“ကျားဖြန့်လုပ်ငန်းတွေက နွေဦးတော်လှန်ရေးကို ထိခိုက်စေသလားဆိုတော့ ... ထိခိုက်တာပေါ့”
- ဆလိုင်းယောအောင် (နိုင်ငံရေး ဝေဖန်သုံးသပ်သူ)
(၂၂ အောက်တိုဘာ ၂၀၂၅)
“ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေက နွေဦးတော်လှန်ရေးကို ထိခိုက်စေသလားဆိုတော့ ... ထိခိုက်တာပေါ့၊ မြဝတီမြို့နဲ့ အာရှလမ်းတွေကို ရထားပြီးမှ ပြန်ပေးလိုက်ရတာက သိသာတဲ့ သာဓကတွေဖြစ်တယ်” လို့ နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဆလိုင်းယောအောင်က ပြောပါတယ်။
ထိုင်း-မြန်မာနယ်စပ်က ရွှေကုက္ကူနဲ့ KK Park အပါဝင် ဟိုးလေးတကျော်ဖြစ်နေတဲ့ ကျားဖြန့် ငွေလိမ်လုပ်ငန်းတွေက ဒီဒေသအတွင်းလုပ်ရှားနေတဲ့ နွေဦးတော်လှန်ရေး အင်အားစုတွေရဲ့ လှုပ်ရှုားမှုကို ထိခိုက်စေသလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။
အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...
- ကျားဖြန့်လုပ်ငန်းတွေက နွေဦးတော်လှန်ရေးကို ဘယ်လိုထိခိုက်စေသလဲ...
- ထိုင်းနယ်စပ်- တရုတ်နယ်စပ်- အိန္ဒိယနယ်စပ် ကုန်သွယ်ရေးလမ်းတွေအားလုံး နှစ်မကုန်ခင် ပြန်ပွင့်သွားနိုင်သလား...
- AA ရဲ့ ထိုးစစ်က ကပစ တွေကိုကျော်ပြီး နေပြည်တော်အထိ ရောက်သွားနိုင်သလား...
- တဖွဲ့ချင်း အကျိုးစီးပွားထက် တဖွဲ့လုံး၊ တနိုင်ငံလုံးရဲ့ အကျိုးစီးပွားကို ဦးစားပေးရမယ်ဆိုတဲ့ သီအိုရီကို လက်တွေ့ ဘယ်လို ကျင့်သုံးကြမလဲ...
... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment