Thursday, June 20, 2024

ရေဖြူမြို့နယ် တိုက်ပွဲ စစ်ကောင်စီ အကျအဆုံးများ... TNLA နယ်မြေကို စစ်တပ်က...


ရေဖြူမြို့နယ် တိုက်ပွဲ စစ်ကောင်စီ အကျအဆုံးများ... TNLA နယ်မြေကို စစ်တပ်က ဆက်တိုက် ဗုံးကြဲနေ... နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၂၁- ၆- ၂၀၂၄)

တနင်္သာတိုင်း၊ ရေဖြူမြို့နယ်၊ မျောက်ချော ကျေးရွာအနီး စစ်ကောင်စီနဲ့ တော်လှန်ရေးတပ်တွေကြား ဇွန် ၁၉ က တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က ၃၀ ခန့် သေဆုံးတယ်လို့ ဒေသတွင်းမီဒီယာ တနင်္သာရီတိုင်းမ်က ဖော်ပြပါတယ်။

မနက် ၈ နာရီကနေ ညနေ ၃ နာရီအထိ ၇ နာရီကြာ တိုက်ပွဲဖြစ်ရာမှာ စစ်ကောင်စီဘက်က စစ်သားတွေဟာ မူးယစ်ဆေး သုံးထားတဲ့ လက္ခဏာ တွေ့ရပြီး ပစ်ခတ်နေတဲ့ကြားက ထိုးတက်လာလို့ အခုလို အကျအဆုံးများတာလို့ MSRF (မွန် ပြည်တော်လှန်ရေးတပ်) တာဝန်ရှိသူတဦး ပြောတာကို ကိုးကားဖော်ပြပါတယ်။

ရားဖူး၊ မျောက်ချောဘက်မှာ ဖြစ်နေတဲ့ တိုက်ပွဲတွေဟာ ပြင်းထန်ပြီး စစ်ကောင်စီဘက်က လေကြောင်းပစ်ကူ သုံးနေရပါတယ်။ တော်လှန်ရေးတပ်တွေဘက်က ဒီတိုက်ပွဲတွေအကြောင်း သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။ 

ပြီးခဲ့တဲ့ သီတင်းပတ်အတွင်း ထုတ်ပြန်ချက်ထဲမှာတော့ ရေး-ထားဝယ် ကားလမ်းပိုင်းကို စစ်တပ်က ပြန်ထိန်းချုပ်ဖို့ ကြိုးစားနေပြီး တိုက်ပွဲကြီးတွေ ဖြစ်လာနိုင်လို့ ဒီလမ်းကို အသုံးမပြုဘဲ ရှောင်ကြဖို့ တော်လှန်ရေးတပ်တွေက သတိပေးထားပါတယ်။

ဒီစစ်ဆင်ရေးမှာ MSRF (မွန်ပြည်တော်လှန်ရေးတပ်)၊ PDF - ဒေါနစစ်ကြောင်း၊ ABSDF တပ်ရင်း ၁၊ ကံပေါက် ပြည်သူ့ကာကွယ်ရေးတပ်နဲ့ မဟာမိတ်ပူးပေါင်းတပ်တွေ ပါဝင်တယ်လို့ ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်၊ ကဇုကိုင်း ကျေးရွာအုပ်စု၊ သဲကမ်းထောင်း ကျေးရွာကို စစ်ကောင်စီတပ်က လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် ကလေးငယ်တဦး အပါအဝင် ၃ ဦး သေဆုံးပြီး ၂ ဦး ဒဏ်ရာရ...

- မန္တလေးကနေ မုံရွာမြို့ဘက် ထွက်လာတဲ့ လက်နက် ရိက္ခာသယ် စစ်ကောင်စီ ယာဉ်တန်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်သား ၄ ဦး သေဆုံးပြီး တွဲကား ၃ စီး ပျက်စီး...

- ကချင်ပြည်နယ်၊ ဝိုင်းမော်-ဝါရှောင် လမ်းပိုင်းမှာ စစ်ကောင်စီတပ်နဲ့ KIA (ကချင်လွတ်လပ်ရေးတပ်မတော်) တိုက်ပွဲဖြစ်ပြီး စစ်ကောင်စီဘက်က အကျအဆုံး များနေ...

- ရှမ်းမြောက်ဒေသ အပစ်ရပ်နယ်မြေရှိ မိုးကုတ်မြို့နယ်၊ ဟိုဝိတ် ကျေးရွာကို စစ်ကောင်စီက လေယာဉ်နဲ့ ဗုံးကြဲတဲ့အတွက် အရပ်သားတဦး ထိခိုက်ပြီး ဘုန်းကြီးကျောင်းနဲ့ နေအိမ်တွေ ပျက်စီး... 

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More