြီးတဲ့နောက် အဲဒီစစ်ကြောင်း နောက်ပြန်လန်သွား...
- တမူးမြို့နယ်၊ အိန္ဒိယ-မြန်မာနယ်စပ်အနီးရှိ နန်းမွန်းတားကျေးရွာဖက်က စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်တပ်ဖက်က သေဆုံးမှုများပြီးတဲ့ နောက်ပြန်ဆုတ်သွားတယ်၊ နန်းမွန်းတားရွာကို တော်လှန်ရေးတပ်တွေက ပြန်ထိန်းချုပ်ထားနိုင်...
- လေးကေ့ကော်ဒေသ တိုက်ပွဲအတွင်း စစ်တပ်ဖက်က ၁၅၀ ခန့်အထိ သေဆုံးပြီး ၂၀၀ ခန့်အထိ ဒဏ်ရာရ...
- လေးကေကော်နဲ့သိပ်မဝေးတဲ့ ထိုင်း-မြန်မာနယ်စပ်အရှိရှိ ကျားဖြန့် ငွေလိမ်ဂိုဏ်းဌာချုပ်သစ် KK Park မှာ ပေါက်ကွဲမှုတွေ၊ မီေးလာင်မှုတွေဖြစ်ပေါ်နေပြီး တရုတ်နိုင်ငံသားတွေအပါဝင် လူပေါင်း ၂ ထောင်ခန့် ထိုင်းဖက် ထွက်ပြေးနေ...
... စတဲံသတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment