နတ်ရေကန်အနီးတိုက်ပွဲ စစ်သား ၂၀ ခန့်ကို AA ဖမ်းဆီး... ဖားကန့်ဖက်မှာ တိုက်ပွဲပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၈ အောက်တိုဘာ ၂၀၂၅)
မကွေးတိုင်း၊ ငဖဲမြိုနယ်၊ နတ်ရေကန်စခန်းအနီးရှိ ဂုတ်ကြီးစခန်းဖက် ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ်ကို AA က တန်ပြန်တိုက်ခိုက်ရာမှာ စစ်သား ၁၀ ကျော်သေ၊ ၂၀ ခန့်လက်ရဖမ်းမိထားတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။
အောက်တိုဘာ ၆ ရက်မှာ အဲဒီစစ်ကြောင်း ထိုးစစ်ဆင်လာတာပြီး ဂုတ်ကြီးစခန်းနဲ့ ၃ မိုင်ခန့်အကွာရှိ မြေလပ်ရွာကို မီးရှို့နေစဉ် AA နဲ့ မဟာမိတ်တပ်တွေက ဝင်ရောက်တိုက်ခိုက် ချေမှုန်းတာလို့ဆိုပါတယ်။
ဒါ့အပြင်...
- မုံရွာမြို့ရှိ အနောက်မြောက်တိုင်းစစ်ဌာနချုပ်(နမခ)ကို Rocket (10) လုံးနဲ့တိုက်ခိုက်ရာမှာ အရာရှိတွေအပါဝင် စစ်တပ်ဖက်က ၁၀ ခန့် သေဆုံး...
- ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအုပ်စု၊ မလန်းကျေးရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KIA နဲ့ မဟာမိတ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်တပ်ဖက်က ၂၀ ခန့်သေဆုံးပြီး ၁၀ ကျော် ဒဏ်ရာရ...
- မိုင်းလုံမြို့နယ်၊ မန်ဟုန်းကျေးရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်(၁)ဦးအပါအဝင် ဒေသခံ ပြည်သူ ၁၀ ဦးသေဆုံးပြီး ၃ ဦးဒဏ်ရာရ...
- ပဲခူးခရိုင် ပကဖ တိုက်ခိုက်ရေးစစ်ကြောင်းကို အထူးတိုင်းစစ်ဌာနသို့ စစ်ကြောင်းအပ်နှံခြင်းအခမ်းနား အောက်တိုဘာ ၅ ရက်က ကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment