Sunday, June 9, 2024

ရေး-ထားဝယ်ကားလမ်းအနီး တိုက်ပွဲဖြစ်... တီးတိန်က မံဆောင်း- တံတားကို စစ်တပ်...


ရေး-ထားဝယ်ကားလမ်းအနီး တိုက်ပွဲဖြစ်... တီးတိန်က မံဆောင်း- တံတားကို စစ်တပ်က ဗုံးခွဲဖျက်ဆီး... နောက်ဆုံးရ တော်လှန်သတင်းများ

(၁၀- ၆- ၂၀၂၄)

တနင်္သာရီတိုင်း၊ ထားဝယ်ခရိုင်၊ ရေဖြူမြိုနယ်၊ ရာဖူးရွာသစ်ကို စစ်ကောင်စီရဲ့ မောရဝတီ ရေတပ်ဌာနချုပ်က လက်နက်ကြီးနဲ့ပစ်တဲ့အတွက် ကလေးငယ်တဦးအပါဝင် အရပ်သား ၄ ဦးသေဆုံးတယ်လို့ ဒေါနစစ်ကြောင်းက သတင်းထုတ်ပြန်ပါတယ်။

ဇွန်လ ၉ ရက်၊ မနက် ၁၀ နာရီကနေ နေ့လယ် ၂ နာအတွင်း အခုလို ပစ်ခတ်တာဖြစ်ပြီး နေအိမ်ပေါ်ကျရောက်ကာ အိမ်မီးလောင်၊ လူသေဆုံးဖြစ်ခဲ့ရတာလို့ဆိုပါတယ်။

အဲဒီနောက် မွန်းလွဲ ၃ နာရီခန့်မှာတော့ စစ်ကောင်စီ စစ်ကြောင်းတခု သာယာမွန်ကျေးရွာအတွင်းရောက်လာပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်တယ်။ စစ်ကောင်စီဖက်က ၆ ဦးသေ၊ ၆ ဦးဒဏ်ရာရတယ်လို့ ဖေါ်ပြပါတယ်။

ဒီတိုက်ပွဲမှာပါဝင်တဲ့ တော်လှန်ရေးတပ်တွေကတော့ PDF ဒေါနစစ်ကြောင်း၊ MSRF (မွန်ပြည်တော်လှန်ရေးတပ်)၊ NMSP-AD၊ (မွန်ပြည်သစ်ပါတီ စစ်အာဏာရှင်တော်လှန်ရေးအဖွဲ့) KTLA
Saw Dragon Drone Force (ဒရုန်းအထူးတပ်ဖွဲ့) တို့ဖြစ်တယ်လို့ ဖေါ်ပြထားပါတယ်

တချိန်တည်းမှာပဲ ရေး/ထားဝယ်လမ်းပိုင်းကို စစ်ကောင်စီတပ်က ထိုးစစ်ဆင်ဖို့ပြင်ဆင်နေတဲ့အတွက် မကြာခင်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေပြင်းထန်လာနိုင်တယ်။ ဒါကြောင့် ဇွန်လ၊ ၉ ရက်နေ့ကပြီး ဒီလမ်းကြောင်းကို အသုံးမပြုပဲ ရှောင်ကြဖို့လည်း ဒေါနစစ်ကြောင်းနဲ့ တပ်ပေါင်းစုက အများပြည်သူသို့ သတိပေးချက် ထုတ်ပြန်ထားတာတွေ့ရပါတယ်။

ဒါ့အပြင်...

- ထားဝယ်မြို့နယ်၊ အရှေ့တောဒေသကနေ ပြန်ထွက်လာတဲ့ စစ်ကောင်စီ စစ်ကြောင်းကို တော်လှန်ရေးတပ်တွေက ကြားဖြတ်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုရှိ...

- မုံရွာမြို့နယ်၊ ညောင်ဖြူပင် ရဲစခန်းကို တော်လှန်ရေးတပ်တွေက ဝင်ရောက်တိုက်ခိုက်တဲ့အတွက် စစ်ကောင်စီဖက်က ထိခိုက်သေဆုံးမှုရှိနိုင်...

- တီးတိန်မြို့နဲ့ ရိဒ်မြို့အကြားရှိ မံဆောင်း- မဏိပူရမြစ်ကူးတံတားကို စစ်ကောင်စီက ဗုံးခွဲဖျက်ဆီးလိုက်တဲ့အတွက် ဒေသခံတွေ သွားလာရေး အခက်တွေ့နေ...

- စစ်ကောင်စီရဲ့ နောက်ဆုံးခံတပ်၊ နေပြည်တော်အနီး စစ်ရေးလှုပ်ရှားနိုင်ဖို့အတွက် အမှတ် ( ၈ ) ဗျုဟာကို တိုးချဲ့ဖွဲ့စည်းလိုက်တယ်လို့ KNDF - က သတင်းထုတ်ပြန်...

- (PDF) အမှတ် (၁၀၀၇) တပ်ရင်း၊ မိုးဗြဲပြည်သူ့ကာကွယ်ရေးတပ် (၂) နှစ်ပြည့် အခမ်းအနားနဲ့ ပဲခူးတိုင်း ပကဖ လက်နက်တပ်ဆင်ပွဲ အခမ်းအနားတွေ ကျင်းပ...

... စတဲ့ သတင်းတွေကို စုစည်းတင်ပြထားပါတယ်။

(သတင်းနှင့် အင်တာဗျူးများ ကြည့်ပြီးပါက ဤ youtube ချယ်နယ်ကို Subscribe
လုပ်ရန် တိုက်တွန်းပါသည်။ https://www.youtube.com/c/BurmaNewsNetwork)

0 comments:

Post a Comment

Share

Twitter Delicious Facebook Digg Stumbleupon Favorites More