Monday, June 10, 2024

“ကုန်သည်တွေကို ဖမ်းတယ်ဆိုတာ ပြည့်ဝမ်းကို ဖောက်တာပဲ”


“ကုန်သည်တွေကို ဖမ်းတယ်ဆိုတာ ပြည့်ဝမ်းကို ဖောက်တာပဲ”

- ဦးစိန်ဌေး (စီးပွားရေး ဆန်းစစ်ဝေဖန်သူ)

(၁၀ - ၆- ၂၀၂၄)

“ကုန်သည်တွေကို ဖမ်းတယ်ဆိုတာ ပြည့်ဝမ်းကို ဖောက်တာပဲ၊ မြိုနေလူတန်းစား၊ လူချမ်းသာတွေကိုပါ ပစ်မှတ်ထားတိုက်ခိုက်လာတဲ့အတွက် အခြေအနေတွေ ပိုဆိုးလာဖို့ပဲရှိတယ်၊ ဘဏ်အကျပ်အတည်းတောင် ထပ်ဆိုက်လာနိုင်တယ်” လို့ စီးပွားရေးပညာရှင် ဦးစိန်ဌေးက သတိပေးပါတယ်။

ကုန်ဈေးနှုန်းကျအောင်ဆိုပြီး လူဖမ်းပွဲလုပ်နေတဲ့အခြေအနေ၊ မြန်မာ့စီးပွားရေး တစုံတရာတိုးတက်လာအောင် ဘယ်လိုများအကြံပြုချင်သလဲ...  စသဖြင့် BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားတာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- တောနေလူတန်းစားအပြင် မြို့နေလူတန်းစား ကုန်သည်တွေ၊ ခရိုနီတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်လာတာ ဘာကြောင့်လဲ...

- ဘဏ်အကျပ်အတည်း နောက်တကြိမ်ထပ်ဖြစ်ဖို့ နီးလာနေပြီလား...

- စကစ ကို အကြံပြုချက်ပေးလို့မရရင် ဘာဆက်လုပ်ကြမလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More