Wednesday, October 1, 2025

ကျောက်မဲမြို့ကို စစ်တပ်က ပြန်သိမ်း... လေးကေ့ကော်မှာ တိုက်ပွဲပြင်းထန်..


ကျောက်မဲမြို့ကို စစ်တပ်က ပြန်သိမ်း... လေးကေ့ကော်မှာ တိုက်ပွဲပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂ - အောက်တိုဘာ - ၂၀၂၅)

TNLA တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို အောက်တိုဘာ ၁ ရက်မှာ စစ်တပ်က ပြန်သိမ်းလိုက်ပြီလို့ စစ်ကောင်စီ ဝါဒဖြန့် မီဒီယာတွေက ဖေါ်ပြပါတယ်။

TNLA ဖက်ကတော့ အောက်တိုဘာ ၁ ရက်နေ့ နောက်ဆုံးအခြေအနေကို ထုတ်ပြန်တာမရှိသေးပါဘူး။ စက်တင်ဘာ ၃၀ ညနေပိုင်း ထုတ်ပြန်ချက်ထဲမှာတော့ စစ်ကောင်စီဖက်က သာလွန်အင်အားသုံးပြီး လေကြောင်း၊ လက်နက်ကြီး၊ ဒရုန်းနဲ့ အဆိပ်ငွေ့ဗုံးတွေသုံးပြီး တိုက်ခိုက်တာကြောင့် ကျောက်မဲက ဌာနဆိုင်ရာရုံးတချို့ မီးလောင်ခဲ့တယ်လို့ ဆိုထားပါတယ်။

ဒါ့အပြင်...

- လေးကေကော်ဒေသမှာ တိုက်ပွဲတွေ ဆက်ပြင်းထန်နေပြီး စစ်ကောင်စီဖက်က အသေခံဒရုန်းတွေ၊ လက်နက်ကြီးတွေနဲ့ နေ့ရော၊ ညပါ ဆက်တိုက် ပစ်ခတ်နေ...

- လက်ပံတန်းမြို့နယ်၊ ကမ်းပြိုကြီးရွာဖက်က စစ်မှုထမ်းကြေးကောက်ဖို့ ထွက်လာတဲ့ စစ်တပ်နဲ့ ရဲ ပူးတွဲစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၂ ဦးသေပြီး သေနတ် ၂ လက် သိမ်းမိ...

- ရုရှားအစိုးရက တာဝန်ယူဆောင်ရွက်နေတဲ့ ထားဝယ်အထူးစီးပွားရေးဇုန်ဒေသတွင်းရှိ ဧကနိကျေးရွာအနီးမှာ စစ်ကောင်စီတပ်နဲ့ တော်လှန်ရေးတပ်တွေ ၂ ရက်ဆက် တိုက်ပွဲဖြစ်နေတာကြောင့် ဒေသခံတွေ ထွက်ပြေးနေရ...

- စစ်ပွဲတွေရဲ့နောက်ဆက်တွဲအဖြစ် ထိုင်း-မြန်မာနယ်စပ်က ဒုက္ခသည်စခန်းတွေမှာ ရောက်ရှိခိုလှုံနေကြတဲ့ မြန်မာစစ်ဘေးရှောင် ဒုက္ခသည် ၉ ခုရှိ ဒုက္ခသည် ၈ သောင်းခန့်ထဲက ၆၀၀၀ ကျော်ကို ပထမ အသုတ်အဖြစ် အောက်တိုဘာ ၁ ရက်နေ့ ကစပြီး ထိုင်းနိုင်ငံအတွင်း အလုပ် လုပ်ခွင့်ပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More