ဗန်းမော်မြို့က ကာကင်းစခန်း ၃ ခု KIA သိမ်းပိုက်... ၉ လအတွင်း လက်နက်ချ စစ်သား ၂၀၀၀ ကျော်ရှိ...နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၀ အောက်တိုဘာ ၂၀၂၅)
ကချင်ပြည်နယ်၊ ဗန်းမော်မြို့မှာ တိုက်ပွဲတွေဆက်ပြင်းထန်နေပြီး စစ်ကောင်စီတပ်ရဲ့ ကာကင်းခစန်း ၃ ခုကို KIA ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေက သိမ်းပိုက်လိုက်တယ်လို့ Kachin News Group က ဖေါ်ပြပါတယ်။
“ဧရာဝတီမြစ်ကမ်းနဘေးရှိ မြို့မ စည်ပင်ရုံးတွေရှိတဲ့ဘက်မှာ နယ်မြေရှင်းလင်းရေးလုပ်နေတယ်၊ ၂ မိုင်၊ ၃ မိုင်ဘက်က ကာကင်းတွေကို ပြန်ပြီးနေရာယူ ရှင်းလင်းနေတယ်။ ဒါပေမယ့် ခလရ တွေအပါဝင် တပ်ရင်းအလိုက် သိမ်းနိုင်တာမျိုးတော့ မရှိသေးဘူး” လို့ KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။
ဒါ့အပြင်...
- မိုးမိတ်မြို့နယ် ဝဲဘောင်းကျေးရွာကို စစ်လေယာဉ်ကဗုံးကြဲတဲ့အတွက် ကလေးငယ်တွေအပါဝင် ဒေသခံ ၇ ဦးသေဆုံးပြီး ၈ ဦးဒဏ်ရာရ...
- မင်းတပ်မြို့နယ်ထဲက ကျေးရွာတရွာရဲံ စာသင်ကျောင်းကို စစ်လေယာဉ်ကဗုံးကြဲတဲ့အတွက် စစ်ဘေးရှောင်ကလေး ၃ ဦးအပါဝင် ၄ ဦးသေဆုံး...
- လောင်းလုံးမြို့နယ်အတွင်း စစ်ကောင်စီတပ်က စစ်ကြောင်းထိုးနေပြီး ပန်းဇိရွာနဲ့ ညင်းမော်ရွာက ရွာသား ၁၀ ခန့်ကို ဖမ်းဆီးသွား...
- မော်လိုက်မြို့နယ်က စစ်မှုထမ်းတပ်သားသစ် ၁ ဦး၊ ပျူစောထီး ၂ နဲ့ ဆယ်အိမ်မှူး ၁ ဦးတို့ဟာ လက်နက် ၆ လက်နဲ့အတူ တော်လှန်ရေးတပ်တွေထံ ခိုလှုံလာ...
- ဇန်နာဝါရီကနေ စက်တင်ဘာလကုန်အထိ ၉ လတာအတွင်း စစ်တပ်ဖက်ကနေ အလင်းဝင်၊ စစ်မြေပြင်လက်နက်ချ၊ သုံ့ပန်းအဖြစ် ဖမ်းမိသူ အားလုံးပေါင်း ၂၁၂၁ ဦးအထိ ရှိနေပြီလို့ ပြည်သူ့ပန်းတိုင်အဖွဲ့က စာရင်းထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment