Friday, June 14, 2024

မောင်တောက နယ်ခြားစောင့် တပ်စခန်း ၄ ခု AA သိမ်းပိုက်... တနသာၤရီမြစ်ဘေးက အ...


မောင်တောမြို့နယ်က နယ်ခြားစောင့် တပ်စခန်း ၄ ခုကို AA သိမ်းပိုက်... တနသာၤရီမြစ်ဘေးက အောင်သာဝရ စခန်းကို KNLA သိမ်းပိုက်... နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၁၅- ၆- ၂၀၂၄)

ရခိုင်ပြည်နယ်၊ မောင်တောမြို့နယ်ရှိ “မောရဝတီဗျူဟာ” စခန်း အပါအဝင် စစ်တပ်နဲ့ နယ်ခြားစောင့် ရဲစခန်း ၄ ခုကို ဒီလ ဒုတိယပတ်အတွင်း သိမ်းပိုက်လိုက်ပြီး မောရဝတီ ဗျူဟာမှူး ဗိုလ်မှူးကြီး တေဇာဌေး အပါအဝင် စစ်ကောင်စီတပ်ဖွဲ့ဝင် ၂၀၀ ကျော်ကို ချေမှုန်းနိုင်ခဲ့တယ်လို့ AA (အာရက္ခတပ်တော်) က သတင်းထုတ်ပြန်ပါတယ်။

အဲဒီစခန်း ၄ ခုကတော့ နခခ (၄) တပ်ရင်းဌာနချုပ်၊ အလယ်သံကျော်စခန်း၊ မောရဝတီဗျူဟာနဲ့ နခေါင်းတိုစခန်းတို့ဖြစ်တယ်လို့ ဖေါ်ပြပါတယ်။ ပြီးခဲ့တဲ့ ဇွန် ပထမ သီတင်းပတ်အတွင်း အရေးကြီး စစ်တပ်စခန်း၊ နယ်ခြားစောင့်တပ်စခန်း ၆ ခုကို သိမ်းပိုက်ပြီးတဲ့နောက် ဒုတိယ သီတင်း ပတ်မှာ နောက်ထပ် ၄ ခုကို သိမ်းလိုက်တာလည်းဖြစ်ပါတယ်။

မောင်တောအပြင် အမ်းမြို့နယ်နဲ့ သံတွဲ မြို့နယ်မှာလည်း တိုက်ပွဲပြင်းထန်နေပြီး တောင်ကုတ်မြို့နဲ့ ၈ မိုင်အကွာရှိ တောင်ကုတ်-အမ်း ကားလမ်းမပေါ်က “ရွှေကွမ်းစမ်း တံတား” ကို စစ်ကောင်စီက မိုင်းခွဲဖျက်ဆီးလိုက်တယ်လို့လည်း ဖော်ပြပါတယ်။

တိုက်ပွဲတွေမှာ စစ်ကောင်စီဘက်က အကျအဆုံးများတဲ့အပြင် လက်ရ ဖမ်းမိတာတွေရှိပြီး လက်နက်ခဲယမ်းတွေ အမြောက်အမြား သိမ်းဆည်းရမိတယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

ဒ့ါအပြင်....

- ထားဝယ်နဲ့ ပုလောမြို့နယ်အစပ် တနင်္သာရီ မြစ်ဘေးရှိ အောင်သာဝရ စစ်ကောင်စီ အခြေချစခန်းကို KNLA နဲ့ PDF ပူးပေါင်းတပ်တွေက သိမ်းပိုက်...

- ဝိုင်းမော်-ချီဖွေ လမ်းပေါ် ရှိ ဆနီးခူ ကျေးရွာက စစ်တပ်၊ ပြည်သူ့စစ်နဲ့ နယ်ခြားစောင့်တပ်တွေရဲ့ စုပေါင်းစခန်း ၂ ခုကို KIA က သိမ်းပိုက်...

- မင်းကင်းမြို့နယ်၊ ကံ ကျေးရွာရှိ စစ်ကောင်စီနဲ့ ပျူစောထီး ပူးပေါင်းတပ်စခန်းကို တော်လှန်ရေးတပ်တွေက ဝင်တိုက်ပြီး လက်နက်ခဲယမ်းအချို့သိမ်းမိ...

- ချင်းပြည်နယ်၊ မတူပီမြို့မှာ ‘ချင်းညီနောင်’ စစ်ဆင်ရေး (Operation CB) စတင်နေပြီလို့ ချင်းညီနောင်အဖွဲ့က သတင်းထုတ်ပြန်...

- အပစ်ရပ်နယ်မြေအတွင်းရှိ မြို့ရွာတွေရဲ့ လမ်းတွေကို တူူးဖြိုပိတ်ဆို့တာ၊ ဗုံးကြဲ၊ လက်နက်ကြီးနဲ့ပစ်တာတွေဟာ တရုတ်ရဲ့ ကြားဝင်မှုအရ ရရှိထားတဲ့ ဟိုဂင်သဘောတူညီချက်ကို စစ်ကောင်စီဖက်က ချိုးဖောက်နေတာဖြစ်တယ်လို့ TNLA က တရားဝင်ပြောဆို ကန့်ကွက်...

- KNDF - (ကရင်နီအမျိုးသားများကာကွယ်ရေးတပ်)၊ တပ်ရင်း ၅၊ အမျိုးသမီးတပ်ခွဲ၊ ဖွဲ့စည်းခြင်း ၂ နှစ်ပြည့် အခမ်းအနားကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More