Friday, October 31, 2025

“သမ္မတ ထရမ့်ဆီကနေ ဒီမိုကရေစီအရေး အကူအညီ မျှော်လင့်နေလို့မရဘူး”


“သမ္မတ ထရမ့်ဆီကနေ ဒီမိုကရေစီအရေး အကူအညီ မျှော်လင့်နေလို့မရဘူး”

- ဦးတင်မောင်သန်း (နိုင်ငံရေး လေ့လာသုံးသပ်သူ)

(၃၁ အောက်တိုဘာ ၂၀၂၅)

“လုံခြုံရေး၊ စီးပွားရေး၊ နည်းပညာနဲ့ပတ်သက်ပြီး မြန်မာဟာ အမေရိကန်ရဲ့ ဦးစားပေးထဲမပါဘူး။ ဒါဖြင့် ဒီမိုကရေစီရေးအရ အကူအညီကောပေးနိုင်သလား၊ သမ္မတ ထရမ့်ကိုယ်တိုင်က ဒီမိုကရေစီကိုဦးစားပေးသူမဟုတ်တဲ့အတွက် သူ့ဆီကနေ ဒီမိုကရေစီအရေး အကူအညီလည်း မျှော်လင့်နေလို့မရဘူး” လို့ နိုင်ငံရေး လေ့လာသုံးသပ်သူ ဦးတင်မောင်သမန်းက ပြောပါတယ်။

သမ္မတ ထရမ့်ရဲ့ အာရှဒေသခရီးစဉ်အတွင်း မြန်မာနိုင်ငံနဲပတ်သက်ပြီး ဘာမှပြောမသွားတာဟာ မြန်မာဒီမိုကရေးအရေးတိုက်ပွဲဝင်မှုကို အမေရိကန်က စိမ်ဝင်စားမှု မရှိတဲ့သဘောလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- သမ္မတ ထရမ့်ရဲ့ နိုင်ငံခြားရေးမူဝါဒမှာ မြန်မာဟာ ဘာမှအရေးမပါဘူးလား...

- အာဆီယံရဲ့ ဆောင်ရွက်မှုတွေက ဒီမိုကရေစီအရေး ရုန်းကန်တိုက်ပွဲဝင်နေသူတွေကို ခွန်အားဖြစ်စေပါရဲ့လား...

- ရွေးကောက်ပွဲအတုကို အိမ်နီးချင်းနိုင်ငံတွေနဲ့ အင်အားကြီးနိုင်ငံအချို့က အားပေး ထောက်ခံနေတာ ဘာကြောင့်လဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(နိုင်ငံတကာရဲ့ ထောက်ခံအားပေးမှူ ပိုရလာအောင် တော်လှန်ရေးအင်အားစုတွေ ဘာလုပ်သင့်သလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်။

အင်တာနက်လိုင်းနှေးတာ၊ ကွန်ပြူတာနှေးတာတွေကြောင့် ရုပ်ပုံလွှာ ရပ် ရပ် သွားတဲ့အပေါ် တောင်းပန်အပ်ပါတယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More