လှိုင်သာယာ ရဲစခန်း PDF တိုက်ခိုက်... ခေါင်လန်ဖူးက ပြည်သူ့စစ်စခန်း ၂ ခု KIA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၃ အောက်တိုဘာ ၂၀၂၅)
ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်၊ သောင်ကြီး မြို့မရဲစခန်းကို တော်လှန်ရေးတပ်တွေက လက်ပစ်ဗုံးနဲ့တိုက်ခိုက်ရာမှာ စစ်တပ်နဲ့ ရဲဖက်က ထိခိုက်သေဆုံးမှု ရှိနိုင်တယ်လို့ ရန်ကုန်တိုင်း ပကဖ က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၁၊ ည ၁၀ နာရီခန့်မှာ လက်ပစ်ဗုံး ၃ လုံးနဲ့ တိုက်ခိုက်ခဲ့ပြီး ပစ်မှတ်ကို ထိမှန်တယ်လို့ ဆိုပါတယ်။
ဒါ့အပြင်...
- ခေါင်လန်ဖူးမြို့နယ်ရှိ ဌာနေ ပြည်သူ့စစ်တပ်စခန်း ၂ ခုကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက သိမ်းပိုက်...
- ဖားကန့်မြို့ လုံးခင်းနဲ့ မှော်စီစာ ကျောက်ဝိုင်းဈေးကို စစ်တပ်က ပစ်ခတ်...
- မောင်တောမြို့နယ်၊ ကျောက်ပန္ဒူရွာကနေ ရသေ့တောင်မြို့နယ်၊ စေတီပြင်ကျေးရွာမှာ ဈေးဝယ်ပြီးပြန်လာတဲ့ ခရီသည်တင်ယာဉ်ကို ARSA အဖွဲ့က တိုက်ခိုက်...
- လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေအနီးရှိ ကရင်ကြီးရွာမှာ စစ်ကောင်စီတပ်နဲ့ ဒေသခံတော်လှန်ရေးတပ်တွေ တိုက်ပွဲဖြစ်ပြီးနောက် ရွာသား ၅၀ ခန့်အထိ စစ်တပ်က ဖမ်းသွား...
- မြဝတီမြိုနယ်၊ သောင်ရင်းမြစ်ဘေးနားရှိ မင်းလက်ပံကျေးရွာမှာ စစ်ကောင်စီတပ်နဲ့ KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်တို့ကြား တိုက်ပွဲပြင်းထန်နေတဲ့အတွက် ဒေသခံတွေ ထိုင်းဖက်ကမ်းကို ထွက်ပြေး...
- KK Park ကို စစ်ကောင်စီတပ်တွေက ဒုတယိအကြိမ် ထပ်ဝင်မယ်လို့ သတင်းရတဲ့အတွက် တရုတ်နိုင်ငံသားတွေအပါဝင် ရာနဲ့ချီတဲ့လူတွေကို ကရင်နယ်ခြားစောင့်တပ်-BGF ကားတွေနဲ့ နေရာပြောင်းပေးနေ...
- KK Park၊ ရွှေကုက္ကူအပါဝင် ကျားဖြန့် ငွေလိမ်လုပ်ငန်းခွင်မှာအသုံးပြုနေတယ်လို့ ယူဆရတဲ့ Starlink အလုံး၂၅၀၀ ကို SpaceX အင်တာနက် ပိတ်လိုက်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment