နတ်ရေကန်စခန်းကို AA က သိမ်းလိုက်ပြီလို့ သတင်းထွက်ပေါ်... ထားဝယ်က အမြောက်တပ်ကို PDF တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...
(၁၅ အောက်တိုဘာ ၂၀၂၅)
မကွေးတိုင်း၊ ငဖဲမြို့နယ်က နတ်ရေကန်လေကြောင်းရန် ကာကွယ်ရေးခစန်းကို AA အာရက္ခတပ်တော်ဦဆောင်းတဲ့ တော်လှန်ရေးတပ်တွေက ဝိုင်းဝန်းပိတ်ဆို့တိုက်ခိုက်နေတယ်လို့ နိရဉ္စရာက ဖေါ်ပြပါတယ်။
နတ်ရေကန်ရဲ့ အဓိက ကာကင်းစခန်းကြီးတွေဖြစ်တဲ့ ဂုတ်ကြီးစခန်းနဲ့ ဖိုက်တာစခန်းတွေကို ပြီးခဲ့တဲ့ရက်တွေအတွင်း AA က သိမ်းပိုက်ပြီးနောက် အခု နတ်ရေကန်စခန်းဆီ ထိုးစစ်ဆင်နေတာဖြစ်ပါတယ်။
အချို့သတင်းဌာနတွေကဆိုရင် နတ်ရေကန်စခန်းကို အောက်တိုဘာ ၁၄ ညနေပိုင်းမှာ AA နဲ့ မဟာမိတ်တွေက အပြီးသိမ်းလိုက်ပြီ၊ စစ်သားတွေ ထွက်ပြေးကုန်ပြီလို့ ဖေါ်ပြနေပါတယ်။
ဒါ့အပြင်...
- ငဖဲမြို့နယ်၊ ဇင်ပြန်းရွာကနေ မြေလပ်ကျေးရွာဖက်ကို အင်အား ၂၀၀ ခန့်နဲ့ စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်... ဥသျှစ်ပင်မြိုနယ်ရှိ ညောင်ခြေထောက်ဘက်ကနေ ညောင်ကျိုးဖက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၁၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းတွေကို AA နဲ့ မဟာမိတ်တွေက ချေမှုန်း...
- ကော့ကရိတ်မြို့မြောက်ပိုင်းရှိ နောင်မိကျေးရွာအနီး စစ်ကောင်စီ- DKBA ပူးပေါင်းစစ်ကြောင်းနဲ့ KNLA ဦးဆောင်တဲ့ မဟာမိတ်တပ်တွေကြား တိုက်ပွဲဖြစ်ပြီး စစ်တပ်ဖက်က အထိနာ၊ DKBA အဖွဲ့ဝင်အချို့ကို တော်လှန်ရေးတပ်တွေက လက်ရဖမ်းမိ...
- ထားဝယ်မြို့နယ်၊ မောင်မယ်ရှောင်ရွာအနီးရှိ အမတ ၃၀၂ က လက်နက်သယ်တဲ့ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား ၅ ဦးသေဆုံး...
- ထီးခီး နယ်စပ်ကုန်သွယ်ရေးခစန်းကို စစ်ကောင်စီလေတပ်က တတိယ အကြိမ်ဖြစ် ဗုံးကြဲတိုက်ခိုက်...
- CNDF - အမှတ်(၁) ခြေလျင်တပ်ရင်းရဲ့ အကြပ်လောင်းသင်တန်း အမှတ်စဉ် (၁/ ၂၀၂၅) သင်တန်းဆင်းပွဲကျင်းပ...
- KNDF - အမှတ် (၁၄) တပ်ရင်းရဲ့ အပတ်စဉ် (၆) အခြေခံ စစ်သင်တန်းဆင်းပွဲနဲ့ တပ်တည်ထောင်မှု (၄) နှစ်ပြည့် အခမ်းအနားကျင်းပ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။
#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
https://www.youtube.com/c/BurmaNewsNetwork ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။
Update သတင်း ဗီဒီယိုကလစ်များကို https://t.me/burmanewsnetwork မှာလည်း ကြည့်ရှုနိုင်ပါသည်။
0 comments:
Post a Comment