Friday, May 30, 2025

မြဝတီမြို့နယ်ထဲက စစ်ကောင်စီစခန်း ၂ ခု KNLA သိမ်းပိုက်... ကျောက်ဖြူတိုက်ပ...


မြဝတီမြို့နယ်ထဲက စစ်ကောင်စီစခန်း ၂ ခု KNLA သိမ်းပိုက်... ကျောက်ဖြူတိုက်ပွဲမှာ ဗိုလ်မှူးချုပ်တဦးသေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၃၁ မေ ၂၀၂၅

ကရင်ပြည်နယ် မြဝတီမြို့နယ် ထိုင်း-မြန်မာနယ်စပ်ရှိ စစ်ကောင်စီတပ်ရဲ့ ဘုရင့်နောင်ကုန်းနဲ့ မော်ခီး တပ်စခန်းကို KNLA (ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) နဲ့ မဟာမိတ်တွေက မေ ၃၀ မနက်ပိုင်းမှာ သိမ်းပိုက်လိုက်တယ်လို့ တော်လှန်ရေး ရဲဘော်တွေနဲ့ နယ်စပ်သတင်းရပ်ကွက်တွေက ပြောပါတယ်။

ပြီးခဲ့တဲ့ ၂၈ မှာ ကနဲလေး စခန်းကို သိမ်းပြီးနောက် အဲဒီဝန်းကျင်ရှိ အမြင့်ဆုံး တောင်ပေါ်က ဘုရင့်နောင် စခန်းကုန်းကို ပိတ်ဆို့ တိုက်ခိုက်စဉ် စစ်သား အတော်များများ ထိုင်းဘက် ထွက်ပြေးသွားတယ်လို့ တော်လှန်ရေး ထောက်ပို့ရဲဘော်တဦးက ပြောပါတယ်။

ဒါ့အပြင် သေ့ဘောဘိုး စခန်းကို မတိုက်ခင် တရက်က သတင်းတွေ ထွက်ပေါ်ခဲ့တဲ့ မော်ခီးတပ်စခန်းကိုလည်း မေ ၃၀ မနက်ပိုင်းမှာပဲသိမ်းပိုက်လိုက်ပြီး စစ်သားတွေ ထိုင်းဘက် ထွက်ပြေးသွားပြန်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ PNO ပအိုဝ်း ပြည်သူ့စစ်စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးမှုများပြီး လက်နက်များစွာ သိမ်းမိတယ်လို့ ဖယ်ခုံ PDF တပ်ရင်း ၁၀၀၂ က သတင်းထုတ်ပြန်...

- ညောင်လေးပင်မြို့နယ်၊ ပုဇွန်မြောင်းကျေးရွာမှာ အိမ်တွေဖောက်ပြီး ပစ္စည်းခိုးနေတဲ့ စစ်ကောင်စီတပ်ကို Fire Dragon တပ်ဖွဲ့က ဝင်တိုက်ရာမှာ စစ်သား တဦး သေပြီး ၂ ဦး ဒဏ်ရာရ...

- တရုတ် စီမံကိန်းတွေ ရှိတဲ့ ကျောက်ဖြူမြို့မှာ တိုက်ပွဲပြင်းထန်နေပြီး AA (အာရက္ခတပ်တော်) က လက်ဖြောင့်တပ်သားရဲ့ ပစ်ခတ်မှုကြောင့် စစ်ကောင်စီဘက်က ဗိုလ်မှူးချုပ် ကျော်မျိုးအောင်နဲ့ စစ်ဗိုလ်တဦး သေဆုံး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“အထွေထွေထိုးစစ်အတွက် ERO တွေနဲ့ ဟန်ချက်ညီအောင် စနစ်တကျ ပြင်ဆင်သင့်ပါတယ်”


“အထွေထွေထိုးစစ်အတွက် ERO တွေနဲ့ ဟန်ချက်ညီအောင် စနစ်တကျ ပြင်ဆင်သင့်ပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၃၀ မေ ၂၀၂၅)

“တိုင်းရင်းသားဒေသအသီးသီးမှာ အထွေထွေထိုးစစ်က စနေပြီ၊ မစနိုင်သေးတာက အညာဒေသပဲ ကျန်တယ်၊ အညာကိုအခြေပြုတဲ့ NUG အနေနဲ့ အထွေထွေထိုးစစ်အတွက် ERO တွေနဲ့ပူးပေါင်းရေး သိသာမြင်သာတဲ့ ပြင်ဆင်မှုတွေ အမြန်ဆုံးဆောင်ရွက်သင့်တယ်” လို့ စစ်ရေး နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

KNU ရဲ့ ဆက်တိုက်စခန်းသိမ်းမှုတွေ၊ လကုန်ရင် ပြန်စမယ့် ညီနောင် ၃ ဖွဲ့ရဲ့ ထိုးစစ်အလားအလာ၊ NUG ကပြောထားတဲ့ အထွေထွေထိုးစစ် ဘယ်လို ဆက်စပ်မှုရှိသလဲ... ဘယ်လောက်အထိ ပြင်ဆင်ထားပြီလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ကျောက်ဖြူသိမ်းပိုက်ရေးက တရုတ်ရဲ့ မြန်မာနိုင်ငံဆိုင်ရာ မူဝါဒကို အပြောင်းအလဲဖြစ်လာစေနိုင်သလား...

- TNLA ဗျုဟာက ခံစစ်လား- ထိုးစစ်လား...

- ကရင်နီဒေသ မိုးဗြဲ-ပင်လောင်း တိုက်ပွဲတွေက နေပြည်တော်ကို ခြိမ်းခြောက်နိုင်သလား...

- အညာဒေသမှာ ERO ဒေသတွေကို စခန်းသိမ်းစစ်ပွဲ မဆင်နွဲနိုင်သေးတာ ဘာကြောင့်လဲ...

- NUG က ပြောနေတဲ့ အထွေထွေထိုးစစ် ဘယ်လောက်အထိ အဆင်သင့်ဖြစ်နေပြိလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, May 29, 2025

ကနဲလေး စခန်း KNLA သိမ်းပိုက်... စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်ကြား သံတမန်ဆ...


ကနဲလေး စခန်း KNLA သိမ်းပိုက်... စစ်ကောင်စီနဲ့ ဘင်္ဂလားဒေ့ရှ်ကြား သံတမန်ဆက်ဆံရေးတင်းမာလာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၉  မေ ၂၀၂၅

ကရင်ပြည်နယ် ကော့ကရိတ်မြို့နယ်၊ ထိုင်းမြန်မာ နယ်စပ် အနီးရှိ စစ်ကောင်စီရဲ့ ကနဲလေး စခန်းကို မေ ၂၈ ညနေ ၆ နာရီမှာ တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီလို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

မေ ၂၇ မနက် ၇ နာရီမှာ စတင်တိုက်ခိုက်ပြီး ၂၄ နာရီအတွင်း သိမ်းပိုက်လိုက်တာဖြစ်ပါတယ်။ ၁၂၀ မမ အဝေးပစ် မော်တာကြီးတွေ အပါအဝင် လက်နက်များစွာ သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲ တွေ့ရပါတယ်။

မေ ၂၉ မနက်ပိုင်းမှာ မြဝတီမြို့နယ် အတွင်းရှိ ဥကရစ်ထ စခန်းရဲ့ကာကင်း စခန်းဖြစ်တဲ့ ဝါးမီထ စခန်းကို တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေ ထွက်ပေါ်နေပါတယ်။

ဒါ့အပြင်...

- တောင်သာမြို့အနီးရှိ Off-Take Gas Station အစောင့်တပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သားနဲ့ရဲ ၂ ဦး သေပြီး ၄ ဦး ဒဏ်ရာရ...

- ဖားကန့်မြို့နယ် လုံးခင်း ကျေးရွာကို မေ ၂၈ မှာ ဝင်ရောက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းဟာ ရွာသားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ဖမ်းဆီးတဲ့အပြင် ရွာသား ၆ ဦးကို ပစ်ခတ် သတ်ဖြတ်သွား...

- အာရက္ခတပ်တော် (AA) နဲ့ ဘင်္ဂလားဒေ့ရှ် အစိုးရ ဆက်ဆံတာကို စစ်ကောင်စီက ကန့်ကွက်ရာကနေ သံတမန်ရေး တင်းမာမှုဖြစ်ပြီး မြန်မာနိုင်ငံဆိုင်ရာ ဘင်္ဂလားဒေ့ရှ် သံအမတ်ကြီး ဒါကာကို  ပြန်လာဖို့ ဘင်္ဂလားဒေ့ရှ် အစိုးရက ပြန်ခေါ်...

- ထားဝယ် အထူးစီးပွားရေးဇုန် ဒေသက ဧကနိ ကျေးရွာ အနီးမှာ မေ ၂၉ မနက်ပိုင်းက စစ်ကောင်စီ တပ်နဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲ ထပ်ဖြစ်...

- တနင်္သာရီမြို့နယ် အခြေစိုက် ခမရ ၅၅၈ က စစ်သားသစ် ၂ ဦး MA-3 သေနတ် တလက် ခဲယမ်းတွေနဲ့အတူ Dawna Column ထံ ခိုလှုံလာ...

- မုံရွာမြို့အခြေစိုက် နပခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) က စစ်သားသစ် ၂ ဦးဟာလည်း MA-1 သေနတ် နှစ်လက်၊ ခဲယမ်းတွေနဲ့  ဒို့အရေး Channel ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, May 28, 2025

သေ့ဘောဘိုးတိုက်ပွဲ စစ်တပ်ဘက်က တပ်ရင်းအလိုက်ပြုတ်... နတ်ရေကန်စခန်းကနေ AA ...


သေ့ဘောဘိုးတိုက်ပွဲ စစ်တပ်ဘက်က တပ်ရင်းအလိုက်ပြုတ်... နတ်ရေကန်စခန်းကနေ AA တပ်တွေ ရှေ့တိုးလာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၉ မေ ၂၀၂၅

ကရင်ပြည်နယ်၊ ထိုင်း-မြန်မာ နယ်စပ် အနီးရှိ စစ်ကောင်စီရဲ့ သေ့ဘောဘိုး စခန်းကို စစ်ကူလာတဲ့ အင်အား ၇၀ ကျော်ပါစစ်ကြောင်းကို တော်လှန်ရေးတပ်ပေါင်းစုက ကြားဖြတ်တိုက်ရာမှာ သေဆုံးသူများပြီး  ၁၀ ဦးကျော် လက်ရဖမ်းမိ၊ လက်နက်များစွာ သိမ်းမိတယ်လို့ Cobra Column 2 VENOM စစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

မေ ၂၇ မနက်ပိုင်းမှာ အဲဒီစစ်ကြောင်း ဆုံဆည်းမြိုင် ကျေးရွာ အနီး ရောက်လာစဉ် တိုက်ခိုက်တာလို့ဆိုပါတယ်။ ၂၈ ရက်မှာလည်း တိုက်ပွဲတွေဆက်ဖြစ်နေပြီး စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက လိုက်လံချေမှုန်းနေတဲ့ ဗီဒီယို မှတ်တမ်းတွေ ဆိုရှယ်မီဒီယာမှာ ပြန့်နေပါတယ်။

ဒါ့အပြင်...

- ပင်လောင်းမြို့နယ်၊ ပင်လောင်း-ဆောင်းပြောင်း လမ်းမကြီးနဲ့ အနီးဝန်းကျင်ရှိ စစ်ကောင်စီနဲ့ PNO (ပအိုဝ်း ပြည်သူ့စစ်) စခန်းကုန်းတွေကို ကရင်နီတော်လှန်ရေးတပ်ပေါင်းစုက သိမ်းပိုက်လိုက်ပြီး လက်နက်တွေလည်း သိမ်းမိ...

- ဖားကန့်မြို့နယ်၊ လုံးခင်းကျေးရွာအထိ ရောက်ရှိနေပြီဖြစ်တဲ့ စစ်ကောင်စီတပ်တွေဟာ ရွာသားတွေကို ဓားစာခံအဖြစ် ဖမ်းဆီးပြီး လူသားဒိုင်းအဖြစ် အသုံးပြုဖို့ ပြင်ဆင်နေ...

- အပစ်ရပ် ကာလအတွင်း စစ်ကောင်စီတပ်က ဗုံးကြဲတဲ့အပြင် မြေပြင်ကပါ ဆက်တိုက် ထိုးစစ်ဆင်လာတဲ့အတွက် နောင်ချိုမြို့နယ် ယာပြင်ရွာ စခန်းကနေ TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) က ခွာပေးလိုက်ရ...

- မြင်းခြံမြို့ပေါ်ရှိ ခရိုင်ရုံး၊ ရဲသင်တန်းကျောင်း၊ ဇီးခြံ စစ်တပ်ဂိတ်နဲ့ စကားဝါဂိတ် ၄ နေရာကို တော်လှန်ရေးတပ်တွေက တပြိုင်တည်း ဝင်တိုက်ရာမှာ  ပျူစောထီး ၈ ဦးသေဆုံး...

- အမ်း-ပဒါန်း လမ်းပေါ် ရှိ နတ်ရေကန်အနီး တိုက်ပွဲတွေ ပြင်းထန်ပြီးနောက် စစ်ကောင်စီဘက်က ဆုတ်ခွာလိုက်တဲ့အတွက် MPT တာဝါတိုင် စခန်းကုန်းအထိ AA အာရက္ခတပ်တွေ ရောက်ရှိလာ...

... စတဲ့သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ကျောက်ဖြူကို သိမ်းနိုင်ရင် တရုတ်ရဲ့ စဉ်းစားပုံ ပြောင်းလဲလာနိုင်ပါတယ်”


“ကျောက်ဖြူကို သိမ်းနိုင်ရင် တရုတ်ရဲ့ စဉ်းစားပုံ ပြောင်းလဲလာနိုင်ပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၂၈ မေ ၂၀၂၅)

“ကျောက်ဖြူမြို့ကို AA အာရက္ခတပ်တော်က သိမ်းပိုက်နိုင်မယ်ဆိုရင် မြန်မာနိုင်ငံအပေါ်ထားရှိတဲ့ တရုတ်ရဲ့ စစ်ရေးဆိုင်ရာ စဉ်းစားချက်တွေ ပြောင်းလဲကောင်း ပြောင်းလဲလာနိုင်တယ်” လို့ စစ်ရေး နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့ရဲ့ အပစ်ရပ်ကာလအလွန် ဇွန်လဆန်းမှာ တိုက်ပွဲတွေ ပြင်းထန်လာနိုင်သလား၊ AA ရဲ့ ကျောက်ဖြူသိမ်းပိုက်ရေးနဲ့ တိုင်း ၃ တိုင်းဆီ ဦးတည်ထားတဲ့ စစ်ရေးအရှိန်အဟုန် ဘယ်လိုဖြစ်လာနိုင်သလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- KNU ရဲ့ အရှိန်အဟုန်ပြင်းတဲ့ နယ်စပ်စခန်းသိမ်းပွဲတွေက ဘယ်အထိ ဦးတည်သွားနိုင်သလဲ...

- KIA ရဲ့ ဗန်းမော်မြို့သိမ်း စီမံကိန်းက ဘာကြောင့် အချိန်ကြာနေတာလဲ...

- AA ရဲ့ ကျောက်ဖြူမြို့သိမ်းစီမံကိန်းနဲ့ တိုင်း ၃ တိုင်းဆီ ဦးတည်ထားတဲ့ စစ်ရေးပစ်မှတ်တွေက ဇွန်လဆန်းတာနဲ့ အရှိန်ပြန်တက်လာနိုင်သလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(အထွေထွေ ထိုးစစ်စတင်ဖို့ NUG က ဘယ်လောက်အထိ ပြင်ဆင်ထားပြီးပြီလဲ... ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, May 27, 2025

ဗန်းမော် စစ်ဆင်ရေး KIA အရှိန်မြှင့်... သေ့ဘောဘိုးစခန်းကို KNLA ထိုးစစ်ဆ...


ဗန်းမော် စစ်ဆင်ရေး KIA  အရှိန်မြှင့်... သေ့ဘောဘိုးစခန်းကို KNLA ထိုးစစ်ဆင်  ... နောက်ဆုံးရ တိုက်ပွဲသတင်းများ .... 

၂၈ မေ ၂၀၂၅

စစ် ရဟတ်ယာဉ် ၂ စင်းကို KIA (ကချင်လွတ်လပ်ရေးတပ်တော်) နဲ့ မဟာမိတ်တွေက ပစ်ချပြီးကတည်းက ငြိမ်နေတဲ့ ဗန်းမော်မြို့က စကခ ၂၁ မှာ မေ ၂၇ ကစပြီး တိုက်ပွဲ ပြန်ပြီးပြင်းထန်လာတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ဝင်းလိုက် (Win Light) ဟိုတယ်က တပ်စခန်းအပါအဝင် စကခ ၂၁ ရဲ့  ကာကင်း တပ်စခန်းအချို့ကို တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်ထားပြီလို့ ဆိုပါတယ်။

ဒါပေမယ့် KIA ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူကတော့ ဒီနေ့ ထိုးစစ် ပြန်စတာ မှန်ပေမယ့် စခန်း ကြီးကြီးမားမား သိပ်မိတာ မရှိသေးဘူး။ စစ်လေယာဉ်လဲ အရင်လောက် အလာမများတော့ဘူးလို့ BNN ကို ပြောပါတယ်။

ဒါ့အပြင်...

- ချင်းတောင်ပေါ် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို Chinland Council (CC) တပ်နဲ့ ချင်းညီနောင် (CB) တပ်ဖွဲ့တွေက စုပေါင်း ခုခံတိုက်ခိုက်နေ...

- ကျောက်ဖြူမြို့မှာ တိုက်ပွဲပြင်းထန်လာတဲ့အတွက် တရုတ် စီမံကိန်းက တရုတ်ဝန်ထမ်းတွေ စတင် ထွက်ပြေးနေ...

- စလင်းမြို့နယ်က ၁၃ ရက်ကြာတိုက်ပွဲမှာ စစ်ကောင်စီဘက်က ၃၀ ခန့် သေဆုံး တယ်လို့ မင်းဘူးခရိုင် အမှတ် ၅ တပ်ရင်းက သတင်းထုတ်ပြန်...

- ကျောက်ကြီးမြို့နယ် တောင်စုရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီ တပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်ရာမှာ စစ်သား ၁၀ ဦးသေ၊ ၇ ဦးကို လက်ရဖမ်းမိ၊ လက်နက်မျိုးစုံ ၉  လက် သိမ်းမိ...

- အုတ်ဖိုမြို့နယ် ပဲခူးရိုးမအစပ် ထန်းပင်ကုန်း ကျေးရွာရှိ စစ်ကောင်စီအခြေချ စခန်းကို တော်လှန်ရေး တပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၈ ဦးသေ၊ သေနတ် တလက်နဲ့ ခဲယမ်းအချို့သိမ်းမိ...

- ထိုင်း-မြန်မာ နယ်စပ်ရှိ သေ့ဘောဘိုး စခန်းကို KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေး တပ်ပေါင်းစုက ပိတ်ဆို့ တိုက်ခိုက်နေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, May 26, 2025

ကျောက်ဖြူ ရဲ တပ်ရင်းအနီးထိ AA တပ်တွေ ရောက်လာ... ဖားကန့်ဖက်မှာ တိုက်ပွဲပြ...


ကျောက်ဖြူ ရဲ တပ်ရင်းအနီးထိ AA တပ်တွေ ရောက်လာ... ဖားကန့်ဖက်မှာ တိုက်ပွဲပြင်းထန်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၇ မေ ၂၀၂၅

AA အာရက္ခတပ်တော်ရဲ့ ထိုးစစ်ဟာ ကျောက်ဖြူနဲ့ ၆ မိုင် အကွာရှိ အမှတ် ၃၂ တိုက်ခိုက်ရေး ရဲတပ်ရင်း အနီးအထိ ရောက်လာပြီလို့ နိရဉ္စရာက ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ရက်ပိုင်းအတွင်း AA သိမ်းပိုက်ထားတဲ့ စက်မှုလက်မှု သင်တန်းကျောင်းကို စစ်ကောင်စီဘက်က သွားတိုက်ရာကနေ AA ဘက်က တန်ပြန် ထိုးစစ် လုပ်လာရင်းနဲ့ ရဲ တပ်ရင်းနားအထိ AA တပ်တွေ ရောက်လာတာလို့ ဆိုပါတယ်။

ဒါ့အပြင်...

- ဖားကန့်မြို့နယ်က ကျောက်စိမ်းဒေသ၊ လုံးခင်း ကျေးရွာမှာ မေ ၂၆ မနက် ၃ နာရီက စပြီး စစ်ကောင်စီတပ်နဲ့ KIA (ကချင် လွတ်လပ်ရေးတပ်မတော်) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေ တိုက်ပွဲပြင်းထန်နေ...

- တောင်သာမြို့နယ်၊ ကျောက်ပန်းတောင်းဘက် အထွက် လမ်းပေါ်ရှိ စစ်ကောင်စီအခြေချ စခန်းနဲ့ ဝန်ထမ်းအိမ်ရာဘက်ရှိ စစ် ကောင်စီ စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား ၂ ဦးသေ၊ သေနတ်တလက် သိမ်းမိ...

- မုံရွာ အခြေစိုက် နမခ (အနောက်မြောက်တိုင်းစစ်ဌာနချုပ်) ကို Brave Warriors for Myanmar (BWM) အဖွဲ့က ၁၀၇ မမ ရှော့တိုက်ဒုံးတွေနဲ့ တိုက်ခိုက်...

- ဘောလခဲမြို့နယ်က စစ်ကောင်စီရဲ့ ကာကင်း စခန်းတခုကို ကရင်နီ တပ်ပေါင်းစုက သိမ်းပိုက်ရာမှာ စစ်သား ၂၀ ကျော် သေပြီး လက်နက် ၈ လက်နဲ့ ခဲယမ်းတွေ သိမ်းမိ...

- မြန်မာနိုင်ငံဆိုင်ရာ အိန္ဒိယသံအမတ် Abhay Thakur နဲ့ စစ်ကောင်စီခန့် တနင်္သာရီတိုင်းဝန်ကြီးချုပ် ဦးမြတ်ကို တွေ့ဆုံစဉ် ထားဝယ် အထူးစီးပွားရေးဇုန် အခြေအနေကို ဆွေးနွေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, May 25, 2025

ညောင်ကျိုးဖက်မှာ တိုက်ပွဲပြန်ဖြစ်... ကျိုဒုံးမြို့ကို KNLA က ပိတ်ဆို့ထား...


ညောင်ကျိုးဖက်မှာ တိုက်ပွဲပြန်ဖြစ်... ကျိုဒုံးမြို့ကို KNLA က ပိတ်ဆို့ထား... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၆ မေ ၂၀၂၅

ပဲခူးတိုင်း အနောက်ခြမ်း ပန်းတောင်း တပ်နယ် မသုံရွာ ဝန်းကျင်မှာ စစ်ကောင်စီတပ်နဲ့ အာရက္ခတပ်တော် (AA) ပူးပေါင်းတပ်ဖွဲ့တွေ တိုက်ပွဲပြင်းထန်နေတယ်လို့ ဧရာဝတီတိုင်းမ် က ဖောါပြပါတယ်။

တော်လှန်ရေး တပ်တွေရဲ့ ပစ်မှတ်ဟာ ညောင်ကျိုးကနေ ညောင်ခြေတောက်ဘက်ကို မသွားဘဲ မသုံရွာဘက် ရောက်လာပြီး ကပစ ၁၆ ထဲကနေ စစ်တပ်က လက်နက်ကြီးနဲ့ ပစ်ကူပေးနေတယ်လို့ စစ်ဖက် သတင်းရပ်ကွက်တွေက ပြောပါတယ်။

ဒါ့အပြင်...

- တောင်ခမ်းရွာ အနီးရှိ  နောင်လိတ်ဘက်မှာ စစ်တပ်နဲ့ TNLA (တအာင်းအမျိုးသားတပ်မတော်) ကြား တိုက်ပွဲပြင်းထန်နေ...

- မြင်းခြံခရိုင် ဆုံရွာ ပျူစောထီးစခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ ၂ ဦးသေပြီး အချို့ဒဏ်ရာရ...

- ကျောက်ကြီးမြို့နယ်၊ ကျွန်းကြီးကျေးရွာ မင်္ဂလာပွဲကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် သတို့သမီးနဲ့ ကလေးငယ်တွေ အပါအဝင် ၁၀ ဦး သေဆုံးပြီး ၂၀ ကျော် ဒဏ်ရာရ...

- ကျိုဒုံးမြို့ကို KNLA (ကရင့် အမျိုးသားလွတ်မြောက်ရေးတပ်တော်) ဦးဆောင်တဲ့ ပူးပေါင်းတပ်တွေက ပိတ်ဆို့ထားတဲ့အတွက် နယ်စပ်ဒေသက တိုက်ပွဲတွေဆီ စစ်ကောင်စီက စစ်ကူမပို့နိုင်ဖြစ်နေ...

- လောင်းလုံးမြို့ပေါ်ရှိ စရဖ (စစ် ဖက်ဆိုင်ရာလုံခြုံရေးတပ်) ရုံးကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်ရာမှာ စစ်သား ၂ ဦး သေပြီး ၂ ဦး ဒဏ်ရာရ...

- ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ရဲ့ အခြေခံစစ်သင်တန်း အပတ်စဉ် ၁/၂၀၂၅ သင်တန်းဆင်းပွဲကို စစ်ဆင်ရေးနယ်မြေ ၂ မှာ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“အထွေထွေထိုးစစ် မကြာခင် ဖြစ်လာနိုင်တယ်လို့ မှန်းဆပါတယ်”


“အထွေထွေထိုးစစ် မကြာခင် ဖြစ်လာနိုင်တယ်လို့ မှန်းဆပါတယ်”

- လင်းထက်‌အောင် (CDM - ဗိုလ်ကြီး)

(၂၅ မေ ၂၀၂၅)

“ပြောက်ကြားစစ်ကိုကျော်လာပြီဖြစ်တဲ့အတွက် စခန်းတွေသိမ်းပြီးရင် ပြန်ခွာလို့ မရတော့ဘူး။ စခန်းသိမ်းတိုက်ပွဲတွေကနေတဆင့် အထွေထွေထိုးစစ်အထိ ဖြစ်လာမယ်လို့ မှန်းဆပါတယ်” လို့ CDM - ဗိုလ်ကြီး လင်းထက်အောင်က ပြောပါတယ်။

လက်ရှိ တိုက်ပွဲတွေအခြေအနေ၊ မေလကုန်မှာ ပြီးဆုံးတော့မယ့် အပစ်ရပ်ကြေညာချက်တွေရဲ့ အခြေအနေတွေနဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ဗန်းမော်မှာ ငှက်ကင် ၂ ကောင် ပစ်ချခံရခြင်းက စစ်တပ်ကို ဘယ်လောက် ထိခိုက်စေသလဲ...

- ဒရုန်းနဲ့ ရဟတ်ယာဉ်ကို တိုက်ခိုက်နိုင်တာဟာ နည်းပညာအရ တိုးတက်လာမှုလား...

- စစ်တပ်နဲ့ ပျုစောထီးအကြား ဆက်ဆံရေးတွေ ပိုဆိုးလာတော့မလား...

- ဗိုလ်ချုပ်ဟောင်းတွေရဲ့ လုံခြုံရေးအတွက် လက်ရှိဗိုလ်ချုပ်တွေက ဘာများ ဆောင်ရွက်ပေးနေသလဲ...

- KNU ရဲ့ ဒီတကြိမ်ထိုးစစ်ဟာ အရင်လို သိမ်းပြီးပြန်ခွာ မဟုတ်တော့ပဲ မြို့သိမ်းတိုက်ပွဲအထိ ချီတက်လာနိုင်သလား...

- လက်ရှိအခြေအနေဟာ အထွေထွေထိုးစစ် စတင်သင့်တဲ့အချိန် ဖြစ်ပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, May 24, 2025

ဘလယ်ဒိုစခန်းက လက်နက်တွေ ရာနဲ့ချီ သိမ်းမိ... မြင်းခြံခရိုင် တိုက်ပွဲ လက်န...


ဘလယ်ဒိုစခန်းက လက်နက်တွေ ရာနဲ့ချီ သိမ်းမိ... မြင်းခြံခရိုင် တိုက်ပွဲ လက်နက် ၂၇ လက် သိမ်းမိ... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

(၂၅- မေ-  ၂၀၂၅)

ထိုင်း-မြန်မာနယ်စပ် အနီးရှိ ဘလယ်ဒိုစခန်းသိမ်းပွဲကနေ လက်နက်ကြီး လက်နက်ငယ် ရာနဲ့ချီသိမ်းမိတဲ့ပုံတွေကို တော်လှန်ရေးအဖွဲ့တွေက ထုတ်ပြန်ပါတယ်။

၆၀ မမ မော်တာတွေ၊ RPG လောင်ချာတွေ၊ စက်လတ်တွေအပါဝင် လက်နက်မျိုးစုံကို KNLA (ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်မဟာ ၆ ရဲ့ စစ်ဆင်ရေးမှူးတဦးဖြစ်သူ ဗိုလ်မှုးဒါးဘောက စစ်ဆေးကြည့်ရှုနေတဲ့ပုံတွေကိုလည်း တွေ့ရပါတယ်။

ဒါ့အပြင်...

- မင်းလှမြို့နယ်၊ ပဲခူးရိုးမအတွင်း စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ စစ်သား ၁၀ ဦးသေဆုံး...

- မြင်းခြံခရိုင်ရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနဲ့ ငါန်းဇွန် ၄ မြို့နယ်က စစ်ကောင်စီစခန်း ၁၂ ခုကို တော်လှန်ရေးတပ်တွေက တပြိုင်တည်းဝင်တိုက်ရာမှာ စစ်သား ၅၀ ကျော်သေဆုံး၊ လက်နက် ၂၇ လက်ရရှိ...

- ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်နေစဉ် စစ်ကောင်စီနဲ့ ပြည်သူ့စစ်တွေပေါင်းပြီး KIA ထိန်းချုပ်ဒေသ ဆဒုံး၊ ကန်ပိုင်တည်ဘက်ကို စစ်ကြောင်းထိုးလာ...

- ရခိုင်ပြည်နယ်က AA (အာရက္ခတပ်တော်) သိမ်းပိုက်ထားတဲ့ စခန်းတွေဖက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် ရခိုင်-မကွေးဆက်စပ်ဒေသနဲ့ ကျောက်ဖြူမြို့တွေမှာ တိုက်ပွဲပြင်းထန်နေ...

- မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင်တိုက်ဖျက်ရေး) NMSP (AD) နဲ့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA) တို့ ပေါင်းစည်းပြီး “ဒပ်မန် ရာမည- ရာမည မွန်တပ်တော်- Ramonnya Mon Army (RMA)” ကို  ဖွဲ့စည်း...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“တလှမ်းချင်းလှမ်းပြီး စနစ်တကျသွားနေတဲ့အပေါ် လူထုက နားလည်လာပါလိမ့်မယ်”


“တလှမ်းချင်းလှမ်းပြီး စနစ်တကျသွားနေတဲ့အပေါ် လူထုက နားလည်လာပါလိမ့်မယ်” 

- ပဒိုစောတောနီး (ပြောခွင့်ရပုဂ္ဂိုလ် - KNU)

၂၄ မေ ၂၀၂၅

“KNU ရဲ့လှုပ်ရှားမှုဟာ တလှမ်းချင်းလှမ်းပြီး စနစ်တကျသွားနေတာဖြစ်တယ်။ ဒါကို လူထုက တဖြေးဖြေးနားလည်လက်ခံလာမယ်လို့ ယုံကြည်ပါတယ်” လို့ ကရင့်အမျိုးသားအစည်းအရုံး KNU ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

အထနှေးတယ်လို့ ဝေဖန်ခံနေရတဲ့ KNU တပ်တွေဟာ တခုသီတင်းပတ်တွေ 
အတွင်း ထိုင်း-မြန်မာနယ်စပ်ရှိ သောင်ရင်းမြစ်တလျောက်က စစ်ကောင်စီစခန်းတွေကို တခုပြီးတခု ဆက်တိုက်သိမ်းပိုက်လာတာနဲ့ပတ်သက်ပြီး BNN က မေးမြန်းစဉ် သူက ဒီလို မှတ်ချက်ပေး ပြောကြားလာတာဖြစ်ပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

ဘလယ်ဒို စခန်းက သိမ်းမိလက်နက်များ


ဘလယ်ဒို စခန်းက သိမ်းမိလက်နက်များ

(၂၄-မေ-၂၀၂၅)

ထိုင်း-မြန်မာနယ်စပ် အနီးရှိ ကော့ကရိတ်မြို့နယ် KNLA တပ်မဟာ ၆ ဒေသက စစ်ကောင်စီရဲ့ ဘလယ်ဒို စခန်းကို မေ ၂၃ ညနေမှာ သိမ်းပိုက်လိုက်ပြီလို့ KNU ဗဟိုက မနေ့ညနေပိုင်းမှာ သတင်းထုတ်ပြန်ပါတယ်။

ဒီမနက်မှာတော့ တပ်မဟာ ၆ တပ်မှူးတဦးက အဲဒီစခန်းသိမ်းပွဲကနေ သိမ်းမိတဲ့ ၆၀ မမ မော်တာ, RPG လောင်ချာတွေအပါဝင် လက်နက်များစွာ ရာနဲ့ချီ သိမ်းမိတဲ့ ဗီဒီယို ကလစ်တခု တင်ပြထားတာကို မျှဝေလိုက်ပါတယ်။

စစ်ကောင်စီဖက်က စခန်းစွန့်ခွာထွက်ပြေးသူ၊ လက်နက်ချသူ အတော်များတယ်လို့လည်း သတင်းတွေ ထွက်ပေါ်နေပါတယ်၊၊

ဗီဒီယို ခရက်ဒစ်- Saw Kaw.

Friday, May 23, 2025

ဘလယ်ဒိုစခန်း KNLA သိမ်းပိုက်... သရက်ချိုစေတီကုန်းကို TNLA ပြန်သိမ်းဖို့ပ...


ဘလယ်ဒိုစခန်း KNLA သိမ်းပိုက်... သရက်ချိုစေတီကုန်းကို TNLA ပြန်သိမ်းဖို့ပြင်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၃ မေ ၂၀၂၅

ထိုင်း-မြန်မာ နယ်စပ် အနီးရှိ ကော့ကရိတ် မြို့နယ်၊ KNLA တပ်မဟာ ၆ ဒေသက စစ်ကောင်စီရဲ့ ဘလယ်ဒို စခန်းကို မေ ၂၃ ညနေ ၅ နာရီမှာ သိမ်းပိုက်လိုက်ပြီလို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

လက်နက်များစွာ သိမ်းမိတဲ့ ဓာတ်ပုံကိုလည်း ဖော်ပြထားပါတယ်။ ဒီစစ်ဆင်ရေးကို KNLA (ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) တပ်မဟာ ၆ က ဦးဆောင်ပြီး ကရင်အမျိုးသားကာကွယ်ရေးတပ်ဖွဲ့ (K.N.D.O) နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော် (P.D.F) ပူးပေါင်းဆောင်ရွက်တာလို့ ဖော်ပြပါတယ်။

ဒါ့အပြင်...

- သာပေါင်းမြို့က ခမရ ၃၀၈ အနီးအထိ အာရက္ခတပ်တော် (AA) နဲ့ ပူးပေါင်းတောင်တွေ နီးကပ်လာတဲ့အတွက် စစ်ကောင်စီဘက်က ကာကင်းခစန်းတွေ တိုးချဲ့ ပြင်ဆင်နေ...

- အပစ်အခတ် ရပ်ထားစဉ် ကာလမှာ စစ်ကောင်စီဘက်က လေကြောင်း ပစ်ကူတွေ၊ အဆိပ်ငွေ့ ဗုံးတွေနဲ့ တိုက်ခိုက်ပြီး စစ်ကြောင်းထိုးလာတဲ့အတွက် နောင်ချိုမြို့နယ်ထဲရှိ သရက်ချို စေတီကုန်းကနေ TNLA တပ်တွေ ယာယီ နောက်ဆုတ်ပေးလိုက်ရ...

- ကလေးမြို့ကနေ ချင်းပြည်နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ အင်အား ၂၀၀ ကျော်ပါ စစ်ကောင်စီတပ်နဲ့ ချင်းကာကွယ်ရေးတပ်တွေ မေ ၂၁ ကနေ အခု ၂၃ ညနေအထိ တိုက်ပွဲ ဆက်တိုက် ဖြစ်နေ...

- စစ်ကောင်စီ ဥက္ကဋ္ဌရဲ့ လူယုံတဦးဖြစ်သူ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်က အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် ရုတ်တရက် ကွယ်လွန်တဲ့ သတင်း မေ ၂၃ ထုတ် စစ်ကောင်စီ သတင်းစာတွေမှာ ဖော်ပြ...

- ထားဝယ် အခြေစိုက် ခမရ ၄၀၁ က တပ်သားတဦး သေနတ်တလက်နဲ့ အတူ မေ ၁၁ မှာ လောင်းလုံး မြို့နယ် “ပကဖ” ထံ ခိုလှုံလာ...

- နတ်တလင်းမြို့နယ်က စစ်သားသစ် ၂ ဦး MA 1 သေနတ် နှစ်လက်နဲ့အတူ သာယာဝတီခရိုင် တပ်ရင်း ၁ ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, May 22, 2025

မင်းအောင်လှိုင်ရဲ့ လူယုံတဦး ပစ်ခတ်ခံရ... မော်ခီးစခန်းကို KTLA တိုက်ခိုက်..,


မင်းအောင်လှိုင်ရဲ့ လူယုံတဦး ပစ်ခတ်ခံရ... မော်ခီးစခန်းကို KTLA တိုက်ခိုက်...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၃ မေ ၂၀၂၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ရှိ စကခ ၂၁ ကို စစ်ကူလာပို့စဉ် KIA- ကချင်လွတ်လပ်ရေးတပ်မတော်နဲ့ မဟာမိတ်တွေ ပစ်ချလိုက်တဲ့  Mi-17 တိုက်ခိုက်ရေး ရဟတ်ယာဉ် ၂ စီးနဲ့ပတ်သက်ပြီး နောက်ဆက်တွဲ ဗွီဒီယို မှတ်တမ်းတွေ ထွက်ပေါ်လာနေပါတယ်။

ဒီရဟတ်ယာဉ်တွေကို ပျံသန်းနေစဉ် မြေပြင်ကနေ လေယာဉ်ပစ် လက်နက်နဲ့ ပစ်ခတ်တာမျိုး မဟုတ်ပဲ မြေပြင်မှာ ခေတ္တရပ်ပြီး လူ အတင်-အချ လုပ်နေစဉ် ဒရုန်းနဲ့ Drop Bomb ကြဲချ၊ ဒရုန်းနဲ့ တိုက်ရိုက် တိုက်ခိုက်ပြီး လက်နက်ကြီးနဲ့ပစ်တာတွေကြောင့် ရဟတ်ယာဉ် အပေါ်ပိုင်း ထိခိုက်ပျက်စီးသွားတာကို ဗီဒီယို မှတ်တမ်းတခုမှာ တွေ့ရပါတယ်။

ဒါ့အပြင်...

- စစ်ကောင်စီ ဥက္ကဌ မင်းအောင်လှိုင်ရဲ့ လူယုံတဦးဖြစ်သူ နိုင်ငံတော် ကာကွယ်ရေး တက္ကသိုလ်က အငြိမ်းစား ဗိုလ်မှူးချုပ် ချိုထွန်းအောင် ကို Golden Valley Warriors အဖွဲ့က ပစ်ခတ်...

- ချောင်းဦးမြို့နယ်ဖက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို ဒေသခံ တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာမှာ စစ်ဗိုလ်တဦး အပါဝင် ၄ ဦးသေဆုံး...

- TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ အုမ္မတီး ရွာကို ဂျက်ဖိုက်တာက ပေါင် (၂၅၀) ဗုံး (၄) လုံး ကြဲချ တိုက်ခိုက်...

- ရပ်စောက်မြို့နယ်၊ ကျောက်ဂူ တိုက်နယ်က လွယ်ဟောင်ရွာနဲ့ ဖက်ရင်းကုန်း ရွာကြားကို စစ်ကောင်စီက အဆိပ်ငွေ့ဗုံးတွေ၊ လက်နက်ကြီးတွေနဲ့ ပစ်ခတ်...

- ပင်လောင်းမြို့နယ်၊ ဆောင်းပြောင်း ရွာအနီး တိုက်ပွဲအတွင်း စစ် ကောင်စီနဲ့ PNO (ပအိုဝ်း ပြည်သူ့စစ်) ပူးပေါင်းတပ် စခန်းကုန်းတစ်ခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်...

- ထိုင်း-မြန်မာ နယ်စပ်၊ မြဝတီမြို့ တောင်ဘက်ရှိ ဝေါလေ ဒေသက စစ်ကောင်စီရဲ့  မော်ခီး စခန်းကို ကော်သူးလေ အာမီ - KTLA နဲ့ မဟာမိတ် ပူးပေါင်းတပ်တွေက မေ ၂၁ မှာ စတင်တိုက်ခိုက်နေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, May 21, 2025

မီးလောင် ရဟတ်ယာဉ်အနီး လက်နက် ၁၄ လက် သိမ်းမိ... KNLA တပ်မဟာ ၇ ရဲဘော်တွေကိ...


မီးလောင် ရဟတ်ယာဉ်အနီး လက်နက် ၁၄ လက် သိမ်းမိ... KNLA တပ်မဟာ ၇ ရဲဘော်တွေကို ကရင်လူထု ဂုဏ်ပြု... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၂ မေ ၂၀၂၅

KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ မဟာမိတ်တွေ ပစ်ချလိုက်လို့ မီးလောင်ပြီး တောထဲ ပျက်ကျသွားတဲ့ ရဟတ်ယာဉ်ကနေ စစ်သားအလောင်း ၁၆ လောင်းနဲ့ လက်နက်မျိုးစုံ ၁၄ လက် တွေ့ရတယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ရွှေကူဘက် ပျက်ကျပြီး ပန်ကာကျိုးလို့ ဆက်မပျံနိုင်တဲ့ ရဟတ်ယာဉ်ကိုလည်း KIA တပ်တွေက မေ ၂၁ မှာ ဒရုန်းနဲ့ ဗုံးချပြီး ဖျက်ဆီးလိုက်တယ်လို့ ဆိုရှယ်မီဒီယာမှာ ဗီဒီယို ပုံတွေ ပြန့်နေပါတယ်။

ဒါ့အပြင်...

- ကလေးမြို့ကနေ ချင်းတောင်ကို တက်လာတဲ့ အင်အား ၂၀၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းနဲ့ ချင်းတော်လှန်ရေးတပ်တွေ မေ ၂၁ မနက်ပိုင်းက စပြီး တီးတိန်မြို့နယ်မှာ တိုက်ပွဲဖြစ်နေ...

- ညောင်ဦးမြို့ကနေ ထွက်လာတဲ့ အင်အား ၉၀ ခန့်ပါ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်သား ၈ ဦး သေဆုံး...

- ပေါင်းတည်မြို့နယ်ရှိ စစ်ကောင်စီရဲ့  သိမ်ကုန်း တာဝါတိုင် စခန်းကို မေ ၁၈ မှာ တော်လှန်ရေး တပ်တွေက သိမ်းပိုက်...

- မုဒုံမြို့နယ်က အမတ ၃၁၈ ကို NMSP (AD) မွန်ပြည်သစ်ပါတီ (စစ်အာဏာရှင် တိုက်ဖျက်ရေးအဖွဲ့) က ဝင်တိုက်...

- ပြီးခဲ့တဲ့ ဒီဇင်ဘာ ၁၆ ကနေ အခု မေ ၁၉ အထိ ၅ လတာ ကာလအတွင်း သောင်းရင်းမြစ် တလျှောက်ရှိ စစ်ကောင်စီ စခန်း ၈ ခုကို ဆက်တိုက် သိမ်းပိုက်နိုင်ခဲ့တဲ့ တိုက်ပွဲဝင် ရဲဘော်တွေကို ကရင်လူထုက မေ ၂၁ မှာ အခမ်းအနားနဲ့  ဂုဏ်ပြု...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, May 20, 2025

စစ် ရဟတ်ယာဉ် ၂ စီး KIA ပစ်ချ... ကျောက်ဖြူက စစ်တပ်စခန်း ၂ ခု AA သိမ်းပိုက...


စစ် ရဟတ်ယာဉ် ၂ စီး KIA ပစ်ချ... ကျောက်ဖြူက စစ်တပ်စခန်း ၂ ခု AA သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၁ မေ ၂၀၂၅

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို စစ်ကူလာတဲ့ ရဟတ်ယာဉ် ၃ စင်းထဲက ၂ စင်းကို တော်လှန်ရေး တပ်တွေက ပစ်ချလိုက်တယ်လို့ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ပြောခွင့်ရ ဗိုလ်မှူးကြီးနော်ဘူက မီဒီယာတွေကို ပြောပါတယ်။

မေ ၂၀ မွန်းလွဲ တနာရီကျော်မှာ အဲဒီရဟတ်ယာဉ်တွေ ဗန်းမော် စကခ ၂၁ အနီးရောက်လာစဉ် တော်လှန်ရေးတပ်တွေက ပစ်ခတ်တာဖြစ်ပြီး တစင်းက ရွှေကူမြို့ထဲ ပျက်ကျသွားပြီး နောက်တစင်းက ဧရာဝတီမြစ် အနောက်ဘက်ခြမ်း KIA တပ်ရင်း ၅ နယ်မြေရှိ တောထဲကို ပျက်ကျသွားကြောင်း ကနဦး သတင်း ရထားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ် ဘေးနားရှိ စစ်ကောင်စီရဲ့ မော်ဖိုးကေ စခန်းကို မေ ၁၉ ညနေပိုင်းမှာ ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) တပ်မဟာ ၇  ဦးဆောင်တဲ့ တော်လှန်ရေး တပ်ပေါင်းစုက သိမ်းပိုက်...

- တရုတ် စီမံကိန်းတွေ တည်ရှိရာ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့က စစ်ကောင်စီ စခန်း ၂ ခုကို အာရက္ခတပ်တော် AA က မေ ၁၉ မှာ သိမ်းပိုက် ...

- TNLA ထိန်းချုပ်ဒေသ  နောင်ချိုမြို့နယ်ရှိ တရုတ်မိုင်းလုပ်ငန်း ရှဲဆန် သတ္တုကုမ္ပဏီကို စစ်လေယာဉ်က ပေါင် ၅၀၀ ဗုံး ၂ လုံး ကြဲပြီးတိုက်ခိုက်တဲ့တွက် ပျက်စီး ဆုံးရှုံးမှု ၁,၆၈ဝ,ဝဝဝ (ယွမ် တသန်း ခြောက်သိန်း ရှစ်သောင်း) ကျော်ဖိုးရှိ...

- စစ်ကောင်စီဘက်က စစ်ကြောင်းထိုးလာတဲ့အတွက် စစ်ကိုင်းတိုင်း ကလေးကနေ ချင်းပြည်နယ်ကို တက်တဲ့လမ်း ကလေး-သိုင်းငင်း လမ်းမကြီးကို မေ ၂၀ က စပြီး ယာယီ ပိတ်လိုက်ပြီလို့ CDF-CDM Siyin က သတင်းထုတ်ပြန်...

- အိန္ဒိယ-မြန်မာ နယ်စပ် တမူးမြို့ အနီး ဖြစ်ပွားခဲ့တဲ့ ပကဖ (ပြည်သူ့ကာကွယ်ရေးတပ်) တပ်ဖွဲ့ဝင် ၁၀ ဦး ကျဆုံးခဲ့ရတဲ့ကိစ္စနဲ့ ပတ်သက်ပြီး အိန္ဒိယ အစိုးရ တာဝန်ရှိသူတွေနဲ့ တွေ့ဆုံကာ အမှုမှန် ပေါ်ပေါက်ရေး ဆောင်ရွက်သွားမယ်လို့ NUG နိုင်ငံခြားရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်...

- ခမောက်ကြီး မြို့နယ် အခြေစိုက် ခမရ ၄၃၁ က တပ်သားသစ်တဦး MA-1 တလက်၊ ခဲယမ်းတွေနဲ့ အတူ  မြိတ်ခရိုင် တပ်ရင်း ၃ ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, May 19, 2025

မော်ဖိုးကေ စခန်းကို KNLA သိမ်းပိုက်ဟု သတင်းထွက်... ပဲခူးက စစ်တပ်စခန်း PD...


မော်ဖိုးကေ စခန်းကို KNLA သိမ်းပိုက်ဟု သတင်းထွက်... ပဲခူးက စစ်တပ်စခန်း PDF သိမ်းပိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂၀ မေ ၂၀၂၅

ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ် အနီးရှိ စစ်ကောင်စီရဲ့ ခလရ ၂၄ ခြေကုပ်စခန်း “မော်ဖိုးကေ” ကို ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော် (KNLA) နဲ့  ပူးပေါင်းတပ်တွေက မေ ၁၉ မနက်ပိုင်းမှာ စတင် တိုက်ခိုက်နေတယ်လို့ KIC (Karen Information Center) က ဖော်ပြပါတယ်။

မ ၁၆ မှာ “မော်ကွီးလူ” ခစန်းကို သိမ်းပြီးတဲ့နောက် အခု “မော်ဖိုးကေ” ကို ဆက်တိုက်နေတာလို့ ဆိုပါတယ်။ လောလောဆယ် ဒရုန်းစစ်ဆင်ရေးလုပ်နေပြီး ကရင် ရွာသား ၂၀၀ ကျော် ထိုင်းနိုင်ငံ မယ်လရွာဘက် ထွက်ပြေးလာနေတယ်လို့ ထိုင်း မီဒီယာတွေက ဖေါ်ပြပါတယ်။

(မေ ၁၉ ညနေပိုင်းမှာ မော်ဖိုးကေစခန်းကို KNLA က သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထွက်နေပေမယ့် KNU ဖက်က တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး)

ဒါ့အပြင်...

- ပဲခူးမြို့နယ် ဇီးတောရွာရှိ စစ်ကောင်စီ တပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင် တိုက်ရာမှာ လက်နက်မျိုးစုံ ၁၄ လက် သိမ်းမိ...

- ရွှေဘိုမြို့နယ် ညောင်ပင်သာ စိုက်ပျိုးရေးသိပ္ပံ ဝင်းကနေ ထွက်လာတဲ့ ရဲ ၂ ဦးကို တော်လှန်ရေး တပ်တွေက ကြားဖြတ်တိုက်ရာမှာ ၂ ဦးစလုံး သေဆုံးပြီး သေနတ် ၂ လက် သိမ်းမိ...

- ဖယ်ခုံနဲ့ ညောင်ရွှေမြို့နယ်စပ်က ကျေးရွာတွေကို စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီနဲ့ PNO (ပအိုဝ်း ပြည်သူ့စစ်အဖွဲ့) ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ဗိုလ်မှူးတစ်ဦး အပါအဝင် ၅ ဦးထက် မနည်း သေဆုံး...

- အင်္ဂပူမြို့နယ်၊ ကွင်းကောက်အခြေစိုက် တမာတော တန်းမြင့် လေ့ကျင့်ရေးကျောင်း (တတက ၅) အနီး စစ်ကောင်စီ တပ်နဲ့ AA (အာရက္ခတပ်တော် ဦးဆောင်တဲ့ တော်လှန်ရေး တပ်တွေ တိုက်ပွဲ ပြင်းထန်နေ...

- ဘူးသီးတောင်မြို့သိမ်းတိုက်ပွဲ ၁ နှစ်ပြည့် အထိမ်းအမှတ်အဖြစ် တိုက်ပွဲမှာ ဖမ်းဆီးရမိထားတဲ့ စစ်သုံ့ပန်း မိသားစုဝင် ၃၀၀ ကျော်ကို မေ ၁၈ မှာ AA (အာရက္ခတပ်တော်) က ပြန်လွှတ်ပေး...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ဗုံးကြဲတဲ့လူကို အပြစ်မတင်ရဲပဲ စာသင်ကျောင်းဖွင့်တဲ့လူကို အပြစ်တင်တာမျိုး...


“ဗုံးကြဲတဲ့လူကို အပြစ်မတင်ရဲပဲ စာသင်ကျောင်းဖွင့်တဲ့လူကို အပြစ်တင်တာမျိုးဖြစ်အောင် စစ်ကောင်စီက တမင် ရက်စက်ပြနေတာဖြစ်တယ်”

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် - ပအဖ)

(၁၉  မေ ၂၀၂၅)

“ဗုံးကြဲတဲ့လူကို အပြစ်မတင်ရဲပဲ စာသင်ကျောင်းဖွင့်တဲ့လူကို အပြစ်တင်တာမျိုးဖြစ်အောင် စစ်ကောင်စီက တမင် ရက်စက်ပြနေတာဖြစ်တယ်၊ ဒါကို ရှင်းရှင်းလင်းလင်းမြင်ပြီး ပြသာနာအားလုံးဟာ စစ်ကောင်စီကြောင့်ဖြစ်တယ်၊ စစ်ကောင်စီကို မပြုတ် ပြုတ်အောင် တိုက်ရေးမှတပါး အခြားမရှိဘူးဆိုတာ အားလုံး သဘောပေါက်ဖို့ လိုတယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ်နဲ့ ချင်းညီနောင်အဖွဲ့ရဲ့ ပြောခွင့်ရပုဂ္ဂိုလ်တဦးဖြစ်သူ ဆလိုင်းယောမာန်က ပြောပါတယ်။

အပစ်ရပ်တယ်ပြောထားတဲ့ စစ်ကောင်စီက ဘာကြောင့် ဒီလို ဗုံး ဆက်တိုက်ကြဲနေတာလဲ၊ အထွေထွေထိုးစစ်အတွက် ဘာတွေပြင်ဆင်ဖို့လိုမလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- ချင်းညီနောင်အဖွဲ့ဟာ ချင်းတောင်ပေါ်မှာပဲ ထိုင်နေမယ့်အဖွဲ့မဟုတ်ဘူး- စစ်အာဏာရှင်ပြုတ်ကျတဲ့အထိ မဟာမိတ်တွေနဲ့ လက်တွဲတိုက်ပွဲဝင်သွားမယ့်အကြောင်း...

- အထွေထွေထိုးစစ်ဆိုတာကို ကြိုတင်ကြေညာသင့်သလား... ရလာဒ်နဲ့ သက်သေပြသင့်သလား...

- ဗုံးကြဲနေတဲ့ မင်းအောင်လှိုင်ကို အပြစ်မတင်ပဲ စာသင်ကျောင်းဖွင့်တဲ့ ကျောင်းဆရာတွေကို အပြစ်တင်နေတာဟာ ကျနော်တို့ လူ့အဖွဲ့အစည်းမှာ ဘာတွေ လွဲမှားနေလို့လဲ...

- နာကျည်းမှုကို ခွန်အားအဖြစ်မပြောင်းနိုင်ပဲ အချင်းချင်း ဝေဖန်မှုတိုးလာနေတာ ဘာကြောင့်လဲ...

 ... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, May 18, 2025

တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ပစ်... ဖားကန့်ဖက်မှာ တိုက်ပွဲပြင်း...


တောင်ငူလေတပ်စခန်းကို ရှော့တိုက်ဒုံးနဲ့ပစ်... ဖားကန့်ဖက်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၉ မေ ၂၀၂၅

ပဲခူးတိုင်း တောင်ငူ ကေတုမတီ လေတပ် စခန်းကို ၁၀၇ မမ ရှော့တိုက်ဒုံး ၁၁ လုံးနဲ့ မေ ၁၈ ရက် မနက် ၂ နာရီခန့်မှာ တိုက်ခိုက်တယ်လို့ Mountain Knights Civilian Defense Force (MKCDF) အဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

ဒုံး ၁၁ လုံးထဲက ၈ လုံး ပစ်မှတ်ကို ထိမှန်ပြီး စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုကို စုံစမ်းနေဆဲလို့ ဆိုပါတယ်။ 

ဒါ့အပြင်...

- ပခုက္ကူမြို့  စက်မှုဇုန် ၆ လမ်းရှိ စစ်ကောင်စီနဲ့ ပျူစောထီး စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်ကောင်စီဘက်က ၃ ဦး သေဆုံးပြီး ဒဏ်ရာရသူ များ...

- ဖားကန့်မြို့ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) ဦးဆောင်တဲ့ ပူးပေါင်းတပ်က ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်ကောင်စီဘက်က ထိခိုက် သေဆုံးမှုများ...

- မင်းပြားမြို့သိမ်းတိုက်ပွဲမှာ ဖမ်းမိထားတဲ့ စစ်သုံ့ပန်းတွေထဲက မိသားစုဝင် ၂၂၅ ဦးကို အာရက္ခတပ်တော် (AA) က မေ ၁၆ ရက်မှာ ပြန်လွှတ်ပေး...

- ဟားခါးက စစ်သား ၂ ဦးနဲ့ ရဲတဦး လက်နက်တွေနဲ့ အတူ  Chinland Defense Force - Hakha ထံ ခိုလှုံလာ...

- ရေဖြူမြို့နယ် ကံပေါက် အခြေစိုက် ခလရ ၂၇၃ က တပ်သားတဦး၊ မြိတ် အခြေစိုက် ခမရ ၁၀၁ က တပ်သားတဦးတို့ဟာ MA-1 သေနတ် တလက်၊ ခဲယမ်းတွေနဲ့ အတူ Launglone Peninsula Force - L P F ထံ ခိုလှုံလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, May 17, 2025

“စစ်ကောင်စီ ကင်းစင်တဲ့ဒေသက ပိုပြီး ဖွံ့ဖြိုးတိုးတက်မှုမြန်တယ်ဆိုတာကို လက...


“စစ်ကောင်စီ ကင်းစင်တဲ့ဒေသက ပိုပြီး ဖွံ့ဖြိုးတိုးတက်မှုမြန်တယ်ဆိုတာကို လက်မခံချင်လို့ သဲနဲ့ပက်နေတာ” 

- ဆလိုင်းယောမာန် (ပြောခွင့်ရပုဂ္ဂိုလ် - မင်းတပ်မြို့နယ် - ပအဖ) 

(၁၈ မေ ၂၀၂၅)

“စစ်ကောင်စီ ကင်းစင်သွားတဲ့ မြို့ရွာတွေက စစ်တပ်အုပ်ချုပ်နေတဲ့ မြို့ရွာတွေထက် ပိုပြီး ဖွံဖြိုးတိုးတက်မှုမြန်တယ်ဆိုတာကို ဒီစစ်တပ်က လူတွေက လက်မခံနိုင်ဘူးဖြစ်နေတယ်၊ ဒါကြောင့် မစားရတဲ့အမဲ သက်နဲ့ပက်ဆိုသလို ဖျက်လိုဖျက်ဆီး ဗုံးလိုက်ကြဲနေတာဖြစ်တယ်” လို့ မင်းတပ်မြို့နယ် ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ ပြောခွင့်ရပုဂ္ဂိုလ် ဆလိုင်းယောမာန်က ပြောပါတယ်။

မြေပြင် ထိုးစစ်မလုပ်နိုင်တဲ့ဒေသတွေ၊ လွတ်မြောက်နယ်မြေတွေကို စစ်ကောင်စီက လေကြောင်းနဲ့ နေ့စဉ်ဗုံးကြဲနေတဲ့ပေါ် ... BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- စစ်ကောင်စီရဲ့ ဗုံးကြဲမှုတွေကို ဘယ်လိုခုခံ ရင်ဆိုင်ကြမလဲ...

- ချင်းညီနောင်အဖွဲ့ရဲ့ မြေပြင်တွေ့ဆုံဆွေးနွေးမှုက ဘယ်လိုထူးခြားတဲ့ တိုးတက်မှုတွေကို ရစေသလဲ...

- ချင်းညီနောင် ထိန်းချုပ်ဒေသမှာ မြို့ပြအုပ်ချုပ်ရေး ဘယ်လို ဆောင်ရွက်နေသလဲ...

- ချင်းညီနောင်တပ်တွေက အညာဒေသဆီ ဘယ်အချိန်လောက်မှာ ဝင်ကူတိုက်ပေးနိုင်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, May 16, 2025

မော်ကွီးလု စခန်းကို KNLA သိမ်းပိုက်... အင်းတော်ကြီးဖက်မှာ တိုက်ပွဲပြင်းထ...


မော်ကွီးလု စခန်းကို KNLA သိမ်းပိုက်... အင်းတော်ကြီးဖက်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၆ မေ ၂၀၂၅

ထိုင်း-မြန်မာ နယ်စပ် သောင်ရင်းမြစ် အနီးရှိ မယ်လ ခေါ် မော်ကွီးလု စစ်ကောင်စီ စခန်းကို KNLA တပ်မဟာ ၇ က မေ ၁၆ မနက် ၅ နာရီခန့်မှာ သိမ်းပိုက်လိုက်ပြီလို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ဖားအံခရိုင် ပိုင်ကျုံ မြို့နယ်ထဲရှိ ဒီစခန်းကို မေ ၁၄ မှာ စတင် တိုက်ခိုက်ပြီး ၂၄ နာရီအတွင်း သိမ်းပိုက်တာဖြစ်တယ်လို့ ဒေသတွင်း မီဒီယာတွေက ဖော်ပြပါတယ်။

ဒါ့အပြင်...

- မိုးဗြဲတိုက်ပွဲမှာ  စစ်ကောင်စီဘက်က သေဆုံးမှုများပြီး ၁၆ ဦး အလင်းဝင်၊ လက်နက် ၄ လက်ရရှိ...

- မိုးညှင်းမြို့နယ် အင်းတော်ကြီးဒေသ ဆနွန်းကုန်း ကျေးရွာဘက်ကို စစ်ကောင်စီနဲ့ SNA ရှမ်းနီ ပူးပေါင်းတပ်က လေကြောင်းပစ်ကူနဲ့အတူ စစ်ကြောင်းထိုးနေ...

- ချင်းညီနောင်အဖွဲ့က ထိန်းချုပ်ထားတဲ့ မင်းတပ်မြို့နယ်ထဲက ကျေးရွာတခုကို မေ ၁၆ မှာ တိုက်လေယာဉ်က ဗုံး ထပ်ကြဲ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

တာလယ်စခန်းကို KNLA သိမ်းပိုက်... စစ်ကောင်စီရဲ့ ဗုံးကြဲမှုတွေကို AA ရှုတ်...


တာလယ်စခန်းကို KNLA သိမ်းပိုက်... စစ်ကောင်စီရဲ့ ဗုံးကြဲမှုတွေကို AA ရှုတ်ချ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ... ၁၅ မေ ၂၀၂၅ ထိုင်း-မြန်မာ နယ်စပ် အနီးရှိ တာလယ် အခြေချ ဗျူဟာစခန်း ကို KNLA တပ်မဟာ ၇ နဲ့ ပူးပေါင်းတပ်တွေက မေ ၁၄ ညမှာ သိမ်းပိုက်လိုက်ပြီလို့ KIC (Karen Information Center) က ဖော်ပြပါတယ်။ ကရင်ပြည်နယ်၊ ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ထဲရှိ ခလရ ၂၄ အခြေချ ဗျူဟာစခန်းကို ၅ ရက်ကြာ ထိုးစစ်ဆင်ပြီးနောက် မေ ၁၄ ညနေ ၆ နာရီခွဲခန့်မှာ သိမ်းပိုက်တယ်လို့ KNLA တာဝန်ရှိသူတဦးက ပြောပါတယ်။ ဒါ့အပြင်...
  • ကော့ကရိတ်မြို့ကနေ မြဝတီဘက် အထွက် အာရှလမ်းမ ဘေးရှိ တတန်ကူး ရွာမှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီရဲ့ အောင်ဇေယျ စစ်ကြောင်း နောက်တန်း စခန်းကို KNLA တပ်မဟာ ၆ ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက တိုက်ခိုက်နေ...
  • ပခုက္ကူဘက်ကနေ မြိုင်မြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်သားအလောင်း ၈ လောင်းတွေ့ရပြီး သေနတ်တလက်နဲ့ ခဲယမ်းတွေ သိမ်းမိ...
  • TNLA ထိန်းချုပ်ဒေသ မိုးကုတ်မြို့နဲ့ နောင်ချိုမြို့ကို မေ ၁၃ ညမှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် နေအိမ်အချို့ ပျက်စီး...
  • (AA) ထိန်းချုပ်ဒေသ ကျောက်တော်မြို့ကို မေ ၁၄ ညနေ ၄ နာရီခန့်မှာ စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် အမျိုးသမီး ၃ ဦး သေဆုံးပြီး အနည်းဆုံး ၅ ဦး ဒဏ်ရာရ...
  • ငလျင်ဒဏ် ခံစားနေရချိန်မှာ လူသားချင်း စာနာမှုဆိုင်ရာ အကူအညီတွေ ဆောင်ရွက်နိုင်ရေးအတွက် မေ ၃၁ အထိ ညီနောင်မဟာမိတ် ၃ ဖွဲ့က အပစ်အခတ် ရပ်စဲထားချိန်မှာ စစ်ကောင်စီဘက်က ရသေ့တောင်နဲ့ ကျောက်တော်ကို ဗုံးကြဲမှုဟာ စစ်ရာဇဝတ်မှု ကျူးလွန်တာဖြစ်ပြီး ပြင်းထန်စွာရှုတ်ချလိုက်တယ်လို့ အာရက္ခတပ်တော် (AA) က သတင်းထုတ်ပြန်...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

မဆုတ်တမ်း ခံစစ်စခန်းက စစ်ကောင်စီ ဒုရင်းမှူး ထွက်ပြေး... AA နဲ့ CB ထိန်းခ...


တာလယ် မဆုတ်တမ်း ခံစစ်စခန်းက စစ်ကောင်စီ ဒုရင်းမှူး ထွက်ပြေး... AA နဲ့ CB ထိန်းချုပ်ဒေသကို စစ်တပ်က ဆက်တိုက် ဗုံးကြဲ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ... ၁၆ မေ ၂၀၂၅ ထိုင်း-မြန်မာနယ်စပ် အနီးရှိ စစ်ကောင်စီရဲ့ တာလယ် မဆုတ်တမ်း ခံစစ်စခန်းကို KNLA ကရင်အမျိုးသားလွတ်မြောက်ရေးတပ်မတော်က ဝင်ရောက်တိုက်ခိုက်စဉ် ခလရ ၂၄ ဒု-ရင်းမှူးနဲ့အဖွဲ့ စခန်းစွန့်ခွာ ထွက်ပြေးသွားတယ်လို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။ ဖားအံခရိုင်၊ ပိုင်ကျုံ မြို့နယ်ထဲရှိ တညာကျိုး (ခ) တာလယ် ဗျူဟာစခန်းကို မေ (၁၃) ရက်၊ ည (၇) နာရီခန့်မှာ KNLA တပ်မဟာ ၇ ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်တာဖြစ်ပါတယ်။ ဗိုလ်ကြီး တဦး အပါဝင် ၉ ဦးသေပြီး ထွက်ပြေးသွားတဲ့ ဒု-ရင်းမှုးကို လိုက်လံရှာဖွေနေတယ်လို့ ဆိုပါတယ်။ ဒါ့အပြင်...
  • တာလယ်စခန်းနဲ့ သိပ်မဝေးတဲ့ မယ်လ စခန်းကို KNLA က ဆက်လက်ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်ပြီး ဒေသခံ ၄၀၀ ခန့် ထိုင်းဖက် ထွက်ပြေးလာ...
  • ထားဝယ်မြို့အဝင် aပါက်တိုင်း တံတား စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ စစ်သား၊ ရဲ နဲ့ ပျုစောထီး ၉ ဦးသေ၊ ၇ ဦး ဒဏ်ရာရ...
  • ချင်းညီနောင် ထိန်းချုပ်ဒေသ မင်းတပ်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တဦးအပါဝင် ၃ ဦး သေဆုံးပြီး ၁၀ ဦးခန့် ဒဏ်ရာရ...
  • AA ထိန်းချုပ်ဒေသ ကျောက်တော်မြို့ကို ၂ ရက်အတွင်း ဒုတိယအကြိမ် ဗုံးထပ်ကြဲတဲ့အတွက် အရပ်သား ၅ ဦးသေ၊ ၉ ဦး အပြင်းအထန် ဒဏ်ရာရ...
... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

“တပ်မဟာ ၇ ကို ဝေဖန်နေသူတွေ အခုဆို သဘောပေါက်လောက်ပြီ”


“တပ်မဟာ ၇ ကို ဝေဖန်နေသူတွေ အခုဆို သဘောပေါက်လောက်ပြီ”

- ပဒိုစောတောနီး ( KNU - ပြောခွင့်ရပုဂ္ဂိုလ်) 

(၁၆- မေ - ၂၀၂၅)

“နယ်မြေအခြေနေကို မသိပဲနဲ့ တပ်မဟာ ၇ ကိုဝေဖန်သလိုလို လုပ်နေသူတွ အခုလောက်ဆို သဘောက်သင့်ပြီ” လို့ KNU ကရင့်အမျိုးသားအစည်းအရုံး ပြောခွင့်ရပုဂ္ဂိုလ် ပဒိုစောတောနီးက ပြောပါတယ်။

ထိုင်း-မြန်မာနယ်စပ် သောင်ရင်းမြစ်ဘေးရှိ စစ်ကောင်စီစခန်းတွေကို KNLA တပ်မဟာ ၇ က ဆက်တိုက်သိမ်းပိုက်နေတာ၊ ဒီနေ့ မယ်လ သို့မဟုတ် မော်ကွီးလု စခန်းကို ထပ်သိမ်းလိုက်တာနဲ့ပတ်သက်ပြီး BNN သတင်းဌာနက မေးမြန်းစဉ် သူက ဒီလို ပြောခဲ့တာဖြစ်ပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, May 13, 2025

ထိုင်းနယ်စပ်က တာလယ် စခန်း KNLA သိမ်းပိုက်ဟု သတင်းထွက်... AA နဲ့ TNLA ထိန...


ထိုင်းနယ်စပ်က တာလယ် စခန်း KNLA သိမ်းပိုက်ဟု သတင်းထွက်... AA နဲ့ TNLA ထိန်းချုပ်မြို့တွေကို စစ်တပ်က ဗုံးကြဲ...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၄ မေ ၂၀၂၅

ထိုင်းနယ်စပ်နဲ့ ၇ ကီလိုမီတာခန့် အကွာရှိ ကရင်ပြည်နယ် ဘားအံခရိုင် ပိုင်ကျုံမြို့နယ်က တာလယ် (Tale) စခန်းကို စစ်ကောင်စီ လေယာဉ်တွေက ဗုံးကြဲနေတဲ့အတွက် မေ ၁၃ ရက် မနက်မှာ ထိုင်းစစ်တပ်က နယ်စပ်မှာ လက်နက်ကြီးတွေ ဆင်ပြီး တပ်လှန့် နေရာယူထားတယ်လို့ Khaosod သတင်းက ဖော်ပြပါတယ်။

မဲဆောက်မြို့နယ် Mae Tan ရွာမှာ ထိုင်းဘက်က နေရာယူ စောင့်ကြည့်နေတာဖြစ်ပြီး တာလယ် စခန်းကို KNLA တပ်မဟာ ၇ နဲ့ ပူးပေါင်းတပ်တွေက ထိုးစစ်ဆင်နေတာလို့ ဆိုပါတယ်။

(မေ ၁၃ ညပိုင်းမှာ တာလယ်စခန်းကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီလို့ သတင်းတွေထွက်နေပေမယ့် KNLA ဖက်က သတင်းမထုတ်ပြန်သေးပါ)

ဒါ့အပြင်...

- မင်းလှမြိုနယ်၊ ပဲခူးရိုးမဘက်က စိန်ကန့်လန့်-မြို့ချောင်း လမ်းပေါ်ရှိ ဟိုင်းယု စစ်ကောင်စီ စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်တဲ့အခါ မတိုက်ခင် စခန်းစွန့်ခွာထွက်ပြေးသွား...

- ရေစကြိုမြိုနယ်၊ ဆင်ချောင်း ပျူစောထီး ကျေးရွာကနေ ထွက်လာတဲ့ အင်အား ၁၀၀ နီးပါးရှိ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ရာမှာ ၂၇ ဦး သေ၊ ၃၀ နီးပါး ဒဏ်ရာရ...

- TNLA  ထိန်းချုပ်ဒေသ  မန်တုံမြို့နဲ့ မိုင်းငေါ့မြို့ကို မေ ၁၂ ရက် ည ၁၁ နာရီခန့်မှာ စစ် လေယာဉ်က ဗုံးကြဲတဲ့အတွက် အရပ်သား ၁ ဦးသေဆုံးပြီး ၃ ဦးထိခိုက်ဒဏ်ရာရကာ နေအိမ် ၂၇ လုံး ပျက်စီး...

- AA  ထိန်းချုပ်ထားတဲ့ ရသေ့တောင်မြို့နယ် ထွန်းရဝေ ကျေးရွာ (ဟောင်း) ကို မေ ၁၃ ရက် မနက် ၁၀ နာရီခန့်မှာ စစ် လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေနဲ့ အမျိုးသမီးတွေ အပါအဝင် အရပ်သား ၁၃ ဦး သေဆုံးပြီး ၂၀ ထက်မနည်း ဒဏ်ရာရ...

- ရုရှားအစိုးရက တာဝန်ယူဆောင်ရွက်မယ့် ထားဝယ် အထူးစီးပွားရေးဇုန်၊ ရေနက်ဆိပ်ကမ်း စီမံကိန်းအတွက် ရုရှားစကားပြောသင်တန်း ဖွင့်ဖို့ တနင်္သာရီတိုင်း အစိုးရက စီစဉ်နေ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“အထွေထွေထိုးစစ်လုပ်တော့မယ်ဆိုရင် စစ်ဦးစီးကော်မီတီ လိုအပ်လာပါတယ်”


“အထွေထွေထိုးစစ်လုပ်တော့မယ်ဆိုရင် စစ်ဦးစီးကော်မီတီ လိုအပ်လာပါတယ်” 

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁၃ မေ ၂၀၂၅)

“တနိုင်ငံလုံးဆိုင်ရာ အထွေထွေထိုးစစ်လုပ်တော့မယ်ဆိုရင် တနိုင်ငံလုံးက တပ်တွေကို အမိန့်ပေးကွပ်ကဲနိုင်တဲ့ စစ်ဦးစီးကော်မီတီနဲ့ စစ်ဦးစီးချုပ်က မဖြစ်မနေလိုအပ်လာတယ်၊ ဒါကို ရဲရဲတင်းတင်း ဖွဲ့စည်းဖို့လိုတယ်” လို့ စစ်ရေး- နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

ပြီခဲ့တဲ့အပတ်က ဆွေးနွေးခဲ့တဲ့ NUG နဲ့ AA ကြားမှာ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်ဖို့လိုတယ်ဆိုတာ ဘယ်လိုအချက်တွေကို ဆိုလိုတာလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- NUG နဲ့ AA ကြားမှာ တရားဝင် မဟာမိတ်ဖွဲ့ဖို့ ဘာကြောင့် အရေးတကြီးလိုအပ်တာလဲ...

- AA တပ်တွေက ဧရာဝီမြစ် အနောက်ဖက်ကနေ အရှေ့ဖက်အထိကျော်လာပြီး နေပြည်တော်အထိ လိုက်ပါနိုင်သလား...

- NUG ကို ဖွဲ့စည်းပုံပြောင်းပြီး စစ်ပုံစံ ကော်မရှင်တွေနဲ့ ခရီးဆက်ရေး- စစ်ဦးစီးကော်မီတီဖွဲ့ရေးဆိုတာတွေကို ဘယ်လို ဆက်လုပ်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေး တင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, May 12, 2025

ခမရ ၅၉၈ မှာ လက်နက်တွေသိမ်းပြီးနောက် တော်လှန်ရေးတပ်တွေ ပြန်ခွာ... ဒီပဲယင်...


ခမရ ၅၉၈ မှာ လက်နက်တွေသိမ်းပြီးနောက် တော်လှန်ရေးတပ်တွေ ပြန်ခွာ... ဒီပဲယင်း စာသင်ကျောင်းကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ၂၀ ကျော်သေဆုံး... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၃ မေ ၂၀၂၅

တော်လှန်ရေးတပ်ပေါင်းစုက မေလ ၈ ရက်မှာသိမ်းပိုက်လိုက်တဲ့ ပဲခူးတိုင်း၊ ရွှေကျင်မြို့နယ်၊ ညောင်ခြေတောက်ရွာက ခမရ ၅၉၈ တပ်ရင်းကို စစ်ကောင်စီတပ်တွေက တန်ပြန် ထိုးစစ်ဆင်လာတဲ့အတွက် သိမ်းမိလက်နက်တွေကို ယူပြီး တော်လှန်ရေးတပ်တွေ ပြန်ခွာလိုက်တယ်လို့ KIC Karen Information Center က ဖော်ပြပါတယ်။

KNLA တပ်မဟာ ၃ တပ်ဖွဲ့ဝင်တွေ၊ PDF တပ်တွေ၊ ဒေသခံ မဟာမိတ်တွေက ဒီစခန်းကိုသိမ်းပိုက်စဉ်မှာ စစ်သား ၃၀ ကျော် အလောင်းတွေ့ရှိ အချို့ကို လကဖမ်းမိတယ်၊ တပ်ရင်းမှူးနဲ့ အဖွဲ့က ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။ ၈၁ မမ မော်တာ အပါအဝင် လက်နက်မျိုးစုံ ၈၀ ကျော်သိမ်းမိတာကို ဓာတ်ပုံမှတ်တမ်းထဲတွေရပါတယ်။

မေ ၁၀ ရက်မှာတော့ စစ်ကောင်စီဘက်က လေယာဉ်တွေ သုံးပြီး မြေပြင်ထိုးစစ် အပြင်းအထန် လုပ်လာတဲ့အတွက် လိုအပ်တာတွေသိမ်းပြီး အထိခိုက်မခံဘဲ ၁၀ ရက် ညပိုင်းမှာ ပြန်ခွာလိုက်တယ်လို့ KNLA တာဝန်ရှိသူတဦးတဦးကပြောပါတယ်။

ဒါ့အပြင်...

- KNLA တပ်မဟာ ၇ ဒေသ၊ ဖားအံခရိုင်၊ ပိုင်ကျုံမြို့နယ်ရှိ စစ်ကောင်စီရဲ့ တာလယ် ဗျူဟာစခန်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်နေတဲ့အတွက် တိုက်ပွဲပြင်းထန်ပြီး ကရင်ဒေသခံအချို့ ထိုင်းနိုင်ငံ မယ့်လထရွာဘက် ထပ်မံထွက်ပြေးနေ...

- ငသိုင်းချောင်း- ဂွ လမ်းပေါ်ရှိ အမတ ၃၄၄ ကို အာရက္ခတပ်တော် (AA) နဲ့  PDF ပူးပေါင်းတပ်တွေက မေ ၁၁ ရက်မှာ စတင် တိုက်ခိုက်နေ...

- ဒီပဲယင်းမြို့နယ် အိုးထိန်းတွင်းကျေးရွာ စာသင်ကျောင်းကို စစ်လေယာဉ်က ဗုံးကြဲတဲ့အတွက် ကလေးငယ်တွေနဲ့ ဆရာမတွေအပါအဝင် ၂၂ ဦး သေဆုံးပြီး ၄၀ ကျော် ဒဏ်ရာရ...

- မူးမြို့နယ် အခြေစိုက် ခမရ ၄၃၉  က စစ်သားသစ်တဦး MA 11  သေနတ် ၁ လက်နဲ့အတူ မေ ၅ ရက်မှာ KNLA တပ်ရင်း ၈ ထံ အလင်းဝင်လာ...

- ဒေါနတောင်ပေါ်မှာ သောင်တင်နေတဲ့ အောင်ဇေယျ စစ်ကြောင်းက စစ်သားတွေ တော်လှန်ရေးတပ်တွေထံ ဆက်တိုက် အလင်းဝင်နေပြီး အရာရှိတယောက် အပါအဝင် ၃၀ ကျော်နေပြီလို့ ဗျူဟာ ၃၁ က သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, May 11, 2025

ရွှေကျင် ခမရ-၅၉၈ ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်... နောင်ချိုနဲ့ ကျောက်...


ရွှေကျင် ခမရ-၅၉၈ ကို တော်လှန်ရေးတပ်တွေ သိမ်းပိုက်... နောင်ချိုနဲ့ ကျောက်ဖြူမှာ တိုက်ပွဲပြန်ပြင်းထန်လာ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၁၂ မေ ၂၀၂၅

ပဲခူးတိုင်း ရွှေကျင်မြို့နယ် ညောင်ခြေထောက် ကျေးရွာရှိ ခမရ-၅၉၈ တပ်ရင်းဌာနချုပ်ကို မေ ၈ ရက်မှာ တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး လက်နက်မျိုးစုံ ၈၀ ကျော် သိမ်းမိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

တိုက်ပွဲတွင်း စစ်သားအလောင်း ၃၀ တွေ့ရှိပြီးစစ်သုံ့ပန်း ၆ ဦးနဲ့ မိသားစုဝင် ၇ ဦး ဖမ်းမိတယ် … တပ်ရင်းမှူး အပါအဝင် တပ်သား ၅၀ ခန့်က စခန်းစွန့်ခွါ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- ညောင်ရွှေမြို့နယ် စန့်စွဲ ကျေးရွာမှာ မေ ၆ ရက်ကနေ ၉  ရက်အထိ တိုက်ပွဲ ပြင်းထန်ပြီး စစ်ကောင်စီရဲ့ ဒရုန်း ၂ စင်းကို PDF ဖယ်ခုံ တပ်ရင်း ၁၀၀၆ က ပစ်ချနိုင်ခဲ့...

- နောင်ချိုမြို့နယ် သရက်ချို ရွာနဲ့ ယာပြင်ရွာဖက်ကို စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် TNLA တပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေ...

- ကျောက်ဖြူမြို့နယ် လိပ်ခမော်နဲ့ မလကျွန်း ကျေးရွာဖက် စစ်ကောင်စီက စစ်ကြောင်းထိုးလာတဲ့အတွက် AA တပ်တွေနဲ့ တိုက်ပွဲပြင်းထန်နေ...

- ပခုက္ကူဘက်ကနေ မြိင်မြို့နယ်ဘက် စစ်ကြောင်းထိုးလာတဲ့ တပ်မ ၁၀၁ က စစ်ကြောင်းကို့ Southern YSO PDF က လက်နက်ကြီးနဲ့ တိုက်ခိုက်...

- ပြီးခဲ့တဲ့ လပိုင်းတွေအတွင်း မတူပီ၊ ကျင်ဒွေး၊ မင်းတပ်၊ ကန်ပက်လက်နဲ့ ဖလမ်းမြို့တွေကို သိမ်းပိုက်ခဲ့တဲ့ ချင်းညီနောင်အဖွဲ့က ၄ ရက်တာ မြေပြင်တွေ့ဆုံပွဲ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, May 9, 2025

ထီးခီးစခန်း KNLA သိမ်းပိုက်... နောင်ချိုက မင်္ဂလာပွဲ စစ်တပ်က လက်နက်ကြီးန...


ထီးခီးစခန်းကို KNLA သိမ်းပိုက်... နောင်ချိုက မင်္ဂလာပွဲကို စစ်တပ်က လက်နက်ကြီးနဲ့ပစ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ...

၁၀ မေ ၂၀၂၅

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထိုင်း-မြန်မာ နယ်စပ်ရှိ ထီးခီး စစ်ကောင်စီစခန်းကို မေလ ၉ ရက်မှာ သိမ်းပိုက်လိုက်ပြီလို့ KNU ဗဟိုက သတင်းထုတ်ပြန်ပါတယ်။

ထီးခီးနဲ့ ၅ မိုင်အကွာရှိ ထီးထာ ဗျူဟာ စခန်းကို ဧပြီ ၁၉ မှာ သိမ်းပိုက်ပြီးနောက် ထီးခီးကို ဆက်လက်ထိုးစစ်ဆင်ပြီး အခု မေ ၉ မနက်ပိုင်းမှာ သိမ်းလိုက်တာဖြစ်ပါတယ်။

ဒါ့အပင်...

- ထိုင်း-မြန်မာ နယ်စပ် ဖားအံခရိုင် ပိုင်ကျုံမြို့နယ်ရှိ တခေါ်ဘီခွီး စစ်ကောင်စီ စခန်းကိုလည်း မေ ၉ ရက် မနက်ပိုင်းမှာပဲ KNLA တပ်မဟာ ၇ ဦးစီးတဲ့ တော်လှန်ရေးတပ်တွေက သိမ်းပိုက်...

- ညောင်လေးပင်ခရိုင်၊ ရွှေကျင်မြို့နယ်ရှိ ခမရ ၅၉၈ ကို KNLA တပ်မဟာ ၃ ဦးဆောင်တဲ့ တော်လှန်ရေးတပ်တွေက မေလ ၉ ရက် မနက်ပိုင်းမှာ သိမ်းပိုက်...

- ပုလောမြို့မ ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ရဲ ၂ ဦးသေ၊ ၆ ဦးဒဏ်ရာရပြီး  G3 သေနတ် တလက်နဲ့ ခဲယမ်းတွေ ရရှိ...

- မြောင်မြို့မ ရဲစခန်းကနေ မြင်းမူဘက် ထွက်လာတဲ့ ရဲတွေကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ၄ ဦး သေပြီး သေနတ် ၃ လက်ရရှိ...

- နောင်ချိုမြို့ နယ် သရက်ချို ကျေးရွာက မင်္ဂလာပွဲကို စစ်ကောင်စီက လက်နက်ကြီးနဲ့ ပစ်တဲ့တွက် ကလေးငယ် တဦး အပါအဝင် ဒေသခံ ၄ ဦး သေဆုံး...

- ဗန်းမော်မြို့၊ ညောင်ပင်  ရပ်ကွက်ရှိ စစ်ဘေးရှောင်တွေ ခိုလှုံနေတဲ့ ကမ်းနားရိပ်သာ ဘုန်းကြီးကျောင်းကို စစ်လေယာဉ်က ဗုံးကြဲတိုက်ခိုက်တဲ့အတွက် စစ် ရှောင် ၁၅ ဦး သေဆုံးပြီး ၁၅ ဦးကျော် ဒဏ်ရာရ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“NUG နဲ့ AA ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရင် နေပြည်တော်ကိ...


“NUG နဲ့ AA ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရင် နေပြည်တော်ကို ခြိမ်းခြောက်နိုင်တယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၉ - မေ -၂၀၂၅)

“NUG -အမျိုးသားညီညွတ်ရေးအစိုးရနဲ့ AA - အာရက္ခတပ်တော်ကြားမှာ ပူးပေါင်းဆောင်ရွက်မှုတိုးမြှင့်နိုင်ရင် နေပြည်တော်ကို ခြိမ်းခြောက်နိုင်တယ်။ ၂၀၂၅ မကုန်ခင် တော်လှန်ရေးရဲ့ ရှေ့တဆင့် ခြေလှမ်းကို လှမ်းမြင်ရနိုင်တယ်” လို့ စစ်ရေး- နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

KIA ရဲ့ ဗန်းမော် ထိုးစစ်၊ KNU ရဲ့ စစ်တောင်းမြစ်ဝှမ်းထိုးစစ်နဲ့ AA ရဲ့ တိုင်း ၃ တိုင်းဆီ ထိုးဝင်နေမှုအခြေနေတွေကို ဘယ်လို ဟန်ချက်ညီဆောင်ရွက်နိုင်မလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- KIA ရဲ့ ဗန်းမော်မြို့သိမ်း စစ်ဆင်ရေး အောင်ပွဲနီးလာပြီလား...

- KNU ရဲ့ လှုပ်ရှားမှုတွေက နယ်စပ်စခန်းတွေအပြင် စစ်တောင်းမြစ်ဝှမ်းနဲ့ ပဲခူးရိုးမအထိ ရောက်လာနေပြီလား...

- AA ရဲ့ ထိုးစစ်က တိုင်း ၃ တိုင်းထဲ ဘယ်လောက်အထိ ဝင်လာနိုင်ခြေရှိသလဲ...

- PDF က ၄ နှစ်တာအတွင်း ပြောက်ကြားစစ်ကနေ ချေမှုန်းရေးစစ်ပွဲ- စခန်းသိမ်းတိုက်ပွဲတွေ ဆင်လာနိုင်ပြီလား...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, May 8, 2025

ကျုံဒိုးတိုက်ပွဲမှာ စစ်ကောင်စီ ဒုရင်းမှူးသေဆုံး... နောက်ဆုံးရ တိုက်ပွဲသတ...


ကျုံဒိုးတိုက်ပွဲမှာ စစ်ကောင်စီ ဒုရင်းမှူးသေဆုံး... AA နဲ့ ဆက်သွယ်ရေးလုပ်တဲ့ ဘင်္ဂလားဒေ့ရှ်ကို စစ်ကောင်စီ ကန့်ကွက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ... 

၉ မေ ၂၀၂၅

ကရင်ပြည်နယ် ကျုံဒိုးမြို့၊  နွားခြံကုန်းကျေးရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာမှာ ဒုတပ်ရင်းမှူး ဗိုလ်မှူးစိုးမင်းထက် အပါအဝင် ၃၀ ခန့် သေဆုံးတယ်လို့ မွန်ပြည်လွတ်မြောက်ရေးတပ်တော် (MLA)က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၃၀ မနက် ၇ နာရီကနေ ၁၀ နာရီ ၃ နာရီကြာတိုက်ပွဲမှာ ခုလို သေဆုံးတာလို့ ဆိုပါတယ်။ စစ်ကောင်စီတပ်ဟာ ဒေသခံ ရတခ (အရှေ့တောင်တိုင်းစစ်ဌာနချုပ်) တပ်တွေ မလုံလောက်တဲ့အတွက် ကမ်းရိုးတမ်းတိုင်းက ဘုတ်ပြင်း အခြေစိုက် ခမရ ၄၃၂၊ တပ်မ ၂၂၊ တပ်မ ၄၄ လက်အောက်ခံ တပ်တွေကိုပါ ခေါ်ယူ တိုက်ခိုက်နေပြီး သေဆုံးသွားတဲ့ ဒု-တပ်ရင်းမှူး ဗိုလ်မှူးစိုးမင်းထက်ဟာ ဘုတ်ပြင်း ခမရ ၄၃၂ ကဖြစ်တယ်လို့ သိရပါတယ်။

ဒါ့အပြင်...

- တနင်္သာရီမြို့နယ်နဲ့ ကျွန်းစုမြို့နယ် အစပ်ရှိ ဝါရစ်-ပိန်းတောပြင် နဲ့ ဝါရစ်- ကမ်းနားတံတား စစ်ကောင်စီ စခန်းတွေကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ ဗိုလ်မှူးတဦး အပါဝင် ၄ ဦးသေ၊ ၉ ဦး ဒဏ်ရာရ...

- မေ ၃၁ အထိ အပစ်ရပ်တယ်လို့ စစ်ကောင်စီက ကြေညာထားပေမယ့် ဗုံးကြဲတာ၊ မြေပြင်ထိုးစစ် ဆင်တာတွေ ဆက်လုပ်နေတယ်လို့ TNLA (တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော်) က သတင်းထုတ်ပြန်...

- တော်လှန်ရေး တပ်တွေရဲ့ ထိုးစစ်ကြောင့် ထီးခီးစခန်းကနေ ထိုင်းနိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်သားနဲ့ ရဲ ၄၀ ခန့်ကို ထိုင်း အာဏာပိုင်တွေကဖမ်းဆီးပြီး ကန်ချပူရီကနေ ရနောင်း၊ အဲဒီက တဆင့် ကော့သောင်းဘက် ပြန်ပို့ပေးဖို့ ပြင်ဆင်နေ...

- ရခိုင်ပြည်နယ်၊ ဘူးသီးတောင်၊ မောင်တော တိုက်ပွဲမှာ ဘင်္ဂလားဒေ့ရှ်နိုင်ငံဘက် ထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်သား ၃၄ ဦးကို  စစ်ကောင်စီက မေ ၇ ရက်မှာ လေယာဉ်နဲ့ ပြန်ခေါ်သွား...

- ဘင်္ဂလားဒေ့ရှ် နယ်စပ်တလျှောက်လုံးကို သိမ်းပိုက်ထားတဲ့ AA (အာရက္ခတပ်တော်) ကို ဘင်္ဂလားဒေ့ရှ်ဘက်က ဆက်ဆံရေး လမ်းကြောင်းထူထောင်လိုက်တာကို မြန်မာ စစ်ကောင်စီက ကန့်ကွက်စာ ပို့...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Wednesday, May 7, 2025

ထီးခီးစခန်းက စစ်သား ၄၀ ခန့် ထိုင်းဖက် ထွက်ပြေး... ဖားကန့်မှာ တိုက်ပွဲပြင...


ထီးခီးစခန်းက စစ်သား ၄၀ ခန့် ထိုင်းဖက် ထွက်ပြေး... ဖားကန့်မှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၈ မေ ၂၀၂၅

တနင်္သာရီတိုင်း ထားဝယ်မြို့နယ် ထိုင်းနယ်စပ်ရှိ ထီးခီး စစ်ကောင်စီစခန်းကို တော်လှန်ရေးတပ်တွေက ထိုးစစ်ဆင်နေတဲ့အတွက် စစ်သား ၄၀ ခန့် ထိုင်းဘက် ထွက်ပြေးသွားတယ်လို့ တနင်္သာရီတိုင်းမ်က ဖော်ပြပါတယ်။

ပြီးခဲ့တဲ့ ဧပြီ တတိယပတ်မှာ ထီးထာ ဗျူဟာစခန်းကို သိမ်းပြီးနောက် ထီးခီး စခန်းကို ဆက်လက် ထိုးစစ်ဆင်နေတာဖြစ်ပြီး မေ ၂ ရက်ကနေ ၅ ရက်အတွင်း ရဲနဲ့ စစ်သား ၄၀ ကျော် ထိုင်းဘက် ထွက်ပြေးသွားတာဖြစ်တယ်လို့ KNU မြိတ်-ထားဝယ်ခရိုင် တပ်မဟာ ၄ ဒေသ အတွင်းရေးမှူး ပဒို စောအယ်နားက ပြောပါတယ်။

ဒါ့အပြင်...

- ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းရှိ ခမရ ၅၄၆ ကို ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA တပ်မဟာ ၆ နဲ့ မဟာမိတ် PDF ပူးပေါင်း တပ်တွေက ဝိုင်းပတ် ပိတ်ဆို့ တိုက်ခိုက်နေ...

- ထိုင်း-မြန်မာ နယ်စပ် အနီးရှိ ဘားအံ ခရိုင်ထဲက တခေါဘီထ စခန်းကို မေ ၇ ရက် မနက်ပိုင်းမှာ KNLA တပ်မဟာ ၇ နဲ့ မဟာမိတ်တွေက ထိုးစစ်ဆင်...

- သံဆိပ် စခန်းကနေ ရွှေကျင်ကို ပြန်ဆင်းလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက တိုက်ခိုက်ရာမှာ စစ်သားတဦး သေပြီး သေနတ်တလက် သိမ်းမိ...

- ဗန်းမော်မြို့မှာ တိုက်ပွဲပြင်းထန်နေစဉ် ဖားကန့်မြို့နယ်ဘက်ကိုလည်း စစ်ကောင်စီ တပ်အင်အား ရာချီပြီး လေကြောင်းပစ်ကူနဲ့ အတူ စစ်ကြောင်းထိုးလာတဲ့အတွက် တိုက်ပွဲ ပြင်းထန်နေ...

- မောတောင်မြို့နယ် ထိုင်း-မြန်မာနယ်စပ် ကုန်သွယ်ရေးလမ်းပေါ်ရှိ သိန်ခွန်းကျေးရွာ တိုက်ပွဲမှာ စစ်သား ၁၂ ဦး KNLA ထံ ဘက်ပြောင်း ခိုလှုံလာ...

- အောင်ဇေယျ စစ်ကြောင်းက စစ်သား ၃ ဦးဟာ သေနတ်တလက်နဲ့ အတူ PDF ဗျူဟာ ၃၁ ထံ ခိုလှုံလာ...

- PDF ပြည်သူ့ကာကွယ်ရေးတပ်မတော် ဖွဲ့စည်းတည်ထောင်ပြီး ၄ နှစ်တာအတွင်း တပ်ရင်းတပ်ဖွဲ့ အသီးသီးဆီ အမေရိကန်ဒေါ်လာ ၂၅ သန်းနီးပါး ထောက်ပံ့ခဲ့တယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာန ထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“TNLA က တောင်ခမ်းက အမြောက်စခန်းတွေကို သိမ်းပြဖို့လိုတယ်”


“TNLA ဖက်က တောင်ခမ်းက အမြောက်စခန်းတွေကို သိမ်းပြဖို့လိုတယ်” 

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၇ - မေ -၂၀၂၅)

“တရုတ်နဲ့စစ်ကောင်စီဖက်က တောင်းဆိုတဲ့အတိုင်းသာ လိုက်လျောနေရင် ထပ်ပြီးတောင်းဆိုမှုတွေ တိုးလာလိမ့်မယ်။ ဒါကြောင့် တော်လှန်ရေးဖက်က လုပ်နိုင်စွမ်းကို ထုတ်ပြပြီး တောင်ခမ်းက အမြောက်စခန်းတွေကို သိမ်းပြဖို့လိုတယ်” လို့ စစ်ရေး- နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်ကပြောပါတယ်။

မြန်မာလူထုရဲ့ ဆန္ဒကို တရုတ်က နားမလည်ဘူး၊ တရုတ်နားလည်အောင် ဝိုင်းပြောပေးကြပါဆိုတဲ့ TNLA ရဲ့ပြောဆိုချက်နဲ့ပတ်သက်ပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ပထမ ပိုင်းမှာ...

- မြန်မာလူထုဆန္ဒကို တရုတ်အစိုးရက တကယ်ပဲ နားမလည်သေးတာလား...

- MNDAA ကိုဖိအားပေးသလိုမျိုး TNLA ကို ဖိအားပေးလို့ ရနိုင်ပါ့မလား...

- TNLA ဖက်က ငုံ့ခံမလား- တုန့်ပြန်မလား... ဘယ်လိုတုန့်ပြန်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(NUG နဲ့ AA ကြားမှာ ပူးပေါင်းဆောင်ရွက်မှု တိုးမြင့်နိုင်အောင် ဘာတွေလိုအပ်နေသလဲ...ဆွေးနွေးချက်ပါတဲ့ ဒုတိယ ပိုင်းကိုတော့ မနက်ဖန် ထုတ်လွှင့်ပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Tuesday, May 6, 2025

ဗန်းမော်မှာ တိုက်ပွဲပြင်းထန်... ကျုံဒိုး-ကော့ကရိတ်လမ်းပေါ်က စစ်တပ် နောက်...


ဗန်းမော်မှာ တိုက်ပွဲပြင်းထန်... ကျုံဒိုး-ကော့ကရိတ်လမ်းပေါ်က စစ်တပ် နောက်ပြန်ဆုတ်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၇ မေ ၂၀၂၅

ကချင်ပြည်နယ် ဗန်းမော်မြို့မှာ တိုက်ပွဲ ဆက်လက်ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူနဲ့ ခုခံတဲ့အပြင် လေကြောင်းကနေ လူနဲ့ ရိက္ခာ ဆက်တိုက် ချပေးနေတယ်လို့  The 74 Media က ဖော်ပြပါတယ်။

ကုန်းလမ်း၊ ရေလမ်း အားလုံးကို KIA (ကချင်လွတ်လပ်ရေးတပ်မတော်) နဲ့ မဟာမိတ်တွေက လနဲ့ချီ ပိတ်ဆို့ထားတဲ့အတွက် ရိက္ခာပြတ်နေတဲ့ စကခ ၂၁ ထဲက စစ်သားတွေကို ရဟတ်ယာဉ် အားကိုးနဲ့ လူနဲ့ ရိက္ခာ ချပေးနေတာလို့ ရှေ့တန်း ရဲဘော်တဦးက ပြောပါတယ်။

ဒါ့အပြင်...

- နောင်ချိုမြို့နယ်၊ တောင်ခမ်းရွာက အမြောက်တပ် စခန်း ဝန်းကျင်မှာ တိုက်ပွဲပြင်းထန်နေပြီး စစ်ကောင်စီဘက်က အဆိပ်ငွေ့ဗုံးနဲ့ တိုက်ခိုက်နေ...

- မိုးဗြဲမြို့မှာ တိုက်ပွဲဆက်တိုက် ပြင်းထန်နေပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ၊ ဒရုန်းပစ်ကူ အပြင် အဆိပ်ငွေ့ဗုံးနဲ့ပါ  တိုက်ခိုက်နေ...

- ကျုံဒိုး-ကော့ကရိတ် လမ်းပိုင်းကို ထိုးစစ်ဆင်လာတဲ့ စစ်ကောင်စီတပ် အကျအဆုံး များစွာနဲ့ ပြန်ဆုတ်သွား...

- လောက်ကိုင်တိုက်ပွဲအတွင်း MNDAA (ကိုးကန့် တပ်) ထံ လက်နက်ချခဲ့တဲ့ စကခ ၁၄ ဌာနချုပ်မှူး ဗိုလ်မှူးချုပ် အေးမင်းဦးဟာ အခု လားရှိုးမှာ ရမခ တိုင်းမှူးအဖြစ် ပြန်ပေါ်လာဟုဆို...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Monday, May 5, 2025

ညောင်ကျိုးစခန်းကို ပြန်တိုက်ဖို့ စစ်ကောင်စီပြင်ဆင်... PDF ၄ နှစ်ပြည့် အခ...


ညောင်ကျိုးစခန်းကို ပြန်တိုက်ဖို့ စစ်ကောင်စီပြင်ဆင်... PDF ၄ နှစ်ပြည့် အခမ်းနားကျင်းပ... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၆ မေ ၂၀၂၅

အာရက္ခတပ်တော် (AA) က သိမ်းပိုက်ထားတဲ့ ပဲခူးတိုင်း ပန်းတောင်းမြိုနယ်ထဲက ညောင်ကျိုးစခန်းကို ပြန်လည်ရရှိရေးအတွက် စစ်ကောင်စီက တန်ပြန် ထိုးစစ်ဆင်လာတာကို AA နဲ့ မဟာမိတ်တွေက ချေမှုန်းလိုက်တယ်လို့ နိရဉ္စရာက ဖော်ပြပါတယ်။

ညီနောင်မဟာမိတ် ၃ ဖွဲ့က အပစ်ရပ်ထားချိန် ဧပြီ ၃၀ မှာ စစ်ကောင်စီဘက်က အင်အား ၁၅၀ ခန့်ပါတဲ့ စစ်ကြောင်းတခုဟာ လေကြောင်းပစ်ကူနဲ့အတူ ညောင်ကျိုးဘက်ကို စစ်ထိုးလာပေမယ့် ညောင်ကျိုး မရောက်ခင် လမ်းခုလတ်မှာတင် AA နဲ့ မဟာမိတ်တပ်တွေက ချေမှုန်းလိုက်လို့  အကျအဆုံး များစွာနဲ့ ပြန်ဆုတ်သွားရတယ်လို့ စစ်ဖက် သတင်းရပ်ကွက်တွေကို ကိုးကားဖော်ပြပါတယ်။

ဒါ့အပြင်...

- TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ထိန်းချုပ်ထားတဲ့ ကျောက်မဲမြို့ကို မေ ၅ ရက် မနက် ၁၁ နာရီခွဲမှာ စစ်လေယာဉ်က ဗုံး ၂ လုံး ကြဲသွား...

- စလင်းမြို့ကနေ ကုက္ကိုတန်းရွာဘက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်သား ၂၇ ဦး သေဆုံး၊ ၃၀ ခန့် ဒဏ်ရာရ...

- ဆားလင်းကြီးမြို့နယ် မုံရွာ-ပုသိမ် လမ်းပိုင်းရှိ တရုတ် ဝမ်ပေါင် ကုမ္ပဏီအနီး လုံခြုံရေး ကင်းယူပေးနေတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ရာမှာ စစ်သား  ၆ ဦး သေဆုံး...

- ညောင်လေးပင်မြိုနယ် ပုဇွန်မြောင်း ကျေးရွာက ကျေးလက်ဆေးပေးခန်းကို ဖျက်ဆီးတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက လိုက်လံတိုက်ခိုက်ရာမှာ စစ်သားတဦး သေဆုံး...

- KNLA (ကရင့်အမျိုးသားလွတ်မြောက်ရေးတပ်မတော်) အမှတ် ၅ တပ်မဟာ မူတြော်ခရိုင်အတွင်း ဧပြီ တလတည်းမှာ တိုက်ပွဲ ၁၃၉ ကြိမ် ဖြစ်ပြီး စစ်ကောင်စီဘက်က ဗိုလ်မှူးအဆင့် အပါအဝင် ၃၉ ဦးသေဆုံး၊ ၅၅ ဦး ဒဏ်ရာရ...

- မေလ ၅ ရက်ဟာ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) ဖွဲ့စည်းတည်ထောင်ခြင်း ၄ နှစ်ပြည့်ဖြစ်ပြီး သက်ဆိုင်ရာ တပ်ရင်းဌာနချုပ် အသီးသီးမှာ အခမ်းအနား ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

''KIA နဲ့ TNLA ကြားက ပြသာနာတွေကို ဆွေးနွေးဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေပြီ”


KIA နဲ့ TNLA ကြားက ပြသာနာတွေကို ဆွေးနွေးဖြေရှင်းဖို့ အဆင်သင့်ဖြစ်နေပြီ”

- ဗိုလ်မှူးကြီး တားပန်လ (တွဲဖက်အထွေထွေအတွင်းရေးမှူး- PSLF/TNLA)

(၅- ၅- ၂၀၂၅)

“မဟာမိတ် KIA နဲ့ TNLA ရှေ့တန်းတပ်တွေကြား ဖြစ်ပွားခဲ့တဲ့ပြသာနာတွေကို တွေ့ဆုံဆွေးနွေးအဖြေရှာဖို့ အဆင်သင့်ဖြစ်နေပြီ” လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တွဲဖက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လ ကပြောပါတယ်။

မေလ ၄ ရက် အွန်လိုင်းကနေ ကျင်းပတဲ့ သတင်းစာရှင်းပွဲအတွင်း သူက ဒီလို ပြောသွားတာပါ။

မဟာမိတ်ဆက်ဆံရေးနဲ့ သိမ်းပိုက်မြို့များရဲ့အနာဂတ်အခြေအနေကြောင်း ပြောကြားချက်ကို ကောက်နုတ်ဖေါ်ပြလိုက်ပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Sunday, May 4, 2025

ကျောက်ဖြူ ရဲတပ်ရင်းအနီး တိုက်ပွဲပြင်းထန်... မြန်မာလူထုဆန္ဒကို တရုတ်နားမလ...


ကျောက်ဖြူ ရဲတပ်ရင်းအနီး တိုက်ပွဲပြင်းထန်... မြန်မာလူထုဆန္ဒကို တရုတ်နားမလည်သေးဟု TNLA ပြော... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၅ မေ ၂၀၂၅

တရုတ် စီမံကိန်းတွေ ရှိတဲ့ ရခိုင်ပြည်နယ် ကျောက်ဖြူမြို့ လုံခြုံရေးမှာ အဓိက အရေးပါတဲ့ အမှတ် ၃၂ တိုက်ခိုက်ရေး ရဲတပ်ရင်းကို AA (အာရက္ခတပ်တော်) က ဝိုင်းမိထားပြီဖြစ်တဲ့အတွက် စစ်ကောင်စီဘက်က ကျောက်ဖြူနဲ့ ရဲတပ်ရင်းကြားမှာ ကာကင်းစခန်းအသစ်တွေ ထပ် ဆောက်နေတယ်လို့ နိရဉ္စရာက ဖော်ပြပါတယ်။

အမှတ် ၃၂ တိုက်ခိုက်ရေး ရဲတပ်ရင်းသာ ကျသွားရင် AA တပ်တွေ ဝင်လာပြီး  ကျောက်ဖြူရှိ စစ်တပ် စခန်းတွေကို ချက်ချင်း လာတိုက်နိုင်တယ်၊ အမ်းမြို့တိုက်ပွဲလိုမျိုး ထောက်ပို့လမ်းကြောင်းတွေ ဖြတ်တောက်ခံရနိုင်တာကြောင့် အခုလို ပြင်ဆင်တာဖြစ်တယ်လို့ စစ်ဘက်သတင်းရပ်ကွက်ကို ကိုးကားဖော်ပြပါတယ်။

ဒါ့အပြင်...

- ရခိုင်ပြည်နယ် အမ်းမြို့နဲ့ နပခ သိမ်းတိုက်ပွဲမှာ စလင်း (ပကဖ) လည်း ပါဝင်ပြီး ရဲဘော် ၈ ဦး ကျဆုံးခဲ့ရတယ်၊ အခု အိမ်အပြန်လမ်းမှာ ပြည်သူတွေက နွေးထွေးစွာ ကြိုဆိုကြတယ်လို့ စလင်း (ပကဖ) က ဗီဒီယို သတင်းထုတ်ပြန်...

- TNLA (တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော်) ထိန်းချုပ်ဒေသ  နောင်ချိုနဲ့ မိုးကုတ် မြို့နယ်ကို မေ ၃ ရက်မှာ စစ်လေယာဉ်က ဗုံးထပ်ကြဲတဲ့အတွက် ဒေသခံ သေဆုံး ဒဏ်ရာရ...

- မြန်မာလူထုဆန္ဒကို တရုတ်အစိုးရ နားမလည်ဖြစ်နေဟု တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တွဲဖက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လ က ပြောဆို...

- မတ္တရာမြို့နယ် အခြေစိုက် ခမရ ၇၀၃ က စစ်သား ၂ ဦး သေနတ် ၂ လက်နဲ့ အတူ ပြည်သူ့ကာကွယ်ရေးတပ်မတော် (မန္တလေး) ထံ ခိုလှုံလာ...

- မင်းဘူး အခြေစိုက် ခမရ ၄၁၇ က စစ်သားသစ် ၃ ဦးဟာလည်း သေနတ် ၃ လက်နဲ့ အတူ မေ ၄ ရက်မှာ မင်းဘူးခရိုင်အမှတ် ၂ တပ်ရင်းထံ ခိုလှုံုလာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“မြေပြင်အခြေအနေမှန်ကို တရုတ်ဖက်ကနားလည်လာအောင် ဝိုင်းပြောဖို့လိုပါတယ်”


“မြေပြင်အခြေအနေမှန်ကို တရုတ်ဖက်ကနားလည်လာအောင် ဝိုင်းပြောဖို့လိုပါတယ်”

- ဗိုလ်မှူးကြီး တားပန်လ (တွဲဖက်အထွေထွေအတွင်းရေးမှူး- PSLF/TNLA)

(၄- ၅- ၂၀၂၅)

“ဒီမိုကရေစီအစိုးရကို စစ်တပ်က အာဏာသိမ်းလို့ ဒီပြသာနာတွေဖြစ်နေတယ်ဆိုတာကို မြန်မာပြည်သားတွေက နားလည်ထားပေမယ့် တရုတ်ဖက်ကတော့ အိမ်နီးချင်းနိုင်ငံမှာ မတည်မငြိမ်ဖြစ်နေတယ်လို့ပဲ နားလည်ထားတယ်၊ ဒါကြောင့် မြေပြင်အခြေအနေမှန်ကို တရုတ်ဖက်က နားလည်လာအောင် ဝိုင်းပြောဖို့ လိုတယ်” လို့ တအာင်းအမျိုးသားလွတ်မြောက်ရေးတပ်မတော် PSLF/TNLA တွဲဖက် အထွေထွေအတွင်းရေးမှူး ဗိုလ်မှူးကြီး တားပန်လ ကပြောပါတယ်။

မေလ ၄ ရက် အွန်လိုင်းကနေ ကျင်းပတဲ့ စစ်ကောင်စီနဲ့ TNLA ကြားက အပစ်ရပ်ရေး ဆွေးနွေးပွဲအခြေအနေ၊ တရုတ်က ဖိအားပေးမှုအပေါ် ဘယ်လိုတုန့်ပြန်မလဲ၊ NUG, PDF အပါဝင် မဟာမိတ်တွေအပေါ် ဘယ်လိုသဘောထားသလဲ... စတဲ့အကြောင်းတွေပါဝင်တဲ့ သတင်းစာရှင်းပွဲအတွင်း သူက ဒီလို ပြောခဲ့တာပါ။

အဲဒီသတင်းစာရှင်းပွဲအတွင်း ပြောကြားချက်တွေထဲက တရုတ်နိုင်ငံရဲ့ ဖိအားပေးမှုနဲ့ မဟာမိတ်တွေအပေါ် သဘောထား အပိုင်းကို ကောက်နှုတ်ဖေါ်ပြလိုက်ပါတယ်။

(အခြား အချက်အလက်တွေကိုလည်း အပိုင်းလိုက် ဆက်လက်ကောက်နုတ် တင်ပြပါမယ်)

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Saturday, May 3, 2025

“လှိုင်းတိုရေဒီယိုနဲ့ ပုံနှိပ်မီဒီယာဖက်ကို ပြန်သွားနေရတာက မြန်မာပြည်ရဲ့ ...


“လှိုင်းတိုရေဒီယိုနဲ့ ပုံနှိပ်မီဒီယာဖက်ကို ပြန်သွားနေရတာက မြန်မာပြည်ရဲ့ ထူးခြားချက်ပဲ”

- ဦးတိုးဇော်လတ် (Independent Press Council Myanmar)

(၃-၅-၂၀၂၅)

“တိုက်ပွဲပြင်းထန်နေတဲ့နေရာတွေမှာ စစ်ကောင်စီက အင်တာနက်တွေဖြတ်၊ တယ်လီဖုန်းလိုင်းတွေဖြတ်တောက်ထားတဲ့အတွက် လှိုင်းတိုရေဒီယိုနဲ့ ပုံနှိပ်မီဒီယာတွေကို ပရိတ်သတ်က ပြန်အားကိုးနေရတဲ့အခြေအနေဟာ မြန်မာပြည်ရဲ့ နောက်ပြန်ဆုတ်နေတဲ့ ထူးခြားချက်ဖြစ်တယ်” လို့ လွတ်လပ်သောမြန်မာသတင်းမီဒီယာကောင်စီ (IPCM) အတွင်းရေးမှူး ဦးတိုးဇော်လတ်က ပြောပါတယ်။

ဒီနေ့ မေ ၃ ရက်မှာကျရောက်တဲ့ နိုင်ငံတကာ သတင်းလွတ်လပ်ခွင့်နေ့မှာ မြန်မာ့သတင်းလောကအခြေအနေ ဘယ်လိုရှိသလဲ... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက်ထဲမှာ...

- ကမ္ဘာ့သတင်းလွန်လပ်ခွင့်နေ့မှာ မြန်မာ့သတင်းလောကအခြေအနေ ဘယ်လိုရှိသလဲ... ဖမ်းဆီးခံသတင်းသမား ဘယ်လောက်ကျန်နေသေးလဲ...

- မြန်မာလူထုက သတင်းကို ဘယ် မီဒီယာတွေဆီကနေ အဓိက ရယူနေကြသလဲ... စစ်ကောင်စီ မီဒီယာလား- ဆိုရှယ်မီဒီယာလား...

- စစ်ကောင်စီမီဒီယာနဲ့ တော်လှန်ရေးမီဒီယာကြားမှာ အများပြည်သူက သတင်းမှန်ကို ဘယ်နေရာမှာ ရှာယူရမလဲ..

- လှိုင်းတိုရေဒီယိုနဲ့ ပုံနှိပ်မီဒီယာတွေ မြန်မာနိုင်ငံမှာ ပြန်ခေါင်းထောင်လာတာ ဘာကြောင့်လဲ...

- VOA, RFA ရေဒီယိုတွေ ပြန်လည်ထုတ်လွှင့်နိုင်မယ့် အလားအလာရှိသေးလား...

- ဘက်မျှပြီး သမာသမတ်ကျတဲ့ သတင်းတွေ ပရိသတ်ဆီ ပို့ပေးနိုင်ဖို့ သတင်းသမားတွေ ဘယ်လိုကြိုးစားနေကြသလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Friday, May 2, 2025

ကျာက်ကြီးက စစ်တပ်စခန်း ၆ ခု KNLA သိမ်းပိုက်... ဗန်းမော် စကခ ၂၁ ဝင်းအတွင်...


ကျောက်ကြီးမြို့နယ်က စစ်တပ်စခန်း ၆ ခု KNLA သိမ်းပိုက်... ဗန်းမော် စကခ ၂၁ ဝင်းအတွင်းပိုင်းအထိ KIA တပ်တွေ ရောက်ရှိ...နောက်ဆုံးရ တိုက်ပွဲသတင်းများ ...
၃ မေ ၂၀၂၅

ပဲခူးတိုင်း ကျောက်ကြီးမြို့နယ်ထဲက စစ်ကောင်စီစခန်း ၆ ခုကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်လိုက်ပြီး စစ်သား ၂၀ ကျော် သေ၊ လက်နက် ၃၀ နီးပါး ရရှိတယ်လို့ NUG ကာကွယ်ရေးဝန်ကြီးဌာနက သတင်းထုတ်ပြန်ပါတယ်။

ကျောက်ကြီးမြို့နယ် ကျွန်းကုန်း၊ ရင်းတိုက်ကုန်း၊ တောင်စု၊ ရန်မျိုးအောင်၊ တမာခေါရွာနဲ့ နောင် ကုန်းတံတား စခန်းတွေကို ဧပြီ ၂၈ မှာ တပြိုင် တည်း ဝင်တိုက်တာဖြစ်ပြီး စစ်ကောင်စီဘက်က ဒု-တပ်ရင်းမှူးအပါဝင် ၂၀ ကျော် သေဆုံး၊ ကျန် တပ်ဖွဲ့ဝင်တွေတွေ ဆုတ်ခွာ ထွက်ပြေးသွားတယ်လို့ ဆိုပါတယ်။

ဒါ့အပြင်...

- နတ်လင်းမြို့နယ် အရှေ့ဘက် ဒမငယ် ရွာရှိ ရဲ နဲ့ ပျူစောထီး ပူးပေါင်းခစန်းကို တော်လှန်ရေး တပ်တွေက သိမ်းပိုက်လိုက်ပြီး ရဲ ၂ ဦးသေ၊ သေနတ် ၆ လက် ရရှိ...

- ဗန်းမော်မြို့မှာ နောက်ဆုံးကျန်နေတဲ့ စကခ ၂၁ နဲ့ ခလရ ၄၇ ကို ကချင်လွတ်မြောက်ရေးတပ်မတော် (KIA) နဲ့ ပူးပေါင်းတပ်တွေက အနီးကပ် စီးနင်းတိုက်ခိုက်နေပြီး ဗဟိုကင်းအထိရောက်နေ...

- ကျောက်ဖြူကို စစ်ကူပို့လိုက်စဉ် လမ်းမှာ ပျောက်သွားတဲ့ တပ် ၉၉ က ဗိုလ်မှူးနဲ့အဖွဲ့ကို စစ်ကောင်စီတပ်က ရှာဖွေတွေ့ရှိသွားပြီး ပစ်ခတ်ရှင်းလင်း...

- နောင်ချို၊ ကျောက်မဲ၊ သီပေါ၊ မိုးကုတ်၊ မိုးမိတ် အပါအဝင် သိမ်းပိုက်ထားတဲ့ နယ်မြေတွေကနေ TNLA တပ်တွေ ပြန်ဆုတ်ပြီး ပလောင် ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ နမ့်ဆန်နဲ့ မန်တုံမြို့နယ်အတွင်းသာ နေရမယ်လို့ စစ်ကောင်စီဘက်က တောင်းဆိုတဲ့အတွက် ကူမင်း ဆွေးနွေးပွဲ ရှေ့ဆက်မရ ဖြစ်ခဲ့ရတယ်လို့ TNLA သတင်းထုတ်ပြန်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Thursday, May 1, 2025

ငဖဲမြို့နယ်တိုက်ပွဲ စစ်ကောင်စီအထိနာ ... ကျုံဒိုးက တက်လာတဲ့ စစ်ကောင်စီတပ်...


ငဖဲမြို့နယ်တိုက်ပွဲ စစ်ကောင်စီအထိနာ ... ကျုံဒိုးကတက်လာတဲ့ စစ်ကောင်စီတပ် KNLA တိုက်ခိုက်... နောက်ဆုံးရ တိုက်ပွဲသတင်းများ ...

၂ မေ ၂၀၂၅

မကွေးတိုင်း ငဖဲမြို့နယ်က နတ်ရေကန်စခန်း လုံခြုံရေးအတွက် ကင်းလှည့်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက တိုက်ခိုက်ရာမှာ ၉ ဦး သေပြီး သေနတ် ၉  လက် ရရှိတယ်လို့ CDF-Asho (ချင်း ကာကွယ်ရေးတပ်-အရှို) က သတင်းထုတ်ပြန်ပါတယ်။

ဧပြီ ၃၀ မနက် ၈ နာရီခန့်မှာ ကပစ ၁၃ က စစ်သား ၂၀ ခန့်ဟာ ပဇီ ကျေးရွာ ဘုန်းကြီးကျောင်းကနေ ထွက်လာပြီး လမ်းကင်းလုံခြုံရေးယူနေစဉ် တိုက်ခိုက်တာလို့ ဖေါ်ပြပါတယ်။

ဒါ့အပြင်...

- ဆီမီးခုံ မြို့အတွင်း ကင်းလှည့်နေတဲ့ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းစစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ရာမှာ ၂ ဦး သေပြီး သေနတ် ၂ လက် ရရှိ...

- ထန်းတပင်မြို့နယ် သပြေညွန့် စခန်းကနေ ဇရပ်ကြီးမြို့ ခလရ ၇၃ ဆီ ထွက်လာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေး တပ်တွေက ကြားဖြတ် တိုက်ရာမှာ စစ်သား ၅ ဦး သေဆုံး...

- ကျုံဒိုးမြို့ကနေ စစ်ကြောင်း ၂ ခုခွဲပြီး ကော့ကရိတ်ဘက် ထိုးလာတဲ့ စစ်ကောင်စီတပ်ကို တော်လှန်ရေးတပ်တွေက ကြားဖြတ် တိုက်ခိုက်ရာမှာ စစ်တပ်ဘက်က သေဆုံးမှုများပြီး လက်နက်ခဲယမ်းတွေ သိမ်းမိ...

- AA (အာရက္ခတပ်တော်) နဲ့ PDF (ပြည်သူ့ကာကွယ်ရေးတပ်) တွေ သိမ်းပိုက်ထားတဲ့ မကွေး၊ ပဲခူးနဲ့ ဧရာဝတီတိုင်းထဲက အရေးကြီးစခန်းနေရာတွေကို စစ်ကောင်စီဘက်က တန်ပြန် ထိုးစစ်ဆင်လာနေ...

- TNLA ထိန်းချုပ်ဒေသ နောင်ချိုမြို့နယ်၊ လုံခံ ကျေးရွာကို မေ ၁ ရက်၊ ညနေ ၇ နာရီခန့်မှာ စစ်ကောင်စီက ဂျက်ဖိုက်တာနဲ့ ဗုံး ၂ လုံး ကြဲ...

- အင်အားပြင်းငလျင်ဒဏ် ကူညီရေး လုပ်ငန်းတွေ ဆောင်ရွက် နိုင်ရေးအတွက် တစ်လတာ အပစ်အခတ် ရပ်စဲထားတာကို နောက်ထပ် တစါလ သက်တမ်းတိုးလိုက်တယ်လို့ ညီနောင် မဟာမိတ် ၃ ဖွဲ့က ကြေညာ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

“ရှမ်းမြောက်မှာ နည်းနည်းငြိမ်သွားပေမယ့် ကျန်နေရာအားလုံးမှာ တော်လှန်ရေး အ...


“ရှမ်းမြောက်မှာ နည်းနည်းငြိမ်သွားပေမယ့် ကျန်နေရာအားလုံးမှာ တော်လှန်ရေး အရှိန်မြင့်တက်လာမယ်လို့ မှန်းဆပါတယ်”

- ဦးသန်းစိုးနိုင် (စစ်ရေး - နိုင်ငံရေး ဝေဖန်သုံးသပ်သူ)

(၁- ၅- ၂၀၂၅)

“တရုတ်ဖိအားကြောင့် ရှမ်းမြောက်မှာ တော်လှန်ရေးအရှိန်နည်းနည်း ငြိမ်သွားပေမယ့် ကျန်နေရာအားလုံးမှာ တော်လှန်ရေးအရှိန် မြင့်တက်လာဖွယ်ရှိတယ်၊ တရုတ်ဖက်ကလည်း မြန်မာလူထုရဲ့ ဆန္ဒကို လေးစားအသိအမှတ်ပြုဖို့လိုတယ်” လို့ စစ်ရေး- နိုင်ငံရေး ဝေဖန်သုံးသပ်သူ ဦးသန်းစိုးနိုင်က ပြောပါတယ်။

တရုတ်ဖိအားကြောင့် လားရှိုးနဲ့ ရှမ်းမြောက်ဖက်မှာ တိုက်ပွဲတွေ ငြိမ်သွားရင် နွေဦးတော်လှန်ရေးရဲ့ အရှိန်အဟုန်ကို ထိခိုက်နိုင်သလား... စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက ဒီလိုဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- PDF တွေရဲ့ တိုက်ခိုက်ရေးစွမ်းရည်ဟာ ပြောက်ကြားစစ်ကနေ ချေမှုန်းရေးစစ်ပွဲအဆင့်ထိ တက်လာနေပြီလား...

- KNU ရဲ့ စစ်တောင်းမြစ်ဝှမ်းလှုပ်ရှားမှုက နွေဦးတော်လှန်ရေးအတွက် ဘယ်လိုအရေးပါသလဲ...

- AA နဲ့ NUG ကြားမှာ ဒီထက်မက ပူးပေါင်းဆောင်ရွက်မှု တိုးမြှင့်နိုင်မလား...

- တရုတ်အစိုးရက နွေဦးတော်လှန်ရေးကို ထောက်ခံအားပေးလာအောင် ဘယ်လို စည်းရုံးဆောင်ရွက်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

#BNN သတင်း အင်တာဗျူး youtube ချယ်နယ်
⁦https://www.youtube.com/c/BurmaNewsNetwork⁩ ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။

Update သတင်း ဗီဒီယိုကလစ်များကို ⁦https://t.me/burmanewsnetwork⁩ မှာလည်း ကြည့်ရှုနိုင်ပါသည်။

Share

Twitter Delicious Facebook Digg Stumbleupon Favorites More