Sunday, June 16, 2024

မောင်တောမြို့က ပြည်သူတွေ အမြန်ဆုံးထွက်ခွာဖို့ AA သတိပေး ... မတူပီမှာ တို...


မောင်တောမြို့က ပြည်သူတွေ အမြန်ဆုံးထွက်ခွာဖို့ AA သတိပေး ... မတူပီမှာ တိုက်ပွဲပြင်းထန်... နောက်ဆုံးရ တော်လှန်ရေးသတင်းများ

(၁၇- ၆- ၂၀၂၄)

ရခိုင်ပြည်နယ်၊ မောင်တောမြို့မှာ စစ်ကောင်စီက မြို့တွင်းတိုက်ပွဲလုပ်ဖို့ ပြင်ထားတဲ့အတွက် တိုက်ပွဲအတွင်း လူထုတွေ ပိတ်မိမနေဖို့ မြို့ခံတွေအားလုံး ဇွန် ၁၆ ရက်၊ ည ၉ နာရီက စတင်ပြီး မြို့ကနေ အမြန်ဆုံး ထွက်ခွာကြဖို့ AA (အာရက္ခတပ်တော်)၊ ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်က သတင်းထုတ်ပြန်ပါတယ်။

မောင်တောမြို့နယ်ရှိ စစ်ကောင်စီ စခန်းများအားလုံးနီးပါးကို အာရက္ခတပ်တော်က သိမ်းပိုက်ပြီးတဲ့နောက် စစ်ကောင်စီက မောင်တောမြို့ကို စစ်စခန်းသဖွယ် အသုံးပြုပြီး ခုခံဖို့ ပြင်နေတာ တွေ့ရတယ် … လမ်းမတွေ၊ နေအိမ်တွေပေါ်မှာ နေရယူပြီး စနိုက်ပါ လက်ဖြောင့်သေနတ်နဲ့ ပစ်ဖို့ပြင်နေတာတွေ တွေ့ရတဲ့အတွက် စစ်တပ်နဲ့ ဝေးရာဆီ လူထုက အမြန် ရှောင်ဖို့ လိုတယ်လို့ ဖော်ပြပါတယ်။

မောင်တောမှာ နောက်ဆုံး ကျန်နေတဲ့ စစ်တပ် စခန်းတွေကို AA (အာရက္ခတပ်တော်) က ထိုးစစ်ဆင်တော့မှာဖြစ်တဲ့အတွက် အခုလို အရေးပေါ် သတိပေးချက် ထုတ်ပြန်ရတာဖြစ် တယ်လို့  ဖော်ပြထားပါတယ်။

ဒါ့အပြင်...

- တောင်ကုတ်မှာ စစ်ကောင်စီနဲ့ AA (အာရက္ခတပ်တော်) တိုက်ပွဲဖြစ်နေပြီး စစ်ကောင်စီဘက်က အကျအဆုံး များနေ...

- မတူပီမြို့မှာ ဇွန် ၉ ရက်က စတင်လိုက်တဲ့ ချင်းညီနောင် စစ်ဆင်ရေးမှာ ရဲစခန်းနဲ့ ထွေ-အုပ်ရုံး အပါအဝင် မြို့တွင်းက အရေးကြီးနေရာ အတော်များများကို တော်လှန်ရေးတပ်တွေက သိမ်းပိုက်ထား...

- ပခုက္ကူမြို့နယ်၊ ရေလာလေး ရွာရှိ ပျူစောထီး စခန်းကို တော်လှန်ရေးတပ်တွေက ဒရုန်းနဲ့ ဗုံးကြဲ၊ မြေပြင်ကနေ ဝင်တိုက်ခိုက်တဲ့အတွက် စစ်သားနဲ့ ပျူစာထီးတွေ သေဆုံးမှုရှိ...

- ထားဝယ်မြို့၊ အိမ်ရှေ့ပြင် ရပ်ကွက်အနီး အသစ်ဆောက်ထားတဲ့ စစ်တပ် စစ်ဆေးရေးဂိတ်ကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More