Saturday, June 1, 2024

“စစ်ရှုံးစစ်တပ်ကို ဆက်ပြီး ဖက်တွယ်နေမလား... ပြည်သူနဲ့ အမြန်ပူးပေါင်းမလား”


“စစ်ရှုံးစစ်တပ်ကို ဆက်ပြီး ဖက်တွယ်နေမလား... ပြည်သူနဲ့ အမြန်ပူးပေါင်းမလား”

- ဗိုလ်ကြီးဟောင်း နေမျိုးဇင် (ဘက်ပြောင်းရေးအစီအမံကော်မီတီ - IEC )

(၁- ၆- ၂၀၂၄)

“စစ်ရှုံးစစ်တပ်ကို ဆက်ပြီး ဖက်တွယ်နေမလား၊ ပြည်သူနဲ့ အမြန်ပူးပေါင်းမလား ဆိုတာကို ဒီနေ့ တပ်မတော်သားတွေ အမြန်ဆုံးရွေးချယ် ဆုံးဖြတ်ချက်ချဖို့ လိုအပ်နေပြီဖြစ်တယ်” လို့ ကရင်နီပြည်ကြားကာလအုပ်ချုပ်ရေးကောင်စီ ဘက်ပြောင်းရေးအစီအမံကော်မီတီ
ညွှန်ကြားရေးမှူး ဗိုလ်ကြီးဟောင်းနေမျိုးဇင်က ပြောပါတယ်။

ပြည်တွင်းမှာလည်း စစ်ရှုံး၊ နိုင်ငံတကာရဲ့အသိအမှတ်ပြုမှုလည်းမရဖြစ်နေတဲ့ စစ်ကောင်စီဥက္ကဌက လမ်းကြောင်းသစ်မရှာပဲ ဘာကြောင့်ရှံးမဲ မဲနေတယ်ထင်သလဲ...ဆိုပြီး BNN သတင်းဌာနက ဦးထက်အောင်ကျော် မေးမြန်းစဉ် သူက အဲဒီလို ဖြေကြားခဲ့တာပါ။

အခု ထုတ်လွှင့်မယ့် မေးမြန်းချက် ဒုတိယ ပိုင်းမှာ...

- တပ်ရင်း ၅၀၀ ကျော်ထဲက တပ်ရင်း ၆၀ နီးပါး လုံး၀ ပြုတ်ထွက်သွားတာ ဘာကြောင့်လဲ...

- ရှေ့တန်းတပ်တွေကို လက်နက်ချရေး၊ ပြည်သူနဲ့ ပူးပေါင်းရေး တရားဟောစည်းရုံးတာ အလုပ်ဖြစ်ရဲ့လား...

- စစ်ရှုံးစစ်ကောင်စီက လမ်းကြောင်းသစ်မရှာပဲ ဘာကြောင့် ရှုံးမဲ မဲနေတာလဲ...

- ဒီလို အကျပ်အတည်းကာလမှာ တပ်မတော်သားတွေ ဘာဆက်လုပ်သင့်သလဲ...

... စတဲ့ အကြောင်းအရာတွေကို ဆွေးနွေးတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More