ငါ့သရောက်တိုက်ပွဲ စစ်သား ၈ ဦးသေဆုံး... ရှမ်းမြောက်အပစ်ရပ်ပြီး ရခိုင်ကို ဗုံးကြဲမှုတိုးလာဟု AA သတိပေး... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁ နိုဝင်ဘာ ၂၀၂၅)
မန္တလေးတိုင်း၊ ညောင်ဦးမြို့နယ်၊ ငါ့သရောက် ရဲစခန်းကနေ ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၈ ဦးသေဆုံးတယ်လို့ (ပုဂံပြည် ဘီလူးတပ်) - ညောင်ဦး ပကဖ က သတင်းထုတ်ပြန်ပါတယ်။
အောက်တိုဘာ ၂၉၊ မနက် ၈ နာရီခန့်မှာ ငါ့သရောက် ရဲစခန်းကနေ ထွက်လာတဲ့ အင်အား ၁၀၀ ခန့်ပါစစ်ကြောင်း အိုရင်းကျေးရွာအနီး ကန်နပေါက်ကန်သို့ ရောက်ရှိလာချိန်မှာ အနီးကပ် တိုက်ခိုက်တာလို့ ဆိုပါတယ်။
ဒါ့အပြင်...
- မဟာဗျူဟာမြောက်နယ်မြေတွေကို ဆက်လက်ထိန်းချုပ်နိုင်ဖို့၊ စစ်အုပ်စုရဲ့ အသည်းနှလုံး နေရာတွေကို ခြိမ်းခြောက်နိုင်ဖို့အတွက် အင်အားသစ်တွေ အများကြီးလိုအပ်နေပါတယ်၊ ❝တော်လှန်စစ်အတွက် သင်တို့ကို အလိုရှိသည်❞ လို့ မန်းတလေး PDF က ဖိတ်ခေါ်...
- စစ်ကောင်စီတပ်ဟာ ရှမ်းမြောက်မှာ အပစ်ရပ်လိုက်မှုကို အခွင့်ကောင်းယူပြီး အာရက္ခတပ်တော်ရှိနေတဲ့နေရာအပြင် အာရက္ခပြည်သူတွေရှိနေတဲ့နေရာတွေကိုပါ ပစ်မှတ်ထားပြီး လေကြောင်းတိုက်ခိုက်မှု တိုးပြီးလုပ်လာနေတဲ့အတွက် ၃ ရက်အတွင်း ပြည်သူ ၁၂ ဦးသေဆုံး၊ ၃၀ ကျော်ဒဏ်ရာရဟု AA ထုတ်ပြန်...
- ကရင်ပြည်နယ်၊ ဖာပွန်ဒေသမှာ ရွေးကောက်ပွဲလုပ်ဖို့ မဖြစ်နိုင်ဘူးလို့ KNLA တပ်မဟာ (၅) ပြောခွင့်ရ ဒုဗိုလ်မှူးကြီး စောကလယ်ဒိုက ပြော...
- မောင်းမကန်ကမ်းခြေရှိ မောင်းမကန် ရဲ စခန်းသိမ်းပိုက်မှု ဗီဒီယို မှတ်တမ်းကို ဒူရကစစ်ကြောင်းက ထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။






0 comments:
Post a Comment