ကျောက်ဖြူတိုက်ပွဲ စစ်တပ်အထိနာ... KK Park စီးနင်းမှု ရုပ်ရှင်ဆန်နေ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၂၁ အောက်တိုဘာ ၂၀၂၅)
တရုတ်စီမံကိန်းတွေရှိတဲ့ ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့နယ်မှာ အာရက္ခတပ်တော် (AA)နဲ့ စစ်ကောင်စီတပ်ကြား တိုက်ပွဲတွေ ပြန်ပြင်းထန်လာနေပြီး AA ရဲ့ လက်နက်ကြီးဒဏ်ကြောင့် စစ်တပ်ဖက်က သေဆုံးများနေတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။
သစ်ပုတ်တောင်လမ်းဆုံ လက်နက်ကြီး အထိုင်စခန်းနဲ့ အမှတ် (၃၂) ရဲတပ်ရင်းကို AA က ဦးတည်းပစ်ခတ်တာဖြစ်ပြီး အဲဒီ ၂ နေရာပေါင်းရင် စစ်သား ၁၀၀ ခန့်အထိ သေဆုံးတယ်လို့ စစ်ဖက် သတင်းရပ်ကွက်တွေက ပြောပါတယ်။
ဒါ့အပြင်...
- AA နဲ့ မဟာမိတ်တပ်တွေ ကပစ ၁၆ အနီးထိ ရောက်ရှိလာ...
- ကလေးမြို့နယ်၊ လက်ပံချောင်းကျေးရွာကို စစ်ကောင်စီ စစ်ကြောင်းက မီးရှို့နေ...
- တန့်ဆည်မြိုနယ်၊ သဲကုန်းကျေးရွာနဲ့ တပ်သစ်ရွာဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေပြီး ၁၂ ဦးဒဏ်ရာရ...
- TNLA- ထိန်းချုပ်ဒေသရှိ မြိုရွာတွေ၊ အရပ်သားတွေကို ပစ်မှတ်ထား ဗုံးကြဲတိုက်ခိုက်ကြတဲ့ ဗုံးကြဲသူ၊ ကြဲဖို့ ဆော်ဩသူ၊ ကြဲခံရတာကို ဝမ်းမြောက် လက်ခုပ်တီးသူ အားလုံးကို ထုံးသုတ်ပြီး အသေချာ တို့ မှတ်ထားမယ်၊ အလှည့်ဆိုတာ ရှိစမြဲပါ- လို့ TNLA အထွေထွေအတွင်းရေးမှူး ဗိုလ်ချုပ် တားဘုန်းကျော်က သတိပေး...
- မြဝတီမြို့နယ်ရှိ KK Park ကို စစ်တပ်က ဝင်ရောက်စီးနင်းတယ်ဆိုတာဟာ ဟန်ပြန် ရုပ်ရှင်ရိုက်တာသာဖြစ်ပြီး တကယ်က စစ်တပ်ဝင်မလာခင်မှာ ကျားဖြန့်လုပ်ငန်းပိုင်ရှင် BGF ကို ကြိုတင်အကြောင်းကြားထားပြီးဖြစ်...
- လောင်းလုံးမြို့နယ်၊ မောင်းမကန်ကမ်းခြေအနီးရှိ ကျေးရွာတွေကို စစ်ကောင်စီတပ်က ပင်လယ်ပြင်ကနေ စစ်ကြောင်းထိုးဝင်လာတဲ့အတွက် ကျေးရွာ ၅ ရွာက ဒေသခံတွေ ထွက်ပြေးနေရ...
- ခမောက်ကြီးမြို့နယ်၊ လုံးဖောကျေးရွာက အုပ်ချုပ်ရေးမှူးနဲ့ ပျုစောထီးခေါင်းဆောင်တွေကို တော်လှန်ရေးတပ်တွေက စစ်ဆေးမှုလုပ်နေစဉ် ခုခံထွက်ပြေးတဲ့အတွက် ပစ်ခတ်ရှင်းလင်းလိုက်ရ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment