“မီဒီယာလက်နက် စွဲကိုင်လျက် ဆိုမှတော့ ... ဆိုရှယ်မီဒီယာပေါ် ရေးတဲ့သူကိုလည်း ဖမ်းမှာပဲ”
- ဦးတိုးဇော်လတ် (လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ)
(၁၅ အောက်တိုဘာ ၂၀၂၅)
“မီဒီယာလက်နက် စွဲကိုင်လျက်ဆိုတဲ့ ကြွေးကြော်သံကို စစ်ကောင်စီက ကိုင်ထားတယ်ဆိုတော့ မီဒီယာကို လက်နက်သဖွယ်သုံးပြီး ဆိုရှယ်မီဒီယာပေါ် ရေးသူတွေကိုလည်း ဖမ်းမှာပဲ၊ အခုဆို ရွေးကောက်ပွဲဝေဖန်မှုနဲ့ဖမ်းခံနေရသူ အတော်များနေပြီ” လို့ လွတ်လပ်သော မြန်မာသတင်းမီဒီယာကောင်စီ အတွင်းရေးမှူူး ဦးတိုးဇော်လတ်က ပြောပါတယ်။
ဒေါ်ကြူကြူလှကိုဝေဖန်လို့ ဖမ်းဆီးခံရတယ်ဆိုပြီး သတင်းကြီးနေတဲ့ သမီးဆိုး ကိစ္စအပါဝင် လက်ရှိ မြန်မာနိုင်ငံရဲ့ ဒီဂျစ်တယ်မီဒီယာလောက၊ ဆိုရှယ်မီဒီယာလောက အကြောင်း BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- လက်ရှိ မြန်မာ့မီဒီယာအခြေအနေပေါ် နိုင်ငံတကာက ဘယ်လိုရှုမြင်ထားသလဲ...
- စစ်ကောင်စီရဲ့ တယ်လီဂရန် ချာနယ်တွေက ဘယ်လောက်အထိ ကြောက်စရာဖြစ်လာနေသလဲ...
- သမီးဆိုးကို ဖမ်းတာ ဘာကြောင့်လဲ... စစ်ကောင်စီနဲ့ ဆက်စပ်သူကိုဝေဖန်ရင် လူတိုင်း အဖမ်းခံရနိုင်သလား...
- ဆိုရှယ်မီဒီယာမှာ ပို့စ်ရေးလို့ ဒီလို ဖမ်းဆီးခံရတယ်ဆိုရင် အဲဒီ ဆိုရှယ်မီဒီယာ ပလက်ဖောင်းတွေမှာကော တာဝန်မရှိဘူးလား...
- ရွေးကောက်ပွဲအကြိုကာလမှာ အွန်းလိုင်းပေါ်ဝေဖန်ရေးသားသူတွေ ဆက်တိုက် ဖမ်းဆီးခံလာရနိုင်သလား...
- စစ်တပ် လော်ဘီချာနယ်တွေ အားနည်းသွားပြီး သတင်းမှန်တင်ပြနိုင်တဲ့ ချာနယ်တွေ အားကောင်း ဘယ်လိုလုပ်ဆောင်ကြမလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment